ရှောလူး: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: thumb|250px|ဒေါက်တာ ရှောလူး အနောက်တိုင်း ခေတ်မီဆေးပည...
 
No edit summary
စာကြောင်း ၁ -
[[Image:Dr -Shaw-Loo-2.png|thumb|250px|ဒေါက်တာ ရှောလူး]]
အနောက်တိုင်း ခေတ်မီဆေးပညာနည်းဖြင့် ကုသသော မြန်မာဆရာဝန်များ ပေါ်ထွန်းသည်မှာ အနှသ်အနှစ် ဆစ်ရာငါးဆယ်ခန့်တစ်ရာငါးဆယ်ခန့် ရှိပြီးဖြစ်သည်။ ယင်းသို့ ပေါ်ထွန်းခဲ့သည့် ဆရာဝန်များထဲတွင် မွန်လူမျိုး ဆရာဝန် ဒေါက်တာ ရှောလူးသည် ပထမဆုံး ဖြစ်လေသည်။ တစ်နည်းအားဖြင့် [[မြန်မာနိုင်ငံ]]တွင် မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူမှာ''' မွန်လူမျိုး ဒေါက်တာ ရှောလူးပင်ရှောလူး'''ပင် ဖြစ်သည်ဟု ဆိုသင့်ပေသည်။ [[Image:Dr -Shaw-Loo-3.png|thumb|150px|အမေရိကန်ရောက် ဒေါက်တာရှောလူး]]
 
သို့ရာတွင် ဒေါက်တာရှောလူးသည် အနောက်တိုင်း ဆေးပညာကို မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး စတင်သင်ယူသူကား မဟုတ်ပေ။ ပထမဆုံး စတင်သင်ယူသူမှာ အမ္မရို့စ် ဒီရိုဇားရီးယိုး ဆိုသူ ဖြစ်သည်ဟု ဆိုသည်။ သူသည် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို လာရောက်ဆောင်ရွက်သော အီတာလျံ ဘုန်းတော်ကြီး ဖာသာစင်ဂါမားနိုးသည် ၁၈၀၆ ခုတွင် အီတလီပြည်သို့ ပြန်သွားသည်။ သူနှင့်အတူ ဒီရိုဇားရီးယိုးသည် လိုက်ပါသွားကာ အီတလီ၌ ဆေးပညာရပ်များကို သင်ယူလေသည်။ သို့ရာတွင် မည်သို့ဖြစ်သည်ကို မသိရဘဲ ဒေါက်တာ ဒီရိုးဇားရီးယိုးသည် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မလာခဲ့ပေ။
အနောက်တိုင်း ဆေးပညာကို ပထမဆုံး သင်ကြားသူ မဟုတ်သော်လည်း ဆေးပညာတတ်မြောက်၍ အမိမြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လာအမှုထမ်းသူ (ဝါ) မြန်မာနိုင်ငံတွင် အနောက်တိုင်း ဆေးပညာမျိုးစေ့ကို စတင်ချခဲ့သူကား ဒေါက်တာ ရှောလူးပင် ဖြစ်သည်။
 
