အေမာမ်ဟိုစိုင်း(န)(အ.စ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၆၀ -
 
=== ကရ်ဘလာတွင် ကျဆုံးသူများနှင့် ကျန်ရစ်ခဲ့သူများစာရင်း ===
 
== မှတ်ချက်များ ==
အေမာမ်ဟိုစိုင်းန်(အ.စ)ဘက်မှ ရှဟီးဒ်ဖြစ်(ကျဆုံးသူ)စုစုပေါင်း ၇၀(သို့)၇၂ဦးဖြစ်ပေသည်။၎င်းတို့အတွင်းမှ အပါး(၂၀)သည် ဘနီဟာရှင်မျိုးနွယ်စုဝင် အဘူသွာလိဘ်မှ ဆင်းသက်လာသူများဖြစ်ကြပြီး ထိုသူတို့အတွင်းမှ ပထမဦးဆုံးရှဟီးဒ်ဖြစ်သူသည် အလီအက္ကဘရ်(အ.စ)ဖြစ်ပေသည်။ယဇီးဒ်သည် အလီအက္ကဘရ်(အ.စ)မိခင်၏ဦးရီးတော်၏သားဖြစ်ပေသည်။ထို့အတွက်ကြောင့် အလီအက္ကဘရ်(အ,စ)သည် ၎င်းတို့ခွင့်လွှတ်ပေးနိုင်သူစာရင်းတွင် ပါဝင်ခဲ့လေသည်။သို့သော် အလီအက္ကဘရ်(အ.စ)သည် ဖခမည်းတော်နှင့် အဘိုးတော်မိုဟမ္မဒ်(ဆွ)သခင်တို့၏လမ်းစဥ်သည် အားလုံးထက်သာလွန်သည်ကို သိထားခဲ့သည့်အတွက် ခွင့်လွှတ်ပေးစာအား လက်မခံခဲ့ပါ။မာဒလင်လွန်းဂ်သည် အေမာမ်ဟိုစိုင်းန်(အ.စ)အထွေးဆုံးနို့စို့အရွယ်သားငယ် အဘ်ဒုလ္လာဟ်သည် ဖခင်၏ပေါင်ပေါ်တွင် မြှားမှန်ကာ ရှဟီးဒ်ဖြစ်ခဲ့သည်ဟု ယုံကြည်ထားသော်လည်း အချို့သောပုဂ္ဂိုလ်များက ထိုအကြောင်းအရာအပေါ်၌ သံသယများရှိကြသည်။အေမာမ်ဟိုစိုင်းန်(အ.စ) အဖေတူအမေကွဲ ညီအစ်ကို(၆)ပါးတို့သည် ထိုစစ်ပွဲ၌ ရှဟီးဒ်ဖြစ်ခဲ့ကြသည်။၎င်းသူတို့အတွင်းမှ (၄)ပါးသည် ဘနီကလ်ဘ်မျိုးနွယ်စုမှ ဟေဇွားမ်၏သမီး အွမ်မွလ်ဘနီးန်သခင်မကြီး၏ သားတော်များဖြစ်ကြသည်။အွမ်မွလ်ဘနီသခင်မကြီးအစ်ကို၏သားဖြစ်သူ အဘ်ဒုလ္လာဟ်အိဘ်နေ အဘီမဟလ်သည် ၎င်းတို့(၄)ပါးအတွက် အိဘ်နေဇေယားဒ်ထံမှ ခွင့်လွှတ်စာယူလာခဲ့သည်။သို့သော် ၎င်းတို့သည် ထိုစာကိုလက်မခံခဲ့ကြပါ။ဘနီဟာရှင်မျိုးနွယ်မှ ရှဟီးဒ်ဖြစ်သူများမှာ အေမာမ်ဟိုစိုင်းန်(အ.စ)၏သားတော်(၃)ပါး၊အဘ်ဒုလ္လာဟ်အိဘ်နေဂျာအ်ဖရ်၏သားတော်(၃)ပါးနှင့် အကီးလ်အိဘ်နေအဘီသွာလိဘ်၏ သားတော်(၃)ပါးအပြင် မြေးတော်(၃)ပါးတို့သည်လည်း ထိုစစ်ပွဲတွင် ရှဟီးဒ်ဖြစ်သွားခဲ့ကြလေသည်။ထို့အပြင် အိဘ်နေစအ်သည် မိမိ၏ကျမ်းတွင် အဘူလဟဘ်မျိုးဆက်မှ တစ်ပါးနှင့် အဘူစိုဖေယားန်အိဘ်နေဟာရီစ်အိဘ်နေအဘ်ဒုလ်မွသ်လိဘ်၏မျိုးဆက်မှ တစ်ဦးတို့ပါ ရှဟီးဒ်ဖြစ်ခဲ့ကြောင်း ဖေါ်ပြထားလေသည်။အိဘ်နေစအ်ဒ်သည် ကရ်ဘလာတွင် ရှဟီးဒ်မဖြစ်ခဲ့သောသူတို့အား ရည်တွက်ရာတွင် အေမာမ်ဟစန်(အ.စ)၏သားတော်နှစ်ပါး၊ အဘ်ဒုလ္လာဟ်အိဘ်နေဂျာအ်ဖရ်၏သားတော်တစ်ပါးနှင့် အကီးလ်၏သားတော်တစ်ပါး နှင့် အမျိုးသမီးငါးဦးတို့ဖြစ်ကြသည်ဟု ဖေါ်ပြထားလေသည်။အဘူဖရဂျ်အိစ်ဖဟာနီဆိုသူမှ ရည်တွက်ရာတွင် အေမာမ်ဟစန်(အ.စ)၏သားတော်(၃)ပါးတို့အသက်မဆုံးရှုံးပဲ ကျန်ရစ်ခဲ့သည်။သို့သော် ဟစန်အိဘ်နေဟစန်(အ.စ)သည် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့သည်။ အလီအိဘ်နေဟိုစိုင်းန်(အ.စ)သည် နာမကျန်းဖြစ်နေသည့်အတွက် စစ်မထွက်ခဲ့ပါ ဟု ဆိုထားလေသည်။.
 
Line ၁၇၄ ⟶ ၁၇၂:
အေမာမ်ဟစန်(အ.စ)ရှဟီးဒ်ဖြစ်ပြီးနောက်အေမာမ်ဟိုစိုင်န်း(အ.စ)သည် တမန်တော်မြတ်(ဆွ)၏သာဝကတစ်ဦးဖြစ်သည့် သွလ်ဟာ၏သမီးဖြစ်သူ အွမ်မေအီစ်ဟားက် နှင့် ထိမ်းမြားခဲ့ပြီး ဖှါတေမာအမည်ရှိ သမီးတစ်ဦးထွန်းကားခဲ့သည်။အီရာနီကာစွယ်စုံကျမ်းတွင်ရေးသားထားသည်မှာ ဖှါတေမာသည် စကီနာသခင်မထက် အသက်ငယ်ပေသည်။
 
== ကရ်ဘလာစစ်ပွဲဖြစ်ရခြင်းအကြောင်းနှင့် အေမာမ်ဟိုစိုင်းန်(အ.စ)အား သုံးသပ်ခြင်းအပေါ်ထားရှိသောအမြင်များ ==
 
