အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
သိပ္ပံမောင်ဝ
စာကြောင်း ၂၉ -
[[ဂျီစီဘီအေ]] မြန်မာအသင်းချုပ်ကြီး၏ ဥက္ကဋ္ဌ [[ချစ်လှိုင်|ဦးချစ်လှိုင်၏]] ဖခင် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်းက ကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။
 
[[ခေတ်စမ်းစာပေ]]ကို ဦးဆောင်ခဲ့သူ [[သိပ္ပံမောင်ဝ]] သည် ၁၉၂ဝ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းမှ မြန်မာဘာသာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ သိပ္ပံမောင်ဝ သည် ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းကြီးတွင် ပညာ သင်ကြားကာ နေသည့်အတွင်း၌လည်း မြန်မာဘာသာကို အထူးလေ့လာလျက် ဝါသနာအလျောက် "ဝဇီရာတင့်" ဟူသော အမည်နှင့် မြန်မာသတင်းစာများတွင် ဆောင်းပါးများ ရေးသား ထည့်သွင်းခြင်း ပြုလေ့ ရှိခဲ့သည်။ ထို့ပြင် ခေတ်စမ်း ကဗျာများရေးသားသူ [[ကုသ၊ စာရေးဆရာ|စာရေးဆရာ ကုသ]] သည် ၁၉၂၇ တွင် ရှင်မဟာဗုဒ္ဓဃောသကျောင်းမှ ဆယ်တန်း စာမေးပွဲ အောင်ခဲ့သည်။
 
၁၉၂၉ ခုနှစ်တွင် အိန္ဒိယ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမ [[ဂန္ဓီ၊ မဟတ္တမ|ဂန္ဒီ]] သည် [[ခွဲရေးတွဲရေး]] (ထိုစဉ်က မြန်မာပြည်သည် ဗြိတိသျှအိန္ဒိယပြည်၏ ပြည်နယ်တခုသာ ဖြစ်ခဲ့သည်) ကိစ္စအတွက် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းတွင် ကျင်းပသော ညီလာခံ၌ မြန်မာလူထုနှင့် တွေ့ဆုံ ခဲ့သည်။<ref>N. R. Phatak (1968). ''Source Material for a History of the Freedom Movement in India: pt. 1. Mahatma Gandhi (1915-1922)''. Government Central Press, India. p. 423.</ref>