ဒေါက်တာရှောလူးသည် [[မော်လမြိုင်မြို့|မော်လမြိုင်]]ဇာတိ ဖြစ်သည်။ အဖမှာ ဦးရွှေသက်၊ အမိမှာ ဒေါ်ဖွားလှ ဖြစ်သည်။ [[ခရစ်ယာန်ဘာသာ]]ဝင် [[မွန်]]လူမျိုးများ ဖြစ်ကြသည်။ မိခင်မှာ မွန်ဘုရင် ဗညားဒလ၏ ညီတော် မြဝတီမြို့စား (ဗရဲ့ပတိုင်း) ၏ မြစ်တော်စပ်သူ ဖြစ်ပါသည်။ မောင်ရှောလူးကို ၁၈၃၉ ခုနှစ်တွင် ဖွားမြင်သည်။ ထိုအချိန်တွင် မော်လမြိုင်မြို့ အပါအဝင် တနင်္သာရီနယ်များသည် အင်္ဂလိပ် လက်အောက်၌ ကျရောက်နေပြီး ဖြစ်သည်။ အထက် မြန်မာနိုင်ငံကိုမူ သာယာဝတီမင်း စိုးစံနေသည်။ မောင်ရှောလူးသည် ထူးခြားသူ ဖြစ်သည်။ ငယ်စဉ်ကပင် ပညာ ဗဟုသုတကို လိုလားသည်။ အထူးသဖြင့် အနောက်တိုင်း ခေတ်မှီ ပညာရပ်များကို ဆည်းပူးလေသည်။ ၁၈၅၀ ပြည့်နှစ်တွင် မောင်ရှောလူးကိုလည်း နှစ်ခြင်း ခရစ်ယာန် ဘာသာဝင်အဖြစ်သို့ ဆရာယုဒသန်က ခံပေးခဲ့သည်။<ref>http://www.dhammyutmon.com/2010/07/blog-post.html</ref>
ထိုအချိန်၌ တင်္သာရီနယ်သာမက ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံ တစ်ရပ်လုံးကို အင်္ဂလိပ် ပိုင်နေပြီးဖြစ်သည်။ထို့ကြောင့် ကာလကတ္တား၌ ၂ နှစ်ခန့် ပညာဆည်းပူး အပြီးတွင် ၁၈၅၇ ခု၊ စစ်ပါရီပုန်ကန်မှုကြီးနှင့် ကြုံတွေ့ရလေသည်။ စစ်ပါရီများမှာ အင်္ဂလိပ် လက်အောက်၌ အမှုထမ်းနေသော အိန္ဒိယ စစ်သားများဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နေရသည်မှာ ဆင်းရဲဒုက္ခ ရောက်ရသဖြင့် သူတို့က ဦးဆောင်ချက် အိန္ဒိယအမျိုးသားများက နယ်ချဲ့ကို ပုန်ကန်ခြင်း ဖြစ်သည်။ ပုန်ကန်မှု ပြင်းထန်သဖြင့် ဘေးအန္တရာယ်ရှိလာသည်။ ဤတွင် မောင်ရှောလူးကို ဆရာသမား မိဘများက အိန္ဒိယ၌ မနေရန် တိုက်တွန်းကြသည်။ မောင်ရှောလူးမှာ ပညာသင် ကောင်းဆဲ ဖြစ်သဖြင့် အိန္ဒိယမှလည်း မခွာလို၊ ဆက်လက်နေထိုင်ရန်လည်း မဖြစ်နှင့် အခက်ကြုံတွေ့နေရသည်။ သို့ဖြင့် သူသည် ကာလကတ္တား သင်္ဘောဆိပ်၌ ယောင်လည်လည် ဖြစ်နေသည်။ ထိုအခိုက် [[အမေရိကန် ပြည်ထောင်စု|အမေရိကန်ပြည်]]သို့ သွားမည့် သင်္ဘောတစ်စင်းသည် ကာလကတ္တား င်္ဘောဆိပ်သို့ ခေတ္တဝင်ဆိုက်လာသည်။ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံ [[သုံးဆယ်မြို့]]၌ ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာမကြီး မစ္စမာရီယာအင်ဂေါ ပါလာသည်။ ဆရာမကြီးသည် အားလပ်ခွင့် ရသဖြင့် အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်သည်။ သူနှင့် မောင်ရှောလူးတို့ တွေ့ကြသည်။ မောင်ရှောလူးက သူကို အကြောင်းစုံ ပြောပြသောအခါ သူသည် ပညာလိုလားသော သူငယ်လေးအပေါ် ဂရုဏာ သက်သွားသည်။
 
ထို့ကြောင့် အမေရိကန်၌ ပညာ ဆက်လက်ဆည်းပူးလိုက စီစဉ်ပေးမည့် အကြောင်းပြေသည်။ မောင်ရှောလူမှာ ဝမ်းသာ မဆုံးဖြစ်ခဲ့ရသည်။ သို့သော် သူတို့ နှစ်ဦးတွင် ငွေမရှိ။ လောလောဆဘ် မောင်ရှောလူး အမေရိကန်သို့ လိုက်ပါရန် သင်္ဘောခ မရှိပေ။ နောက်ဆုံး၌ ဆရာမကြီးသည် [[သင်္ဘော]][[ကပ္ပတိန်]]အား အကျိုးအကြောင်းပြေပြ တောင်းပန်၍ သင်္ဘောခန်းတွင် စားပွဲထိုးအဖြစ်ဆောင်ရွက်ပြီး လိုက်ပါရန် စီစဉ်ခဲ့ကြသည်။
 