 
Line ၁၉၂ ⟶ ၁၉၀:
အေမာဒီဟာဟေရီသည် ကမ္ဘာ့အစ္စလာမ့်စွယ်စုံကျမ်းတွင်ရေးသားထားသည်မှာ တမန်တော်မြတ်(ဆွ)၏မိန့်ကြားချက်အရ အလီ၊ဟစန်၊ဟိုစိုင်န်းနှင့် ဟိုစိုင်းန်(အ.စ)ဆင်းသက်သော ကျန်အေမာမ်(အ.စ)(၉)ပါးတို့သည် မြင့်မြတ်သော အရိုက်အရာများရှိသော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ဖြစ်သည်။အိဘ်နေဘာဘေဝိုင်ဟ်သည် အေမာမ်ဟိုစိုင်းန်(အ.စ)၏အဆက်အနွယ်မှ အေမာမ်(၉)ပါးဆင်းသက်ခဲ့ပြီး ထိုအဆက်အနွယ်သည် အေမာမ်ဟစန်(အ.စ)မှ မဟုတ်ကြောင်းကို မူစာ(အ.စ)နှင့် ဟာရူန်(အ.စ)တို့၏ ဖြစ်စဥ်နှင့် ခိုင်းနှိုင်းပြီး ပြောဆိုထားလေသည်။ထို့အပြင် ဟာအေရီသည်ရေးသားသည်မှာ ရှီအာတို့သည်  အေမာမ်ဟိုစိုင်န်း(အ,စ)၏အေမာမသ်ကို သက်သေထူရန်အတွက် အေမာမ်ဟစန်(အ.စ)မှ အေမာမ်ဟိုစိုင်းန်(အ.စ)သည် မိမိနောက်ပိုင်း အေမာမ်ဖြစ်ကြောင်း မိန့်ဆိုမှုများနှင့် အေမာမ်ဟစန်(အ,စ)မှ  မိုဟမ္မဒ်ဟနဖီယာအား မိမိနောက်ပိုင်းတွင် ဟိုစိုင်းန်(အ.စ)၏ အဆိုအမိန့်များကို နာခံရန်မှာကြားမှုများကို ကိုးကား၍ အထောက်အထားပြုခဲ့လေသည်။ဆက်လက်၍ ၎င်းသူမှ ခံယူထားသည်မှာ အေမာမ်ဟိုစိုင်းန်(အ.စ)၏အေမာမသ်သည် အေမာမ်ဟစန်(အ.စ)ရှဟီးဒ်ဖြစ်သွားပြီးနောက်ပိုင်းမှ စခဲ့သည်။သို့သော် အေမာမ်ဟိုစိုင်းန်(အ.စ)သည် မိုအာဝေယာ လက်ထက်တွင် မည်သို့သော ထကြွမှုမှ မပြုလုပ်ခဲ့ပေ။(အဘယ်ကြောင့် ဆိုသော် မိမိ၏နောင်တော်သည် မိုအာဝေယာနှင့် ချုပ်ဆိုထားသော ပြေငြိမ်းရေးစာချုပ်ကြောင့်သာလျှင်ဖြစ်ပေသည်) သို့သော် မိုအာဝေယာသေဆုံးသွားပြီးနောက်ပိုင်းတွင် မိမိ၏အေမာမသ်ကို ထင်ထင်ရှားရှားဖေါ်ပြခဲ့လေသည် ဟု ဖြစ်ပေသည်။ ၎င်းမှ ရေဝါယသ်တော်တစ်ခုအား မီးမောင်းထိုးပြ၍ ရှီအာတို့၏ခံယူချက်ကို တင်ပြထားသည်မှာ အလီ(အ.စ)သည် မိမိ၏နောက်ပိုင်း၌ ဟစန်(အ.စ)နှင့် ဟိုစိုင်န်း(အ.စ)တို့ကို ကိုရိုင်းရှ်တို့မှ ပညာမဲ့များဟု မသတ်မှတ်ရစေရန်အတွက် သားတော်နှစ်ပါးအား လူထုအကြား မိန့်ခွန်းများ မြွက်ကြားစေခဲ့လေသည်။ထိုအကြောင်းအရာသည် အေမာမ်ဟိုစိုင်းန်(အ.စ)၏ အေမာမသ်နှင့်ပတ်သက်၍ အလီ(အ,စ)သည် မိမိလက်ထက်ကတည်းမှ မီးမောင်းထိုးပြထားခဲ့ကြောင်းဖြစ်ပေသည်။ထိုအကြောင်းအရာသည်ကား အေမာမ်ဟိုစိုင်းန်(အ.စ)၏အေမာမသ်အတွက် သက်သေတစ်ခုပင်ဖြစ်လေသည်။ထို့အပြင် ဟာအေရီသည် အေမာမ်ဟိုစိုင်းန်(အ.စ)၏ ပညာပိုင်းဆိုင်ရာအကြောင်းကိစ္စများ၌ (ဆွဟာဘာ)သာဝကတို့၏ ပြောကြားချက်များကို အခြေခံ၍လည်းကောင်း၊ လူတို့သည် အကြောင်းကိစ္စတစ်ရပ်ရပ်နှင့်ပတ်သက်ပြီး ဖတ်သဝါမသိနားမလည်ပါက အေမာမ်ဟိုစိုင်းန်(အ.စ)ထံ ဖတ်သဝါလာရောက်မေးမြန်းမှုများကို အခြေခံ၍လည်းကောင်း မိမိသည်အေမာမ်ဖြစ်ကြောင်းကို အေမာမ်ဟိုစိုင်းန်(အ.စ)ကိုယ်၌ နုတ်တော်မှ မိန့်ဆိုပြောကြားမှုများကို အခြေခံ၍လည်းကောင်း ၊ အေမာမ်ဟိုစိုင်းန်(အ.စ)၏ မောအ်ဂျေဇာနှင့် ကရာမသ်(သာမန်လူသားအဆင့်ထက်ကျော်လွန်သော လုပ်ဆောင်ချက်များ)ကို အခြေခံ၍လည်းကောင်း အေမာမ်ဟိုစိုင်းန်(အ.စ) စစ်မှန်သော အေမာမ်တစ်ပါးဖြစ်ကြောင်း ရှီအာတို့၏ရှု့ထောင့်မှ ရပ်တည်ကာ သက်သေထူထားလေသည်။အချို့ရေဝါယသ်တော်များတွင် အေမာမ်ဟစန်(အ.စ)နှင့် အေမာမ်ဟိုစိုင်းန်(အ.စ)တို့၏ မော့ဂျဇာနှင့် ကရာမသ် တို့သည် တစ်ပုံစံတည်းဖြစ်နေသည်မှာ မည်သူမျှမခွဲခြားနိုင်ခဲ့ပေ။ 
 
= '''ကျမ်းတော်မြတ်ကုရ်အာန်အတွင်းမှ ဟိုစိုင်းန်(အ.စ)''' =
==== အေမာမ်ဟိုစိုင်းန်(အ.စ)၏ကြံမ္မာတရားနှင့်ပတ်သက်ပြီး ကုရ်အာန်နှင့်ဟဒီးတော်တို့မှ ကြိုတင်၍မိန့်ဆိုထားမှုများ ====
 
== '''စူရာ-ယေ-အင်စာန်''' ==
; ကျမ်းတော်မြတ်ကုရ်အာန်
ရှီအာတို့အကြားအကျော်အမော သဖ်စီးရ်ပညာရှင်ကြီးတစ်ဦးဖြစ်သူ ဆယိဒ်မိုဟမ္မဒ်ဟိုစိုင်းန်သွဘာသွဘာအီးသည် စွန္နီနှင့်ရှီအာတို့၏ ကျမ်းများအတွင်းမှ ရေဝါယသ်တော်များကို တင်ပြကာ အလီနှင့်သခင်မကြီးဖှါတေမာ(အ.စ)တို့၏ကလေးများနာမကျန်းဖြစ်နေချိန်တွင် ကလေးငယ်များပြန်လည်ကျန်းမာလာစေရန် အဓိဌာန်ပြုလုပ်မှုအပေါ်အရှင်မြတ်ဘက်မှ နှစ်သက်တော်မူခဲ့သည့်အတွက် အထက်ပါစူရာအား ၎င်းတို့နှင့်ပတ်သက်ပြီး ချပေးခဲ့ကြောင်း သက်သေထူထားလေသည်။ထိုပညာရှင်ကြီးသည် စူရာများအစီအစဉ်ကျရောက်လာပုံ၊အာယသ်တော်တို့၏ဆိုလိုရင်းနှင့်ထိုစူရာနှင့်ပတ်သက်ပြီး လာရှိထားသော ရေဝါယသ်တော်များကိုပါ ထောက်ရှု့၍ ယင်းစူရာကို မဒနီ(မဒီနာမြို့တွင်ကျရောက်သောစူရာ)ဟု ယူဆထားလေသည်။ထို့အပြင် အသားအရေမဲသော အမျိုးသားတစ်ဦးသည် တမန်တော်မြတ်ကြီး(ဆွ)လာရောက် စကားပြောခဲ့လေသည်...ထိုစူရာသည် ထိုအမျိုးသားနှင့်ပတ်သက်ပြီးကျရောက်ခဲ့သည်ဟုဆိုထားသော အဲဟ်လေစွန္နသ်တို့မှဆင့်ပြန်ထားသော အချို့ရေဝါယသ်တော်များကို လေ့လာစမ်းစစ်၍ မဟုတ်မှန်ကြောင်းကို ဖေါ်ပြပြီးလျှင် အထက်ပါ စူရာသည် အဲဟ်လေဘိုင်းသ်(အ.စ)တို့နှင့်သာ ပတ်သက်ပြီးကျရောက်လာခဲ့ကြောင်းကိုရေးသားထားလေသည်။
 
