မြစ်ဝါမြစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၄ -
မြစ်ဝါမြစ်ဝှမ်းဒေသသည် [[တရုတ်ယဉ်ကျေးမှု]] အစပျိုးရာ ဒေသဖြစ်ပြီး ခေတ်ဦး[[တရုတ်သမိုင်း]]တွင် စည်ပင်ထွန်းကားသည့် ဒေသတစ်ခုဖြစ်သည်။ မြစ်ရေတွင် အနည်များကာ ဝါကျင်ကျင် အရောင်ရှိသောကြောင့်လည်း မြစ်ဝါမြစ်ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ မြစ်အောက်ပိုင်းတွင် အနည်ကျကာ မြစ်ကြမ်းပြင် မြင့်တက်လာမှုကြောင့် မကြာခဏဆိုသလို ရေကြီးမှု၊ ရေလွှမ်းမှုများကြောင့် ပျက်စီးဆုံးရှုံးများ ဖြစ်စေသည်။
 
တရုပ်ပြည်၏ မြစ်ကြီးတစ်စင်းဖြစ်သော မြစ်ဝါမြစ်သည် နွေဦးကာလတွင် ရေခဲတောင်များမှ အရည်ပျော်ကျမှုကြောင့် မြစ်တစ်လျှောက် ရေများလျှံတက်ကာ မြစ်ဝါမြစ်ဆိုသည့် အမည်နှင့်လိုက်အောင် မြစ်ထဲသို့ ရွှံ့နှင့်သဲများ ရောနှောနေသော ဝါကျင်ကျင်မြစ်ရေများသည် မြစ်ကြာင်းတစ်လျှောက် အရှိန်အဟုန်ဖြင့် စီးဆင်း၍ တောတောင်များကို တွန်းဖြိုနိုင်လောက်အောင်၊ ပင်လယ်သမုဒ္ဒရာကိုပါ ပြောင်းပြန်လှန်ပစ်ပြောင်းပြန်လှန်ပစ်နိုင်လောက်အောင် ဧရာမပေါင်းအိုးကြီးထဲမှ ရေများ ပွက်ပွက်ဆူနေသကဲ့သို့ သဘာဝရဲ့ အံ့ဩခမ်းနားဖွယ် မြစ်ဝါမြစ် မြင်ကွင်းများကို တွေ့ရှိရမှာ ဖြစ်သည်။
 
အဆိုပါ မြစ်ဝါမြစ်သည် တရုတ်နိုင်ငံ၏ ဖြစ်တည်မှုသမိုင်းကြောင်းအတွက် မရှိမဖြစ်လိုအပ်သော မြစ်တစ်ခု ဖြစ်သည့်ပြင် သမိုင်းတစ်လျှောက် သဘာဝဘေး အန္တရာယ်အများဆုံး၊ လူအသေအပျောက်အများဆုံး မြစ်တစ်စင်းလည်း ဖြစ်သည်။
 
== ကိုးကား ==