ထိုခေတ် အမေရိကန်သို့ သင်္ဘောခရီးဖြင့် သွားရသည်မှာ မလွယ်ကူချေ။ စူးအက်တူးမြောင်းလည်း မပေါက်သေးချေ။
သင်္ဘောကလည်း ယနေ့ခေတ်ကဲ့သို့ ခေတ်မမှီသဖြင့် ၄ လခန့် ကြာမှသာ အမေရိကန်ပြည် နယူးယောက်မြို့သို့ ရောက်ရှိလေသည်။
ဆရာမကြီး၏ ဆောင်ရွက်ပေးချက်အရ နယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် [[:en:Bucknell University|လူဝီစဗတ်ရှိ တက္ကသိုလ်]] ( ယခု ဗတ်ကနဲ တက္ကသိုလ်) မှ သီအိုလိုဂျီ ပါမောက္ခ တစ်ဦးက မောင်ရှောလူးကို ကူညီထောက်ပံ့ပေးကြသည်။ မောင်ရှောလူးသည် သူလိုချင် တောင့်တသော ပညာ၇ပ်များကို ဆည်းပူးတိုင်ရန် ကြိုးပမ်းရာ ၁၈၅၉ ခုနှစ်တွင် လူဝီစဗတ်ရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရသွားသည်။ ထိုတက္ကသိုလ်တွင် ဂရိဘာသာ၊ လက်တင်ဘာသာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဖီလိုဆိုဖီ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ၊ နက္ခတ္တဗေဒအမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စသည်တို့ကို မောင်ရှောလူး လေ့လာ ဆည်းပူးသည်။ သူသည် ထိုခေတ်အမေရိကန် ကျောင်းသားများနည်းတူ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်သည်။ ပါမောက္ခတစ်ဦးအိမ်တွင် တစ်နာရိ ၁၀ ဆင့်နှုန်းဖြင့် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုစဉ်က အမေရိကန်ပြည်တွင် ကုန်ပစ္စည်းများ ပေါများခဲ့သည်။ ထိုစဉ်က ကော်ဖီတစ်ခွက်ကို ၁၀ ဆင့်သာလျှင် ပေးရလေသည်။ မောင်ရှောလူးသည် ကျောင်းပိတ်ရက်များတွင် အခြားမြို့နယ်များသို့ လှည့်လည် သွားကာ မြန်မာနိုင်ငံအကြောင်း၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများအကြောင်း တရားဟောပြောသည်။ ထိုအတွက် ဉာဏ်ပူဇော်က ငွေများ ရသေးသည်။ ဤသို့ ပညာသင်နေစဉ်အတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်တွင်းစစ်နှင့် ကြုံတွေ့ရပြန်သည်။ ငွေဝယ်ကျွန် ပြဿနာနှင့် စပ်လျဉ်း၍ လင်ကွန်း ဦးဆောင်သော မြောက်ပိုင်းသားများနှင့် တောင်ပိုင်းသားများ တိုက်ခိုက်ကြသည်။ တိုက်ပွဲများ အနှံ့အပြား အပြင်းအထန် ဖြစ်ပွားသည်။ မည်သို့ပင် ဖြစ်စေ မောင်ရှောလူးကား မတုန်လှုပ်၊ အားမလျှော့ဘဲ ပညာကို ကြိုးစားသင်ယူခဲ့သည်။ သို့ဖြင့် ၅ နှစ်အကြာတွင် ထိုတက္ကသိုလ်မှ ဘီအေဘွဲ့ရခဲ့လေသည်။ ဘီအေ အောင်သော်လည်း မောင်ရှောလူးသည် မရပ်တန့်သေးချေ။ ဆေးပညာကို ဆက်လက်ဆည်းပူး၍ရန် ကြိုးပမ်းပြန်သည်။
 
ထို့ကြောင့် သူသည် အိုဟိုင်းယိုး နဉ်၊ ကလိဗလင်း ကုသိုလ်ဖြစ်ဆေ:ရုံရှိ ဆေးကောလိပ်ကျောင်းတွင် ဆေးပညာကို ဆက်လက်သင်ယူသည်။ ၃နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲ တက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့်လေပြန်သည်။
မောင်ရှောလူးဘဝမှ ဒေါက်တာရှောလူးဘဝကိုလည်း ခံယူရရှိပြီး ဖြစ်သဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။ မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု [[သမ္မတ]]ကြီး [[အင်ဒရူးဂျွန်ဆင်]]နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ ဂျွန်ဆင်မှာ [[လင်ကွန်း]] ကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံ တွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် '''အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဦးဆုံးသော မြန်မာ ကျောင်းသား'''ပင် ဖြစ်လေသည်။ ဒေါက်တာရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့် အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက [[မင်းတုန်းမင်း]]ထံ ဒေါက်တာရှောလူးအတွက် ထောက်ခံစာ တစ်စောင်အား ရေးပေးလိုက်လေသည်။
Line ၁၆ ⟶ ၂၁:
 