အဲဟ်လေစွန္နသ်အကျော်အမောပညာရှင်များအတွင်းမှ ရှဟာဘွဒ်ဒီးန်အာလူစီသည် ရူးဟွလ်မအာနီကျမ်းတွင် အခြားသူများတင်ပြထားသော ရေဝါယသ်တော်များနှင့် သဖ်စီရ်များကို တင်ပြလျှက် အထက်ပါစူရာသည် အဲဟ်လေဘိုင်းသ်(အ.စ)တို့နှင့်ပတ်သက်ပြီးကျရောက်ခဲ့သည်ဟု ဆိုထားလေသည်။၎င်းသည် သီရ်မီဇီ၊ အိဘ်နေဂျောင်ဇီတို့၏အဆိုများနှင့် အာယသ်၏ အပေါ်ယံအဓိပ္ပါယ်တို့အား ကြည့်ခြင်းဖြင့် ထိုစူရာသည်မဒနီဖြစ်ကြောင်းပေါ်လွင်နေပါသည်။ထိုသို့မဒီနီဖြစ်သည်ဟုဆိုခြင်းအပေါ် သက်သေအထောက်အထားအဖြစ် အေမာမ်အလီ(အ.စ)သားသမီးများတို့သည် မဒီနာမြို့တွင် ဖွားမြင်တော်မူသူများဖြစ်ကြပြီး ထိုစူရာသည်လည်း ထိုသူတို့နှင့်သာ သက်ဆိုင်သည်ဟု ပြောဆိုထားလေသည်။ထို့အပြင် ထိုအကြောင်းအရာသည် အာယသ်တော်များ၏ အပေါ်ယံအဓိပ္ပါယ်နှင့်လည်း ဆန့်ကျင်နေမှုမရှိကြောင်း တင်ပြထားလေသည်။ဖခ်ရေရာဇီသည် သဖ်စီးရ်-ရေ-ကဘီးရ်အမည်ရှိ မိမိ၏သဖ်စီးရ်ကျမ်း၌ သခင်မကြီးဖှါတေမာ(စ.အ)၏ကလေးများ နာမကျန်းဖြစ်သည့် အကြောင်းအရာကို ဇမခ်ရှရီဆိုသူသော သဖ်စီးရ်ပညာရှင်ကြီး၏ ကရှ်ရှားဖ်ကျမ်းမှလည်ကောင်း ၊ ဝါဟေဒီဆိုသူ၏ အလ်ဘစီးသ် ကျမ်းမှလည်းကောင်း ဆင့်ပြန်တင်ပြထားပြီးနောက် ယင်းအာယသ်တော်များသည် အလီနှင့် ဖှါတေမာ(စ.အ)တို့၏ကလေးများအပြင် ဆွဟာဘာများနှင့် သာဘေအီးန်(ဆွဟာဘာနောက်လိုက်များ)အတွင်းမှ မြင့်မြတ်သော ပုဂ္ဂိုလ်များနှင့်လည်းသက်ဆိုင်ကြောင်းပြောဆိုရေးသားထားလေသည်။
 
== '''မိုဘာဟေလာနှင့်သက်ဆိုင်သော အာယသ်တော်''' ==
စူရာ-ယေ-အဲဟ်ကားက် မုက္ခပတ်တော်(၁၄)နှင့်(၁၅)တို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့်ပတ်သက်၍ မိန့်ဆိုထားမှုသည် သခင်မကြီးဖှာတေမာ(အ.စ) အားရည်ညွှန်း ခြင်း ဖြစ်ပြီး ကလေးသည်ဟိုစိုင်းန်(အ,စ)ဖြစ်ကြောင်း ဖေါ်ပြထားလေသည်။ အလ္လာဟိုအရှင် မြတ် သည် တမန်တော်မြတ်(ဆွ)အား မိမိ၏မြေးတော်၏ ကြံမ္မာတရာနှင့် ပတ်သက်ပြီး သ တင်းပေးမိန့်ကြားသည့်အခါ တမန်တော်ြမတ်ကြီးသည် ထိုအကြောင်းအရာကို သမီးတော် ဖှါတေမာ(စ.အ)အား ပြန်လည်ပြောကြားခဲ့လေသည်။ထိုအခါ သမီးတော်(စ.အ)သည် လွန် စွာပင် ဝမ်းနည်းကြေကွဲခဲ့လေသည်။အလ္လာဟိုအရှင်မြတ်သည် ဟဇ်ရသ်ဇကရီယာ(အ.စ) အား ငါးပါးသောသူတို့နှင့်ပတ်သက်ပြီး သွန်သင်ခဲ့ရာတွင် စူရာယေမရ်ယမ်၏ ပထမဦးဆုံးသော (کهیعص) မုက္ခပတ်တော်ကိုလည်း သွန်သင်ပေးခဲ့ပြီး ၎င်းအာယသ်တော်၏ အနက်အဓိပ္ပါယ်ကိုလည်း ဖေါ်ပြခဲ့လေသည်။ ( ک)၏အဓိပ္ပါယ်မှာ ကရ်ဘလာ၊ (ه)၏အဓိပ္ပါယ်မှာ ပျက်သုဥ်းခြင်း၊ (ی)သည် ယဇီးဒ်၊(ع)သည် ရေဆာလောင်မှု နှင့် (ص) သည် ခံသီးတရားဟူ၍ သင်ကြားပို့ချပေးခဲ့လေသည်။အထက်ပါအကြောင်းအရာကို အားလုံးသော သဖ်စီရ်ပညာရှင်(ဋီကာဖွဲ့သောပညာရှင်)များမှ လက်ခံထားကြသည်။ထိုအကြောင်းအရာသည် ဟဇ်ရသ်-သေ-ယာဟ်ယာ(အ.စ)နှင့်အေမာမ်ဟိုစိုင်းန်(အ.စ)တို့အကြား ရှဟီးဒ်ဖြစ်ပုံချင်းအလွန်တူညီမှုရှိနေကြောင်း မီးမောင်းထိုးပြနေပေသည်။(တူညီမှုများအတွင်းမှ တစ်ခုအနေဖြင့်တင်ပြရသော် နှစ်ပါးလုံးသည် ဦးခေါင်းဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့၏ဦးခေါင်းကို လင်ပန်းထဲသို့ ထည့်ခဲ့ကြလေသည်။ဗြာဒိတ်တော်များကို ပင့်ဆောင်ပို့ချပေးသော ဂျီဘ်ရာအီလ်သည် (အားလေအဘာ)ငါးပါးသော သူတို့၏နာမတော်များကို ဟဇ်ရသ် ဇကရီယာ(အ.စ)အား ပို့ချသွန်သင်ပေးခဲ့ရာ ဟဇ်ရသ်-သေ-ဇကရီယာ(အ.စ)သည် ၎င်းတို့၏နာမတော်များကို လိုက်လံရွတ်ဖတ်ခဲ့လေသည်။အေမာမ်ဟိုစိုင်းန်(အ.စ)၏နာမတော်မှလွဲ၍ ကျန်နာမတော်အားလုံးကို လိုက်လံရွတ်ဖတ်ခဲ့ရာတွင် ဟဇ်ရသ်-သေ-ဇကရီယာ(အ.စ)၏ နှလုံးသားအတွင်း၌ ပီတိဖြစ်ခဲ့ရသော်လည်း အေမာမ်ဟိုစိုင်းန်(အ.စ)နာမတော်ကို ရွတ်ဆိုခဲ့ရာတွင် သူ၏မျက်ဝန်းအစုံမှ မျက်ရည်များစီး၍ပင်ကျလာခဲ့သည်။ထိုအခါ အလ္လာဟိုအရှင်မြတ်သည် ဟဇ်ရသ်-သေ-ဇကရီယာ(အ.စ)အား ဝဟီ(ဗြာဒိတ်တော်)ပို့ချ၍ အေမာမ်ဟိုစိုင်းန်(အ.စ)၏ ဘဝကြံမ္မာတရားနှင့်ပတ်သက်ပြီး အသိပေးမိန့်ကြားတော်မူခဲ့လေသည်။ထိုအခါ ဟဇ်ရသ်-သေ-ဇကရီယာ(အ.စ)သည် လွန်စွာမှ ငိုကြွေးလျှက် မိမိကိုလည်း ဟိုစိုင်းန်(အ.