အာရပ်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

Translating from English Wikipedia
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာကြောင်း ၁၁ -
 
ဂနၴဝင် အာရပ် စကားသည် မူစလင် သန်း ၁၈၀၀ တို့၏ ဘာသာရေး စာပေ ဖြစ်ပြီး၊ ခေတ်သစ် စံပြု အာရပ် စကားသည် ကုလ သမဂ္ဂ၏ ရုံးသုံး ဘာသာစကား ၆ခု ထဲတွင် ပါဝင်သည်။ မျိုးကွဲ အာရပ်စကားများ စုပေါင်း၍ ပြောဆိုသုံးစွဲသူ အရေအတွက် သည် အာရပ် ကမ်ဘာတွင် ၄၂၂သန်း ရှိပြီး၊ ကမ်ဘာ့ ပဉ္စမမြောက် လူသုံးအများဆုံး ဘာသာစကား ဖြစ်သည်။ အာရပ် စကားကို ယာမှ ဝဲသို့ အတ်ဘ်ဂျတ်ဒ် (abjad) ရေးထုံး (script) တစ်ခုဖြစ်သော အာရပ် အက္ခရာ (alphabet) ဖြင့် ရေးသားသည်။ မျိုးကွဲ စကားများကိုတော့ စံသတ်မှတ်ထားခြင်း မရှိပဲ ယာမှ ဝဲသို့ လက်တင် (Latin) အက္ခရာဖြင့် ရေးသည်။
 
အမျိုးအစား ခွဲခြားခြင်း
 
အာရပ် ဘာသာစကားသည် ဗဟို ဆီမိုက်တစ် ဘာသာစကား တစ်ခုဖြစ်ပြီး၊ အနောက်မြောက် ဆီမိုက်တစ် ဘာသာစကားများ ( အရာမစ် (Aramaic) ၊ ဟီဘရူး (Hebrew) ၊ ယူဂါရိုက်တစ် (Ugaritic) ၊ ဖီနစ်ရှန် (Phoenician) ) ရှေးဟောင်း တောင်ပိုင်း အာရေးဘီးယား ဘာသာစကားများ၊ ဒါဒါနိုက်တစ် (Dadanitic) ကဲ့သို့သော အခြား အာရေးဘီးယား ဆီမိုက်တစ် ဘာသာစကားများနှင့် နီးကပ်စွာ ဆက်နွယ်လျက် ရှိသည်။ ဆီမိုက်တစ် ဘာသာစကားများသည် အကြို ဆီမိုက်တစ် (Proto-Semitic) အဆင့် မှ ဗဟို ဆီမိုက်တစ် ဘာသာစကား အဆင့်သို့ ပြောင်းလဲရာတွင် သဒ္ဒါပိုင်းတွင် သိသာ ထင်ရှားခဲ့သည်။
 
ဂနၴဝင် အာရပ် ဘာသာစကား၊ ခေတ်သစ် အာရပ် မျိုးကွဲများ၊ နှင့် ဆဖိုက်တစ် (Safaitic) နှင့် ဟစ္စမစ် (Haismic) ထွင်းစာလုံး များ (inscription) ၎င်းတို့ အားလုံးတွင် တူညီသည့် အချက်များ ရှိကြသည်။ ထို တူညီချက်များသည် ဒါဒါနိုက်တစ် နှင့် ဟီဂျက်ဇ် (Hejaz) မြောက်ပိုင်း မှ တေမာနိုက်တစ် (Taymanitic) စကားများ ကဲ့သို့သော အခြား ဗဟို ဆီမိုက်တစ် စကားများတွင် မတွေ့ရချေ။ ၎င်းတူညီချက်များ ကြောင့်ပင် အာရပ် ဘာသာစကား သည် ဘိုးဘေး ဘာသာစကား ဖြစ်သော အကြို အာရပ် (Proto - Arabic) စကားမှ ဆင်းသက်လာဖွယ် ရှိသည်ဟု ယူဆရသည်။
 
[[Category:အာရပ်ဘာသာစကား]]