ဒေါက်တာ ရှောလူးသည် ရန်ကုန်သို့ ရောက်သောအခါ အလုပ်လုပ်ရန် ကြိုးပမ်းသည်။ သို့သော် အင်္ဂလိပ်အစိုးရက သူတို့ထံတွင် အလုပ်လုပ်ခွင့် မပေးပေ။ မင်းတုန်းမင်ကြီး၏ အမြှောက်စားခြင်းကို ခံခဲ့ရသူ ဖြစ်သဖြင့် မယုံကြည်ဟုဆိုကာ အလုပ်မပေးခြင်း ဖြစ်သည်။ သို့ဖြင့် ဒေါက်တာ ရှောလူးသည် မော်လမြိုင်မြို့သို့ ပြန်ကာ မုတ္တမတွင် ကိုယ်ပိုင်ကျောင်း ဖွင့်လျက် ကျောင်းသား ၃၀ကို စာသင်ပေးသည်။ ထိုနောက် ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ် ကျောင်း၌ ဆရာ ဝင်လုပ်သည်။ ၁၀နှစ်ကြားသည်။ ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မာရီယာအင်ဂေါကို ကျေးဇူးဆပ်သော အနေဖြင့် သုံးဆယ်မြို့ရှိ ဆရာမကြီးကျောင်းတွင် ၃ နှစ်တိတိ ဆရာဝင်လုပ်ပေးလေသည်။ ထိုနောက် ရန်ကုန် အစိုးရကျောင်း၌ တစ်နှစ် ဆရာဝင်လုပ်ပေးသည်။ အာဏာပိုင်တို့က သူ၏ အရည်အချင်းကို လည်းကောင်း၊ သူ၏ စေတနာကိုလည်းကောင်း သိရှိကြသဖြင့် သူ့ကို ပညာရေးဘက်တွင် အမှုထမ်း၇န် ရာထူးကြီး ပေးသည်။ ဒေါက်တာရှောလူးသည် လက်မခံခဲ့။ ကျောင်းဆရာအလုပ်ကို ကျေနပ်အောင် လုပ်ပြီးပြီ ဖြစ်၍ ဆရာဝန်အလုပ်ကိုသာ လုပ်ကိုင်ချင်နေသည်။ဆေးဘက်တွင်ကား အင်္ဂလိပ်အစိုးရက နေရာမပေးပေ။ ဆေးဘက်၌ လစ်လပ်သော နေရာမရှိ ဟု ဆိုထားသဖြင့် မရခဲ့။ ထို့ကြောင့် သူသည် မော်လမြိုင်သို့ ပြန်ကာ အမေရိကန် သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မစ်ချယ် ထ့တွင် အကူဆရာဝန် အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၀ နှစ် လုပ်ကိုင်ပြီးသောအခါ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသည်။ တစ်ဖက်ကလည်း မော်လမြိုင် အစိုးရ ကျောင်းနှင့် နော်မယ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလေသည်။
 
ဒေါက်တာရှောလူးသည် အိမ်ထောင်နှစ်ဆက် ကျဖူးသည်။ ရန်ကုန်အစိုးရ ကျောင်း၌ ဆရာလုပ်နေစဉ် အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန် တစ်ဦး၏ သမီး မစ်လူစီပရဲရားနှင့် ရှေးဦးစွာ အိမ်ထောင်ကျသည်။ ကလေး ၇ယောက် ရသည်။ အငယ်ဆုံး သတ္တမမြောက် ကလေးငယ်ကို မီးဖွားစဉ် ဇနီးသည် ကွယ်လွန်သွားရှာသည်။ ထို့ကြောင့် ၂ နှစ်အကြာတွင် ဒုတိယ အိမ်ထောင်အဖြစ် ဒေါ်ရွှေနှင့် လက်ထက်လေသည်။ ကလေး ၃ ယောက် ရရှိသည်။
 
သူသည် ပညာကို ကြိုးစားသင်ယူသည့် နည်းတူ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်သူ ဖြစ်သည်။ ကျန်းမာရေးလည်း အထူးကောင်းမွန်သည်။ ၇၄ နှစ်အရွယ်အထိ သန်တုန်း မြန်တုန်းပင် ဖြစ်ခဲ့သည်။
 
တစ်နေ့ နံနက်တွင် ဇနီး၊ သားသမီးများအား လိုက်လံနှိုးကာ အောက်ထပ်သို့ ဆင်းလာကြရန် မှာကြားသည်။ ထိုနောက် သူက ဦးစွာဆင်းသွားပြီး ကွပ်ပျစ်ထက်၌ လဲလျောင်းနေလိုက်သည်။ မိသားစုက ဒေါက်တာရှောလူး၏ ထူးခြားသော အပြုအမူကြောင့် အောက်ထပ်သို့ ဆင်းလာကြရာ ကွပ်ပျစ်ထက်၌ ကွယ်လွန်သွားပြီး ဖြစ်သော ဒေါက်တာရှောလူးကို တွေ့ရလေသည်။ ဒေါက်တာရှောလူးမှာ သူလက်ထပ်စဉ်က ဝတ်ဆင်ခဲ့သော အနောက်တိုင်း ဝတ်စုံကို ဆင်မြန်းထားသည်ကို ထူးခြားစွာ တွေ့ခဲ့ရလေသည်ဟူ၏။
၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ဒေါက်တာရှောလူး၏ စျာပနာမှာ စည်းကားလှသည်။ ခရစ်ယာန် ဘုန်းတော်ကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာ ရှောလူးအား ဂူသွင်း သဂြိုလ်ကြပြီး အုတ်ဂူထက်တွင်