စ)ကဲ့သို့သော ကြံမ္မာတရားရှိသည့် သားတော်လေးတစ်ပါး ချီးမြင့် မြှောက်စားရန် အလ္လာဟိုအရှင်မြတ်ထံသို့ တောင်းခံခဲ့လေသည်။ထိုသို့တောင်းခံရသည့် အကြောင်းအရင်းမှာ တမန်တော်မြတ်(ဆွ)ခံစားရသကဲ့သို့ မိမိသည်လည်းခံစားလိုသည့်အတွက် ဖြစ်ပေသည်။ထို့နောက်အလ္လဟိုအရှင်မြတ်သည် ယဟ်ယာအမည်ရှိသော သားတော်လေးတစ်ပါးကို ဟဇ်ရသ်-သေ-ဇကရီယာအား ချီးမြှင့်တော်မူခဲ့လေသည်။အေမာမ်ဟိုစိုင်းန်(အ.စ)သည် မက္ကာမြို့မှ ကရ်ဘလာဘက်သို့ သွားနေစဥ် ခရီးစဥ်တလျှောက်လုံး၌ ဟဇ်ရသ်-သေ-ယာဟ်ယာအား တမ်းတသတိရလျှက်ရှိနေခဲ့၏။ရေဝါယသ်တော်တွင် ဖေါ်ပြထားသည်မှာ အေမာမ်ဟိုစိုင်းန်(အ.စ)၏သွေးသည်လည်း ဟဇ်ရသ်ယာဟ်ယာ(အ.စ)၏သွေးကဲ့သို့ ဆူပွက်လာပေမည်။ထိုအခါ အလ္လာဟိုအရှင်မြတ်သည် ငြိမ်သက်သွားစေရန်အတွက် ဟဇ်ရသ်-သေ-ယာဟ်ယာကိုရှဟီးဒ်ပြုလုပ်ခဲ့သူများကို သွေးကြွေးပြန်ဆပ်သကဲ့သို့  မိုနာဖိက်၊ကာဖိရ်နှင့် အီမာန်(ယုံကြည်မှု)အားနည်းသူ အယောက်(၇၀၀၀၀)ကို သုတ်သင်ရှင်းလင်းပစ်မည်ဖြစ်ပေသည်။ရှီအာတို့၏အမြင်တွင် အေမာမ်ဟိုစိုင်းန်(အ.စ)နှင့်ပတ်သက်သည့် အခြားအာယသ်တော်များမှာ - စူရာ-ယေ-အဲဟ်ဇားဘ်အာယသ်တော်အမှတ်(၆)၊စူရာ-ယေ-နေဆာ အာယသ်တော်အမှတ်(၇၇)၊ စူရာ-ယေ-အစ်ရာအ် အာယသ်တော်အမှတ်(၂၇)နှင့် စူရာ-ယေ-ဖဂျ်ရ် အာယသ်တော်အမှတ်(၃၀)တို့ ဖြစ်သည်။(ရှီအာတို့သည် စူရာ-ယေ-ဖဂျ်ရ် အား အေမာမ်ဟိုစိုင်းန်(အ.စ)၏ စူရာ ဟု တင်စားထားကြလေသည်။အဘယ်ကြောင့်ဆိုသော် ထိုစူရာအတွင်း၌ အေမာမ်ဟိုစိုင်းန်(အ.စ)ရှဟီးဒ်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး ဖေါ်ပြထားသည့်အတွက် ဖြစ်လေသည်).
ရှီအာတို့အတွင်းမှ သဖ်စီးရ်ပညာရှင် ဆယိဒ်မိုဟမ္မဒ်ဟိုစိုင်းန်သွဘာသွဘာအီးသည် မိုဘာဟေလာဖြစ်စဉ်အား အစ္စလာမ်၏အစောပိုင်းတွင်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအတွင်းမှ တစ်ခုဖြစ်ကြောင်းနှင့် တမန်တော်မြတ်(ဆွ)အပါအဝင် အဲဟ်လေဘိုင်းသ်(အ.စ)တို့နှင့် နဂျရားန်ဒေသရှိ ခရစ်ယာန်ဘုန်းတော်ကြီးများအကြား ထိပ်တိုက်တွေ့ခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရေးသားဖေါ်ပြထားလေသည်။ထိုအဖြစ်အပျက်တွင် ခရစ်ယာန်ဘုန်းတော်ကြီးများမှ တမန်တော်မြတ်(ဆွ)ထံမှ မိမိသည် အရှင်မြတ်ဘက်မှ စစ်မှန်သော တမန်တော်ဟူက သက်သေပေးရန် တောင်းခံလာခဲ့လေသည်။ထိုသို့ဖြင့်နောက်ဆုံးတွင် တမန်တော်မြတ်(ဆွ)ဘက်မှ မိုဘာဟေလာ(အပြန်အလှန်လာအ်နသ်လုပ်ခြင်း)လုပ်မည်ဟု ချိန်းဆိုခဲ့လေသည်။နှစ်ဘက်လုံးမှ မိုဘာဟေလာပြုလုပ်ရန်အတွက် ကွင်းပြင်သို့ရောက်လာခဲ့ကြသည်။တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ အလီ(အ.စ)၊ဖှါတေမာသခင်မကြီး(စ.အ)၊ဟစန်(အ.စ)နှင့် ဟိုစိုင်းန်(အ.စ)တို့ပါလာသည်ကို ထိုဘုန်းတော်ကြီးများ မြင်တွေ့လိုက်ရသည့်အခါတွင် ထိုသူတို့နှင့်မိုဘာဟေလာပြုလုပ်မည်ဆိုပါက မိမိတို့သည် အသက်ချမ်းသာစွာဖြင့် အိမ်ပြန်ရောက်မည်မဟုတ်ကြောင်းကို သိလိုက်ကြလေသည်။အဘယ်ကြောင့်ဆိုသော် ကိုယ်တော်မြတ်(ဆွ)သည် မိမိ၏မိသားစုနှင့်အတူ ယုံကြည်ချက်အပြည့်ဖြင့် တည်ငြိမ်စွာမိုဘာဟေလာကွင်းပြင်သို့လာရောက်နေသည်ကို မြင်တွေ့လိုက်ရသည့်အတွက်ပင် ဖြစ်လေသည်။ရူးဟ်ဟွလ်မအာနီ သဖ်စီးရ်ကျမ်းတွင်လည်း ခရစ်ယာန်ဘုန်းတော်ကြီးများဘက်မှ သက်သေတောင်းခံမှုများအကြောင်းနှင့် တမန်တော်မြတ်(ဆွ)ဘက်မှ မိုဘာဟေလာလုပ်ရန် ဖိတ်ခေါ်ခြင်းအကြောင်းကို တင်ပြပြီးနောက် မိုဘာဟေလာအာယသ်တော်တွင် ပါဝင်သူများမှာ အလီ(အ.စ)၊ဖှါတေမာ(စ.အ)၊ဟစန်(အ.စ)နှင့် ဟိုစိုင်းန်(အ.စ)တို့သာဖြစ်ကြောင်း မီးမောင်းထိုးပြထားလေသည်။ဆက်လက်၍ရေးသားထားသည်မှာ ထိုအကြောင်းအရာသည် အဲဟ်လေဘိုင်းသ်(အ.စ)တို့၏ မြင့်မြတ်မှုနှင့် သက်ဆိုင်ပေသည်ဟု ဖြစ်သည်။ထို့အပြင် အဲဟ်လေစွန္နသ်တို့၏ သဖ်စီးရ်ပညာရှင်တစ်ဦးဖြစ်သူ ဖက်ခ်ရေရာဇီသည် မိမိ၏ သဖ်စီးရ်-ရေ-ကဘီးရ် အမည်ရှိသော သဖ်စီးရ်ကျမ်းတွင်လည်းကောင်း၊ဘိုင်ဒွာဝီဆိုသူသည် မိမိ၏ အန်ဝါးရ်ရွလ်သန်ဇီးလ်ကျမ်းတွင်လည်းကောင်း၊ မဟလ္လီနှင့် စိုယူတီသည် မိမိတို့၏ သဖ်စီးရ်-ရေ-ဂျလာလိုင်းန်ကျမ်း၌လည်းကောင်း၊ အိဘ်နေကစီးရ်သည် သဖ်စီးရ်-ရေ-ကုရ်အာန်နီလ်အဇွမ်းကျမ်း၌လည်းကောင်း၊အိဘ်နေအသွီယာအန်ဒလိုစီသည် အလ်မိုဟရရွလ်ဝဂျီးရ်ကျမ်းတွင် မိုဘာဟေလာတွင် ပါဝင်ခဲ့သူများသည် အလီ၊ဖှါတေမာ၊ဟစန်နှင့်ဟိုစိုင်း(အ.စ)တို့ဖြစ်ကြောင်းရေးသားထားကြလေသည်။
 
