မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

Added photos
စာကြောင်း ၁၆၄ -
[[ကိုလိုနီခေတ်]]တွင် မော်လမြိုင်မြို့၌ အင်္ဂလိပ်-ဗမာ လူမျိုးစပ်များဖြင့် ပြည့်နှက်နေပြီး ထို အင်္ဂလိပ်-မြန်မာအဖွဲ့အစည်းများ အများအပြား ရှိနေမှုကြောင့် Little-England အင်္ဂလိပ်နိုင်ငံငယ်ဟူ၍ပင် အမည်တွင်ခဲ့ရလေသည်။ ထိုသူတို့သည် ရော်ဘာစိုက်ပျိုးရေးအတွက် မအားရအောင်ပင် ဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယနေ့ခေတ်တွင်မူ ထိုသူတို့သည် မရှိသလောက်ပင် ရှားပါးသွားပြီဖြစ်သည်။
 
မော်လမြိုင်မြို့သည် (မြူနီစီပယ်နယ်နမိတ်နှင့် ရေဝန်ဆိပ်ကမ်းအပါအသင်) ၂၁ စတုရန်းမိုင် ကျယ်ဝန်း၏။ မြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၇၄ ခုနှစ်ကစ၍ တည်ထောင်ကာ မြို့၏ စည်ပင်သာယာမှုကို စီမံအုပ်ချုပ်သည်။ မြို့၏ အရှေ့တောင်တန်းတလျှောက်တွင် [[ကျိုက်သံလန်စေတီ|ကျိုက်သလ္လံစေတီတော်]]၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင်စေတီတော်တို့ရှိကြသည်။ မြို့လယ်တွင်ကား ကျိုက်သုတ်စေတီရှိသည်။ ယင်းတောင်တန်းတလျှောက်နှင့် မြို့တွင်းမြို့ပတွင် ဘုန်းကြီးကျောင်း အများအပြား ရှိသည့်အပြင် ပရိယတ္တိစာသင်တိုက်ကြီးများလည်း ရှိသည်။ မော်လမြိုင်မြို့ တောင်ဖက် ၄ မိုင်အကွာရှိ တောင်ဝိုင်းတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ်အဖွဲ့မှ ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ၍ ပြုလုပ်ခဲ့ရာ ၁၉၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအချိန်မှစ၍ မြို့သို့ ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သောကြောင့် နှစ်စဉ်နွေဥတုတွင် ဖြစ်တတ်သော ဝမ်းရောဂါဘေးမှ ကင်းလွတ်ကြရလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
[[File:Mawlamyine Prison.jpg|thumb|မော်လမြိုင်ထောင်]]
 
ဗြိတိသျှအစိုးရပိုင်အထက်တန်းကျောင်း ၂ကျောင်းရှိသည့်ပြင် [[အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်|ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း]]၊ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်းနှင့် နိုင်ငံခြားသာသနာပြု အထက်တန်းကျောင်းများ အတော်များ⁠များရှိသည်။ မူလတန်းနှင့် အလယ်တန်းကျောင်းများလည်းရှိ၏။ တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ မြူနီစီပယ်ရုံးကြီး၊ နာရီစင်၊ အကျဉ်းထောင်၊ အမေရိကန်သာသနာပြုဆေးရုံ''(Ellen Mitchell Hospital)''၊ ဗြိတိသျှအစိုးရပိုင်ဆေးရုံကြီး၊ ဗဟိုစာတိုက်ကြီးနှင့် စာတိုက်ငယ်များ၊ မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း၊ မျက်မမြင်ကျောင်း၊ Wellesley Bailey တည်ထောင်သော အခမဲ့ကုဋ္ဌနူနာဆေးရုံ တို့ရှိခဲ့ကြသည်။ [[ဒုတိယ ကမ္ဘာစစ်]] မတိုင်မီက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး [[အောင်ဆန်း|ဗိုလ်ချုပ်အောင်ဆန်း]]၏ဇနီး [[ခင်ကြည်၊ ဒေါ်|ဒေါ်ခင်ကြည်]]သည် [[စကော့တလန်နိုင်ငံ|စကော့]]လူမျိုး အမျိုးသမီးများအုပ်ချုပ်သော မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း(ABM ကျောင်း)၌ ပညာသင်ခဲ့သည်။<ref>[https://web.archive.org/web/20120502091420/http://mainichi.jp/english/english/features/news/20120427p2a00m0na020000c.html Letter from Burma: Flowers in her hair- 毎日jp(毎日新聞)<!-- Bot generated title -->]</ref>
 