== '''အာယသ်-သေ-သွသ်ဟီးရ်''' ==
; ဟဒီးတော်များ
အလ္လာမာသွဘာသွာအီသည် မိမိ၏သဖ်စီးရ်းရွလ်မီဇာန်ကျမ်းတွင် အထက်ပါအာယသ်တော်နှင့်ပတ်သက်ပြီး ပြီးပြည့်စုံသော အကြောင်းအရာတစ်ခုအား ရေးသားတင်ပြထားခဲ့လေသည်။ဤအာယသ်တော်၏ဆိုလိုရင်းသည် ခြုံလွှာအောက်တွင် ရှိခွင့်ရခဲ့သော တမန်တော်မိုဟမ္မဒ်(ဆွ)၊အလီ၊ဖှာတေမာ၊ဟစန်၊ဟိုစိုင်းန်(အ.စ)တို့သာဖြစ်လေသည်။ထိုအကြောင်းအရာအပေါ်ထောက်ခံပေးထားသော ဟဒီးတော်ပေါင်း(၇၀)ကျော်ရှိပြီး ထိုဟဒီးစ်တော်များသည် များသောအားဖြင့်အဲဟ်လေစွန္နသ်တို့မှ ဆင့်ပြန်ထားသော ဟဒီးစ်တော်များပင်ဖြစ်လေသည်။ အဲဟ်လေစွန္နသ်တို့အကြား၎င်းဟဒီးစ်တော်အား ဆင့်ပြန်သောသူတို့မှာ အွမ္မေစလ်မာ၊အာယေရှာ၊အဘူစအီးဒ်ခဒ်ရီ၊စအ်ဒ်၊ဝါစေလာဟ်အိဘ်နေအစ်ကာအ်၊အဘီဟမ်ရာအ်၊အိဘ်နေအဘ္ဘားစ်၊တမန်တော်မြတ်(ဆွ)လွပ်လပ်ခွင့်ပေးခဲ့သော စောင်ဝ်ဘားန်အမည်ရှိကျေးကျွန်၊အဘ်ဒုလ္လာဟ်အိဘ်နေဂျာအ်ဖရ်၊အလီအိဘ်နေအဘီသွာလီဘ်(အ.စ)နှင့် ဟစန်အိဘ်နေအလီ(အ.စ)တို့ဖြစ်လေသည်။ယင်းဟဒီးစ်တော်အား ပုံစံပေါင်း(၄၀)နီးပါးဖြင့်ဆင့်ပြန်ထားသည်ကိုတွေ့ရှိရသည်။ ရှီအာတို့အကြား ဆင့်ပြန်ထားသော ရာဝီ(ရေဝါယသ်ဆင့်ပြန်သူ)များမှာ-အလီအိဘ်နေအဘီသွာလီဘ်(အ.စ)၊အလီအိဘ်နေဟိုစိုင်းန်(အ.စ)၊ဘာကီရ်(အ.စ)၊ဂျာအ်ဖရ်ဆွာဒီက်(အ.စ)၊အလီအိဘ်နေမူစရ်ရေဒွာ(အ.စ)၊အွမ္မေစလ်မာ၊အဘူဇရ်၊အဘီလိုင်လာ၊အဘူအစ်ဝဒ်-ဒေ-ဒိုဝလ္လီ၊အမ်ရ်အိဘ်နေမိုင်မိုနာအောင်ဝဒီနှင့်စအ်အိဘ်နေအဘီဝကားစ်တို့ဖြစ်ကြလေသည်။ ရှီအာတို့အကြားတွင် ပုံစံပေါင်း(၃၀)ကျော်ဖြင့် ဆင့်ပြန်ထားသည်ကိုတွေ့ရှိရပေသည်။အာလူစီသည် မိမိ၏တင်ပြမှုတွင် ၎င်းအာယသ်တော်၏ ဆိုလိုရင်းသည် အဲဟ်လေဘိုင်းသ်(အ.စ)ဖြစ်ကြောင်းကို ရေဝါယသ်အမျိုးမျိုးဖြင့် သက်သေထူတင်ပြပြီးနောက် ဟဒီးစ်-စေ-ကေဆာကို ထပ်မံမီးမောင်းထိုးတင်ပြပေးခဲ့သည်။၎င်းအပြင် သူသည် အဲဟ်လေဘိုင်းသ်(အ.စ)အား ခြုံလွှာအောက်တွင် ဝင်ခွင့်ရရှိခဲ့သူများဟု ဖေါ်ပြထားလေသည်။သို့သော် ၎င်းသည် အဲဟ်လေဘိုင်းသ်သည် အလွန်မှပင်သန့်စင်ပြီးအပြစ်မလုပ်သူများဟု ရှီအာတို့မှ ယုံကြည်ထားမှုကို ငြင်းဆိုခဲ့ပြီး အဲဟ်လေဘိုင်းသ်(အ.စ)သည် အပြစ်ကင်းစင်သူမဟုတ်ကြောင်းကို တပါတည်းဆက်လက်ဖေါ်ပြသွားခဲ့လေသည်။၎င်းသည် အဲဟ်လေဘိုင်းသ်(အ,စ)တို့နှင့်ပတ်သက်ပြီး ကနဦးကတည်းမှ အပြစ်မလုပ်သူဟူ၍ မယူဆထားပေ။ သွဘရီသည် ဂျာမေအွလ်ဘယားန်ဟူသည့် မိမိကျမ်းတွင် ဟဒီးစ်ပေါင်းမြောက်များစွာကို ရေးသားတင်ပြထား၍ ၎င်းအာယသ်တော်သည် အလီ၊ဖှာတေမာ၊ဟစန်၊ဟိုစိုင်းန်(အ.စ)တို့နှင့်သာသက်ဆိုင်ကြောင်းဖေါ်ပြထားလေသည်။ထို့အပြင် အဲဟ်လေဘိုင်းဟူသည်မှာလည်းထို ပုဂ္ဂိုလ်များသာလျှင်ဖြစ်ပေသည်ဟု ဆိုထားလေသည်။ဘိုင်ဒွာဝီသည် အန်ဝါးရွလ်သန်ဇီးလ်ကျမ်းတွင် ဆိုထားလေသည်မှာ ရှီအာတို့သည် အလီနှင့်ဖှာတေမာ(အ.စ)တို့အပြင်၎င်းတို့၏သားတော်နှစ်ပါးနှင့်ပတ်သက်ပြီးအပြစ်ကင်းစင်ကြောင်းကို ဤအာယသ်တော်အား သက်သေပြု၍ ဖေါ်ထုတ်တင်ပြကြလေသည်။သို့သော် ယင်းအာယသ်တော်မတိုင်မီအာယသ်တော်နှင့် ယင်းအာယသ်တော်ပြီးနောက် လာသောအာယသ်တော်များကို ထောက်ရှု့ကြည့်မည်ဆိုပါက ၎င်းတို၏တင်ပြ အထောက်အထားပေးမှုသည် ခိုင်လုံမှုမရှိကြောင်းပေါ်လွင်နေပါသည်။ထို့အပြင် ဟဒီးစ်တော်များသည်လည်း ၎င်းသူတို့သည် တမန်တော်မြတ်(ဆွ)၏အနွယ်တော်များဖြစ်ကြောင်းကိုသာ သက်သေထူနေပါသည်ဟု ဖြစ်သည်။ဖက်ခ်-ရေ-ရာဇီသည် မိမိ၏သဖ်စီးရ်-ရေ-ကဘီးရ်ကျမ်းတွင် ယင်းအာယသ်တော်နှင့်ပတ်သက်၍ အဲဟ်လေဘိုင်းသ်(အ.စ)သည် မည်သူမည်ဝါတို့ဖြစ်သည်ကို အမြင်အမျိုးမျိုးဖေါ်ပြထားကြလေသည်။သို့သော် ခိုင်လုံမှုရှိသော အမြင်မှာ အဲဟ်လေဘိုင်းသ်(အ.စ)ဟူသည်မှာ တမန်တော်မြတ်(ဆွ)၏သားသမီးများ၊ဖှာတေမာ(စ.အ)၊အလီ(အ.စ)၊ဟစန်(အ.စ)၊ဟိုစိုင်းန်(အ.စ)နှင့် ကိုယ်တော်မြတ်(ဆွ)၏ကြင်ယာတော်များသာဖြစ်ပေသည် ဟုရေးသားထားလေသည်။အိဘ်နေကစီးရ်သည် အလ်ကုရ်အာန်နီလ်အဇီးမ်သဖ်စီးရ်ကျမ်းတွင် တမန်တော်မြတ်(ဆွ)သခင်မကြီးဖှာတေမာ(စ.အ)အိမ်တော်သို့ (၆)လတိတိ နမားဇ်ပြီးတိုင်းသွားရောက်ကာ စလာမ်ဆိုပြီး နမားဇ်အတွက် ဖိတ်ခေါ်သည့် ရေဝါယသ်တော်အပြင် ဟဒီးစ်-စေ-ကေစာကိုပါ ဆင့်ပြန်ထားသည်ကို တွေ့ရှိရပေသည်။အိဘ်နေအသွီယာသည် မိုဟရ်ရီလ်လွလ်ဝဂျီးဟ်ကျမ်းတွင် တမန်တော်မြတ်(ဆွ)၏ ဟဒီးတော်တစ်ပုဒ်ကို ဆင့်ပြန်ပြီးနောက် ယင်းအာယသ်တော်သည် ကိုယ်တော်မြတ်(ဆွ)၊အလီ၊ဖှာတေမာ၊ဟစန်နှင့်ဟိုစိုင်းန်(အ,စ)တို့နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သော အာယသ်တော်ဖြစ်သည်ဟု ရေးသားထားလေသည်။မာတိုရီဒီသည် သာအ်ဝီလားသ်သွလ်အဲဟ်လေစွန္နသ်ကျမ်းတွင် ရှီအာတို့သည် ဟဒီးစ်-စေ-ကေဆာကို အထောက်အထားပြု၍ ယင်းအာယသ်တော်သည် အဲဟ်လေဘိုင်းသ်(အ.စ) အလီ၊ဖှာတေမာ၊ဟစန်နှင့်ဟိုစိုင်းန်(အ,စ)တို့နှင့်ပတ်သက်ပြီး ကျရောက်သည်ဟု ယူဆထားကြလေသည်ဟု ဖေါ်ပြထားလေသည်။
 
=== အာယာ-ယေ-မိုဝဒ်ဒသ် ===
အလ်မီဇာန်းသဖ်စီးရ်ကျမ်းတွင် စူရာ-ယေ-ရှူရာ မုက္ခပတ်တော်၂၃နှင့်ပတ်သက်ပြီး«مَوَدَّتِ قُربیٰ»،  ဟူသော အဓိပ္ပါယ်သည် အဲဟ်လေဘိုင်းသ်(အလီ၊ဖှါတေမာ၊ဟစန်နှင့်ဟိုစိုင်းန်)(အ.စ)တို့သာဖြစ်ကြောင်းကို စမ်းစစ်လေ့လာကာ သဖ်စီးရ်ပညာရှင်အသီးသီးတို့မှ မိမိတို့၏အမြင်များကို သဖ်စီးရ်ပြုတင်ပြထားမှုကို တင်ပြရင်း ထိုအကြောင်းအရာအပေါ်မီးမောင်းထိုးပြထားသော အဲဟ်လေစွန္နသ်တို့၏ရေဝါယသ်တော်များအပြင် ရှီအာတို့၏ရေဝါယသ်တော်များကိုပါ ရေးသားထားလေသည်။အာလူစီသည် ယင်းအာယသ်တော်ကို သဖ်စီးရ်ပြုလုပ်ရာတွင် အိဘ်နေအဘ္ဘားစ်မှ ဆင့်ပြန်ခဲ့သော ရေဝါယသ်တော်တစ်ခုအားတင်ပြခဲ့သည်မှာ - «قُربیٰ» သည်မည်သူတို့ဖြစ်သနည်းဟု တမန်တော်မြတ်ကြီး(ဆွ)အား မေးခဲ့ရာ ကိုယ်တော်မြတ်(ဆွ)မှ အလီ၊ဖှာတေမာ၊ဟစန်နှင့်ဟိုစိုင်းန်(အ,စ)တို့ဖြစ်ကြောင်းပြန်လည်ဖြေကြားတော်မူခဲ့လေသည်။ဟုဖြစ်သည်။ထို့နောက် အာလူစီသည် ရှာမ်မြို့မှ လူတစ်ဦးသည် အလီအိဘ်နေဟိုစိုင်းန်(အ.စ)နှင့်တွေ့ဆုံစကားပြောခဲ့သည့်အခါ အလီအိဘ်နေဟိုစိုင်းန်(အ.စ)မှ ယင်းအာယသ်တော်ကို ရွတ်ဖတ်သရဇ္ဇာယ်ခဲ့ပြီး အထောက်အထားပြုခဲ့ကြောင်းကိုပါ ရေးသားထားသည်။ထို့အပြင် ၎င်းမှ ယင်းအာယသ်တော်သည် အဲဟ်လေဘိုင်း(အ.စ)တို့နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည်ဟု သက်သေပေးထားသော ဟဒီးစ်တော်ပေါင်းများစွာရှိနေကြောင်းနှင့် ၎င်းတို့ကိုရေတွက်၍ပင်မရနိုင်လောက်အောင်များပြားကြောင်း ဆိုထားလေသည်။ထို့နောက် ယင်းအာယသ်တော်နှင့်ပတ်သက်ပြီးရေးသားနိဂုံးချုပ်ရာတွင် ဟဒီးစ်-စေ-စဖီနာ ကိုရေးသားကာနိဂုံးချုပ်ခဲ့လေသည်။တဘက်မှလည်းရူးဟ်ဟွလ်မအာနီကျမ်းတွင် ယင်းအာယသ်တော်အား အကိုးအကားပြုကာ အဲဟ်လေဘိုင်းသ်(အ.စ)သည်သာ အေမာမ်ဖြစ်ကြောင်းကို ရှီအာတို့မှ ဖေါ်ထုတ်ထားမှုကို ငြင်းဆိုဆန့်ကျင်ပြီး ရေးသားထားသည်မှာ ယင်းအာယသ်တော်သည် အဲဟ်လေဘိုင်းသ်(အ.စ)တို့အပေါ်အချစ်ထားဖို့ရန်သာ မိန့်ဆိုထားခြင်းဖြစ်ပြီး ၎င်းတို့၏အမိန့်ကို လိုက်နာရန်တာဝန်ရှိကြောင်း ဖေါ်ကျူးထားခြင်းမရှိပါ။ဟုဖြစ်လေသည်။သွဘရီသည် ဂျမေအွလ်ဘယားန်ကျမ်းတွင် ဤအာယသ်တော်အားသဖ်စီးရ်ပြုလုပ်ရာတွင် «قُربیٰ»နှင့်ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုးကို တင်ပြကာ ၎င်း၏အဓိပ္ပါယ်သည် တမန်တော်မြတ်(ဆွ)ဆွေမျိုးတော်များဟု ရေးသားထားလေသည်။ဖက်ခ်ရေရာဇီသည် သဖ်စီးရ်ကဘီးရ်ကျမ်းတွင် ဇမခ်ရှရီ၏သဖ်စီးရ်-ရေ-ကရှားဖ်တွင် တင်ပြထားမှုအတိုင်းရေးသားထားလေသည်။ အိဘ်နေအသွီယာသည်လည်း အလ်မိုဟ်ရရုလ်ဝဂျီးဇ်ကျမ်းတွင် ရေးသားထားသည်မှာ «قُربیٰ»သည်မည်သူတို့နည်းဟု တမန်တော်မြတ်ကြီး(ဆွ)အားမေးခဲ့ကြရာ တမန်တော်မြတ်(ဆွ)မှ «قُربیٰ»ဟူသည့်ဝေါဟာရ၏ဆိုလိုရင်းသည် အလီ၊ဖှာတေမာ၊ဟစန်နှင့်ဟိုစိုင်းန်(အ,စ)တို့ဖြစ်သည်ဟု ပြန်လည်ဖြေကြားတော်မူခဲ့လေသည်ဟုဖြစ်သည်။ အိဘ်နေကစီးရ်သည် အလ်ကုရ်အာန်နီလ်အဇီးမ်သဖ်စီးရ်ကျမ်းတွင် အလီအိဘ်နေဟိုစိုင်းန်(အ.စ)အားဒမစ်ကစ်သို့ ဖမ်းဆီးခေါ်ဆောင်သွားစဥ် «قربیٰ» နှင့်ပတ်သက်ပြီး မည်သူတို့ဖြစ်ကြောင်း မေးမြန်းလာမှုကို အလီအိဘ်နေဟိုစိုင်းန်(အ.စ)မှ ပြန်လည်ဖြေကြားခဲ့သည့် အကြောင်းအရာကိုရေးသားထားလေသည်။
 