=== လက်ရှိ မော်လမြိုင်မြို့ (၁၉၄၈ မှ ယခု) ===
စာကြောင်း ၁၇၈ -
 
=== မီးရထား၊ ကား ===
[[File:Mawlamyine Highway Bus Station.jpg|thumb|မော်လမြိုင် အဝေးပြေးကားဝင်း]]
မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ အရှေ့တောင်သို့ သွားရာတွင် အဓိက မုဒ်ဝ လမ်းမကြီးပင် ဖြစ်သည်။ [[သံလွင်တံတား(မော်လမြိုင်)|သံလွင်တံတား]]ကြီးသည် မော်လမြိုင်မြို့နှင့် [[မုတ္တမမြို့]]တို့ကို ဆက်သွယ်ပေးထားသော မီးရထား၊ ကားသွားနိုင်သော တံတားကြီး တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် ကားလမ်းပါဝင်သော တံတားများတွင် အရှည်ဆုံးတံတား တစ်ခုဖြစ်သည်။ ထိုတံတားသည် ပေပေါင်း ၁၁, ၀⁠၀၀⁠ ကျော် ရှည်ပြီး နိုင်ငံ၏ အရှေ့တောင်ပိုင်းနှင့် ရန်ကုန်မြို့ကို ဆက်သွယ်ပေးထားသည်။ ထိုပြင် မော်လမြိုင်မြို့သည် [[ကရင်ပြည်နယ်]]၏ မြို့တော် [[ဘားအံမြို့]]၊ [[တနင်္သာရီတိုင်းဒေသကြီး]]၏ မြို့များဖြစ်သော မြို့တော် [[ထားဝယ်မြို့]]၊ [[မြိတ်မြို့]]များနှင့်လည်း ဆက်သွယ်ပေးထားသေးသည်။ ရှေးယခင်က ထိုမြို့များသို့သွားရန်အတွက် မုတ္တမမြို့မှ ကူးတို့လှေ၊ သင်္ဘောများကို တဆင့်စီးရပြီး ယခုအခါ ထို သံလွင်တံတားကြီးမှ မီးရထား၊ ကားဖြင့် တိုက်ရိုက် သွားလာနိုင်ပေသည်။ သံလွင်တံတားကြီးကို ၂၀⁠၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ပေးခဲ့လေသည်။ မော်လမြိုင်တောင်ဖက် [[ရေးမြို့]]အထိ ဖောက်လုပ်ထားသော မီးရထားလမ်းမှာ မိုင် ၉ဝ ရှည်၏။ မော်လမြိုင်မှ [[ကျိုက္ခမီမြို့]]သို့ သွားသော မော်တော်ကားလမ်းမှာ ၅၅ မိုင်ရှည်လျားသည်။ မော်လမြိုင်မြို့ အရှေ့တောင်ရှိ [[ကျိုက်မရောမြို့]]သို့ သွားသော မော်တော်ကားလမ်းမှာ ၁၅ မိုင်ရှည်၏။ ဘီလူးကျွန်းကို မော်လမြိုင်မြို့နှင့် ဆက်သွယ်နိုင်သော [[ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)]] ကို ၂၀၁၇ မေ ၉ တွင် ဖွင့်လှစ်ခဲ့သည်။
 
Line ၁၈၈ ⟶ ၁၈၉:
 
== မြို့တော်မြင်ကွင်း ==
[[File:U Zi Na Pagoda.jpg|thumb|ဆံတော်ရှင်ဦးဇိနစေတီတော်]]
 
=== အမွေအနှစ်အဆောက်အဦး ===
 
* [[ကျိုက်သံလန်စေတီ]]
*ဦးဇိနစေတီ
* ဇိနမာရ်အောင်စေတီ
* [[စိန်တုံးမိဖုရား]] ကျောင်း
Line ၂၀၃ ⟶ ၂၀၆:
 
* ဘီလူးကျွန်း
* ခေါင်းဆေးကျွန်း[[File:Pa-Auk Forest Meditation Center (Main) Entrance.jpg|thumb|ဖားအောက်တောရ(ပင်မ)]]
 
=== အခြား ===
Line ၂၃၈ ⟶ ၂၄၁:
 
=== အဆင့်မြင့်ပညာ ===
မော်လမြိုင်မြို့တွင် [[မော်လမြိုင်တက္ကသိုလ်]]၊ [[မော်လမြိုင်ပညာရေးကောလိပ်]]၊ [[နည်းပညာတက္ကသိုလ်(မော်လမြိုင်)]]၊ [[အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)|အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) ၊]] သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်) စသည်တို့ ရှိသည်။<ref>[http://www.myanmar.com/newspaper/myanmarahlin/Sep13.pdf Myanmar.com<!-- Bot generated title -->]</ref><ref>http://www.spedmyanmar.gov.mm/content/ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊-အားကစားနှင့်ကာယပညာဦးစီးဌာန</ref> ၁၈၆၄ ခုနှစ်၊ [[အမေရိကန်ပြည်ထောင်စု]] ဗက်ကနဲ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော နိုင်ငံခြား ပညာသင် ကျောင်းသားတစ်ဦးဖြစ်သူ [[ရှောလူး၊ ဒေါက်တာ|မောင်ရှောလူး]]သည် မော်လမြိုင်မြို့တွင် မွေးဖွားသော [[မွန်လူမျိုး]]၊ မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ သူသည် အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားသော ပထမဆုံး မြန်မာကျောင်းသားတစ်ဦး ဖြစ်သည်။
[[File:Nursing Training School Mawlamyine.jpg|thumb|သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)]]
 
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းအတွက် အဓိက တက္ကသိုလ်တစ်ခုဖြစ်သော မော်လမြိုင် တက္ကသိုလ် သည် မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဖြစ်ပြီး ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့်နိုင်သည်။ မြန်မာနိုင်ငံအတွင်း [[အဏ္ဏဝါဗေဒ|အဏ္ဏဝါသိပ္ပံ]]ဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ကျောင်းသားများအနေဖြင့် ဆေးပညာ သင်ယူနိုင်ရန် ရန်ကုန်မြို့သို့ သွားရောက် သင်ယူရန် လိုအပ် လေသည်။