==== အေမာမ်ဟိုစိုင်းန်(အ.စ)၏ကြံမ္မာတရားနှင့်ပတ်သက်ပြီး ကုရ်အာန်နှင့်ဟဒီးတော်တို့မှ ကြိုတင်၍မိန့်ဆိုထားမှုများ ====
 
;=== ကျမ်းတော်မြတ်ကုရ်အာန် ===
 
 
စူရာ-ယေ-အဲဟ်ကားက် မုက္ခပတ်တော်(၁၄)နှင့်(၁၅)တို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့်ပတ်သက်၍ မိန့်ဆိုထားမှုသည် သခင်မကြီးဖှာတေမာ(အ.စ) အားရည်ညွှန်း ခြင်း ဖြစ်ပြီး ကလေးသည်ဟိုစိုင်းန်(အ,စ)ဖြစ်ကြောင်း ဖေါ်ပြထားလေသည်။ အလ္လာဟိုအရှင် မြတ် သည် တမန်တော်မြတ်(ဆွ)အား မိမိ၏မြေးတော်၏ ကြံမ္မာတရာနှင့် ပတ်သက်ပြီး သ တင်းပေးမိန့်ကြားသည့်အခါ တမန်တော်ြမတ်ကြီးသည် ထိုအကြောင်းအရာကို သမီးတော် ဖှါတေမာ(စ.အ)အား ပြန်လည်ပြောကြားခဲ့လေသည်။ထိုအခါ သမီးတော်(စ.အ)သည် လွန် စွာပင် ဝမ်းနည်းကြေကွဲခဲ့လေသည်။အလ္လာဟိုအရှင်မြတ်သည် ဟဇ်ရသ်ဇကရီယာ(အ.စ) အား ငါးပါးသောသူတို့နှင့်ပတ်သက်ပြီး သွန်သင်ခဲ့ရာတွင် စူရာယေမရ်ယမ်၏ ပထမဦးဆုံးသော (کهیعص) မုက္ခပတ်တော်ကိုလည်း သွန်သင်ပေးခဲ့ပြီး ၎င်းအာယသ်တော်၏ အနက်အဓိပ္ပါယ်ကိုလည်း ဖေါ်ပြခဲ့လေသည်။ ( ک)၏အဓိပ္ပါယ်မှာ ကရ်ဘလာ၊ (ه)၏အဓိပ္ပါယ်မှာ ပျက်သုဥ်းခြင်း၊ (ی)သည် ယဇီးဒ်၊(ع)သည် ရေဆာလောင်မှု နှင့် (ص) သည် ခံသီးတရားဟူ၍ သင်ကြားပို့ချပေးခဲ့လေသည်။အထက်ပါအကြောင်းအရာကို အားလုံးသော သဖ်စီရ်ပညာရှင်(ဋီကာဖွဲ့သောပညာရှင်)များမှ လက်ခံထားကြသည်။ထိုအကြောင်းအရာသည် ဟဇ်ရသ်-သေ-ယာဟ်ယာ(အ.စ)နှင့်အေမာမ်ဟိုစိုင်းန်(အ.စ)တို့အကြား ရှဟီးဒ်ဖြစ်ပုံချင်းအလွန်တူညီမှုရှိနေကြောင်း မီးမောင်းထိုးပြနေပေသည်။(တူညီမှုများအတွင်းမှ တစ်ခုအနေဖြင့်တင်ပြရသော် နှစ်ပါးလုံးသည် ဦးခေါင်းဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့၏ဦးခေါင်းကို လင်ပန်းထဲသို့ ထည့်ခဲ့ကြလေသည်။ဗြာဒိတ်တော်များကို ပင့်ဆောင်ပို့ချပေးသော ဂျီဘ်ရာအီလ်သည် (အားလေအဘာ)ငါးပါးသော သူတို့၏နာမတော်များကို ဟဇ်ရသ် ဇကရီယာ(အ.စ)အား ပို့ချသွန်သင်ပေးခဲ့ရာ ဟဇ်ရသ်-သေ-ဇကရီယာ(အ.စ)သည် ၎င်းတို့၏နာမတော်များကို လိုက်လံရွတ်ဖတ်ခဲ့လေသည်။အေမာမ်ဟိုစိုင်းန်(အ.စ)၏နာမတော်မှလွဲ၍ ကျန်နာမတော်အားလုံးကို လိုက်လံရွတ်ဖတ်ခဲ့ရာတွင် ဟဇ်ရသ်-သေ-ဇကရီယာ(အ.စ)၏ နှလုံးသားအတွင်း၌ ပီတိဖြစ်ခဲ့ရသော်လည်း အေမာမ်ဟိုစိုင်းန်(အ.စ)နာမတော်ကို ရွတ်ဆိုခဲ့ရာတွင် သူ၏မျက်ဝန်းအစုံမှ မျက်ရည်များစီး၍ပင်ကျလာခဲ့သည်။ထိုအခါ အလ္လာဟိုအရှင်မြတ်သည် ဟဇ်ရသ်-သေ-ဇကရီယာ(အ.စ)အား ဝဟီ(ဗြာဒိတ်တော်)ပို့ချ၍ အေမာမ်ဟိုစိုင်းန်(အ.စ)၏ ဘဝကြံမ္မာတရားနှင့်ပတ်သက်ပြီး အသိပေးမိန့်ကြားတော်မူခဲ့လေသည်။ထိုအခါ ဟဇ်ရသ်-သေ-ဇကရီယာ(အ.စ)သည် လွန်စွာမှ ငိုကြွေးလျှက် မိမိကိုလည်း ဟိုစိုင်းန်(အ.စ)ကဲ့သို့သော ကြံမ္မာတရားရှိသည့် သားတော်လေးတစ်ပါး ချီးမြင့် မြှောက်စားရန် အလ္လာဟိုအရှင်မြတ်ထံသို့ တောင်းခံခဲ့လေသည်။ထိုသို့တောင်းခံရသည့် အကြောင်းအရင်းမှာ တမန်တော်မြတ်(ဆွ)ခံစားရသကဲ့သို့ မိမိသည်လည်းခံစားလိုသည့်အတွက် ဖြစ်ပေသည်။ထို့နောက်အလ္လဟိုအရှင်မြတ်သည် ယဟ်ယာအမည်ရှိသော သားတော်လေးတစ်ပါးကို ဟဇ်ရသ်-သေ-ဇကရီယာအား ချီးမြှင့်တော်မူခဲ့လေသည်။အေမာမ်ဟိုစိုင်းန်(အ.စ)သည် မက္ကာမြို့မှ ကရ်ဘလာဘက်သို့ သွားနေစဥ် ခရီးစဥ်တလျှောက်လုံး၌ ဟဇ်ရသ်-သေ-ယာဟ်ယာအား တမ်းတသတိရလျှက်ရှိနေခဲ့၏။ရေဝါယသ်တော်တွင် ဖေါ်ပြထားသည်မှာ အေမာမ်ဟိုစိုင်းန်(အ.စ)၏သွေးသည်လည်း ဟဇ်ရသ်ယာဟ်ယာ(အ.စ)၏သွေးကဲ့သို့ ဆူပွက်လာပေမည်။ထိုအခါ အလ္လာဟိုအရှင်မြတ်သည် ငြိမ်သက်သွားစေရန်အတွက် ဟဇ်ရသ်-သေ-ယာဟ်ယာကိုရှဟီးဒ်ပြုလုပ်ခဲ့သူများကို သွေးကြွေးပြန်ဆပ်သကဲ့သို့  မိုနာဖိက်၊ကာဖိရ်နှင့် အီမာန်(ယုံကြည်မှု)အားနည်းသူ အယောက်(၇၀၀၀၀)ကို သုတ်သင်ရှင်းလင်းပစ်မည်ဖြစ်ပေသည်။ရှီအာတို့၏အမြင်တွင် အေမာမ်ဟိုစိုင်းန်(အ.စ)နှင့်ပတ်သက်သည့် အခြားအာယသ်တော်များမှာ - စူရာ-ယေ-အဲဟ်ဇားဘ်အာယသ်တော်အမှတ်(၆)၊စူရာ-ယေ-နေဆာ အာယသ်တော်အမှတ်(၇၇)၊ စူရာ-ယေ-အစ်ရာအ် အာယသ်တော်အမှတ်(၂၇)နှင့် စူရာ-ယေ-ဖဂျ်ရ် အာယသ်တော်အမှတ်(၃၀)တို့ ဖြစ်သည်။(ရှီအာတို့သည် စူရာ-ယေ-ဖဂျ်ရ် အား အေမာမ်ဟိုစိုင်းန်(အ.စ)၏ စူရာ ဟု တင်စားထားကြလေသည်။အဘယ်ကြောင့်ဆိုသော် ထိုစူရာအတွင်း၌ အေမာမ်ဟိုစိုင်းန်(အ.စ)ရှဟီးဒ်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး ဖေါ်ပြထားသည့်အတွက် ဖြစ်လေသည်).
 
;=== ဟဒီးတော်များ ===
အေမာမ်ဟိုစိုင်းန်(အ,စ)ဖွားမြင်တော်မူသည့်အခါ ဂျိဘ်ရာအီလ်သည် တမန်တော်မြတ်(ဆွ)ထံသို့ရောက်လာပြီးလျှင် "အိုရစူလ် တနေ့၌ အသင့်၏နောက်လိုက်သား(အွမ္မသ်)တို့သည် ဟိုစိုင်းန်(အ.စ)အား လုပ်ကြံသတ်ဖြတ်ရှဟီးဒ်ပြုလုပ်ကြလိမ့်မည်။ထို့အပြင် အသင့်နောက်ဆက်ခံမည့်အေမာမ်များသည် သူ့၏အဆက်အနွယ်မှ ဖြစ်ပေမည်"ဟု ပြောဆိုခဲ့သည်။တမန်တော်မြတ်ကြီး(ဆွ)သည် အေမာမ်ဟိုစိုင်န်း(အ.စ)လုပ်ကြံခံရမည့်သတင်းကို မိမိ၏သာဝကတို့အား မိန့်ကြားခဲ့လေသည်ဟု ရေဝါယသ်တော်များတွင် ဖေါ်ပြထားလေသည်။အလ္လာဟိုအရှင်မြတ်သည်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မိမိ၏တမန်တော်အပေါင်းတို့အား မိန့်ကြားတော်မူခဲ့လေသည်။ထိုအတိုင်းပင် (တမန်တော်မြတ်(ဆွ)၏သတင်းပေးမှုအရ)အလီ(အ.စ)သည်လည်း ထိုအကြောင်းအရာကို သိထားခဲ့သည်။တနေ့သောအခါ အလီ(အ.စ)သည် တစ်နေရာသို့ခရီးထွက်လာရင်း ကရ်ဘလာမှဖြတ်သန်းခဲ့လေသည်။ထိုနေရာမှ ဖြတ်သန်းသည့်အခါ သားတော်ဟိုစိုင်းန်(အ.စ)နှင့်ပတ်သက်ပြီး တမန်တော်မြတ်ကြီး(ဆွ)၏အဆိုအမိန့်ကို သတိရလာ၍ ထိုနေရာတွင်ခေတ္တခဏရပ်လျှက် ဝမ်းနည်းပူဆွေးကာ ငိုကြွေးခဲ့လေသည်။ထို့နောက် အေမာမ်အလီ(အ.စ)သည် ကရ်ဘလာအား ဋီကာဖွဲ့ရှင်းပြခဲ့သည်မှာ (کرب)သည် ဝမ်းနည်းခြင်းဖြစ်ပြီး (بلا)သည် စမ်းသပ်ခြင်းဖြစ်သည် ဟုဖြစ်လေသည်။ထို့အပြင်မိန့်ကြားတော်မူလေသည်မှာ ထိုနေရာ၌ရှဟီးဒ်ဖြစ်မည့်သူအားလုံးတို့သည် စစ်ဆေးမေးမြန်းမှု မရှိပဲ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြပေလိမ့်မည်ဟု ဖြစ်ပေသည်။
 
Line ၂၂၂ ⟶ ၂၃၅:
 
 
အေမာမ်ဟိုစိုင်းန်(အ.စ)သည် နောင်တော် အေမာမ်ဟစန်နောင်တော်အေမာမ်ဟစန်(အ.စ)အား အလွန်မှပင် အရိုအသေပေးခဲ့သည်။ မည်သို့သောအခါမျှ မိမိနောင်တော်အပေါ် စောဒက တက်မှုမပြုလုပ်ခဲ့ပေ။မိုဟမ္မဒ်ဟနဖီးယားသည်လည်း အေမာမ်ဟိုစိုင်းန်(အ.စ)လက်ထက်တွင် အေမာမ်ဟိုစိုင်းန်(အ.စ)အား ဤသို့ပင်ဆက်ဆံခဲ့လေသည်။အေမာမ်ဟစိုင်းန်(အ.စ)သည် အလွန်မှပင် ဂရုဏာတရားရှိသူ တစ်ဦးဖြစ်လေသည်။ထို့ဂုဏ်တော်နှင့်ပတ်သက်ပြီး မဒီနာမြို့အတွင်း သင်းပျံ့နေခဲ့၏။ ကျေးကျွန်များနှင့် ကျေးကျွန်မတို့အား လိမ်မာရေးခြားရှိမှုကြောင့် လွပ်လပ်မှုပေးလေ့ရှိခဲ့သည်။ရေဝါယသ်တော်တစ်ခု၌ဖေါ်ပြထားလေသည်မှာ မိုအာဝေယာသည် အေမာမ်ဟိုစိုင်းန်(အ.စ)ထံသို့ ပစ္စည်းဥစ္စာနှင့် အဝတ်အစားအပြည့်အစုံဖြင့် ကျေးကျွန်မတစ်ဦးအား စေလွှတ်ခဲ့လေသည်။ထိုကျေးကျွန်မသည် အေမာမ်ဟိုစိုင်းန်(အ.စ)ထံသို့ရောက်ရှိလာသည့်အခါ ထိုကျေးကျွန်မမှ လောကကြီးနှင့်သေခြင်းတရားအကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန်၏အာယသ်တော်များနှင့် ကဗျာအလင်္ကာများရွတ်ကာ ပြောဆိုခဲ့သည်ကို လွန်စွာမှပင် နှစ်တော်မူခဲ့သည့်အတွက် ၎င်းသူမအား လွပ်လပ်ခွင့်ပေးခဲ့သည့်အပြင် ထိုပစ္စည်းဥစ္စာများကို သူမအား ပေးခဲ့လေသည်။တနေ့သောအခါတွင် အေမာမ်ဟိုစိုင်းန်(အ.စ)၏ကျေးကျွန်တစ်ဦးသည် အမှားအယွင်းတစ်ခုပြုလုပ်ခဲ့ပြီးနောက် «والعافین عن‌الناس»(အရှင်မြတ်သည် လူသားတို့အားခွင့်လွှတ်ပေးသနားတော်မူသောအရှင်ဖြစ်ပေသည်) ဆိုသည့်အာယသ်တော်ကို ရွတ်ဆိုခဲ့သည့်အတွက်သူ့အား ခွင့်လွှတ်ပေးခဲ့သည်။ထို့နောက်တွင် ၎င်းကျေးကျွန်သည်«واللّه یحب‌المحسنین»(ဧကန်အမှန် အလ္လာဟိုအရှင်မြတ်သည် ကောင်းမှုပြုသူတို့အား နှစ်သက်တော်မူပေ၏)ထပ်မံရွတ်သည့်အခါ အေမာမ်ဟိုစိုင်းန်(အ။စ)သည် ၎င်း၏ထိုအပြုအမူကို နှစ်သက်တော်မူသွားသည့်အတွက် လွပ်လပ်ခွင့်ပေးခဲ့သည်။အေမာမ်ဟိုစိုင်းန်(အ.စ)သည် အိုစာမာအိဘ်နေဇိုင်းဒ် နာမကျန်းဖြစ်နေစဥ်၌ ၎င်းပေးရမည့်အကြွေးကို သူ့ဘက်မှပေးချေပေးခဲ့လေသည်။ရေဝါယသ်တော်တစ်ခုတွင် လာရှိထားသည်မှာ အေမာမ်ဟိုစိုင်းန်(အ.စ)သည် မိမိရရှိခဲ့သော အမွေများကို မိမိလက်ဝယ်သို့မရောက်မီ မရှိဆင်းရဲသားများအား ပေးဝေခဲ့လေသည်။ ၎င်းအပြင် လူတစ်ဦးပေးရမည့်အကြွေးကိုလည်း အကြွေးရှင်အား မေးခွန်း(၃)ခုမေးခဲ့ပြီး မေးခွန်းများကိုမှန်ကန်စွာဖြေနိုင်ခဲ့သည့်အတွက် ၎င်းသူပေးရမည့်အကြွေးကို ထိုအကြွေးရှင်အား ပေးချေပေးခဲ့သည်။ထို့နောက် မိမိ၏လက်စွပ်တော်ကို ထိုမရှိဆင်းရဲသားအား ပေးသနားခဲ့လေသည်။ထိုအနေအထားများကို မြင်တွေ့နေခဲ့သော ယဟူဒီ ဇနီးမောင်နှံတို့သည် အေမာမ်ဟိုစိုင်းန်(အ.စ)၏ ကိုယ်ကျင့်တရားကို လေးစားခဲ့ကြပြီး အီမာန်ယူခဲ့ကြလေသည်။ထို့အပြင် အေမာမ်ဟိုစိုင်းန်(အ.စ)သည် မိမိ၏သားသမီးများကို ပညာသင်ကြားပေးသည့် ဆရာအား ပစ္စည်းဥစ္စာများချီးမြှင့်ခဲ့လေသည်။ထိုသို့ချီးမြှင့်ရင်း ဤပစ္စည်းများသည် ပညာသင်ကြားပေးသည့်အတွက် အဖိုးအခပေးခြင်းမဟုတ်ကြောင်းကိုလည်း မိန့်တော်မူခဲ့လေသည်။တစ်နေ့သောအခါတွင် ရှာမ်မြို့မှ လာရောက်သူတစ်ဦးသည် အေမာမ်အလီ(အ.စ)နှင့် အေမာမ်ဟိုစိုင်းန်(အ.စ)အား မကောင်းပြောဆိုခဲ့သည့်အခါ အေမာမ်ဟိုစိုင်းန်(အ.စ)သည် ၎င်းသူအားခွင့်လွှတ်ပေးခဲ့ပြီး၎င်းသူအပေါ်ဂရုဏာတရားထား၍ ပြန်လည်ဆက်ဆံခဲ့လေသည်။အေမာမ်ဟိုစိုင်းန်(အ.စ)သည် မိမိအသက်ရှိစဥ်ကာလ၌ မရှိဆင်းရဲသားတို့ထံ အစားအသောက်များထမ်းရွက်ကာ လိုက်လံပို့ဆောင်ပေးခဲ့သော ဒဏ်ရာများသည် အာရှူရာနေ့ရောက်သည့်အခါမှ ပေါ်လွင်သွားခဲ့လေသည်။
 
== အေမာမ်ဟိုစိုင်း(အ.စ)အားလူတို့ယုံကြည်ခြင်း ==
အေမာမ်ဟိုစိုင်းန်(အ.စ)၏အေမာမ်ဖြစ်ခြင်းနှင့် မာအ်စူမ်(၁၄)ပါးအတွင်း၌ တစ်ပါးအပါအဝင်ဖြစ်ခြင်းအပေါ် တစ်လောကလုံးရှိ ရှီအာတို့သည် ကနဦးကတည်းမှ ယုံကည်လက်ခံထားခဲ့ကြသည်။ထို့အပြင် အေမာမ်ဟိုစိုင်းန်(အ.စ)၏ သွေးနှင့်ပတ်သက်ပြီး  အံ့အားသင့်ဖွယ်ရာ(မော့အ်ဂျေဇာ)များ အမြောက်အများရှိခဲ့သည်။ထို့အပြင် ယဇီးဒ်၏နန်းတော်အတွင်း အေမာမ်ဟိုစိုင်းန်(အ.စ)၏ ခန္ဓာမရှိသော ဦးခေါင်းမှ စကားပြောလာသည့်အတွက် ရောမမှ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးပင် အေမာမ်ဟိုစိုင်းန်(အ.စ)အပေါ်မျက်ရည်ကျခဲ့သည် စသဖြင့်အကြောင်းအရာတို့သည် အေမာမ်ဟိုစိုင်းန်(အ.စ)အပေါ် ယုံကြည်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။
 
 === '''အေမာမ်ဟိုစိုင်းန်(အ.စ)ဖွားမြင်ချိန်တွင် ဖြစ်ပွားခဲ့သော (ကရာမသ်)အံအားသင့်ဖွယ်ရာများ''' ===
 
အေမာမ်ဟိုစိုင်းန်(အ.စ)သည် ဖွားမြင်ချိန်မရောက်မီ သုံးလစော၍ လောကကြီးသို့ရောက်လာခဲ့လေသည်။ထိုအတိုင်းပင် အီစာနဗီ(အ.စ)နှင့်ယာဟ်ယာနဗီ(အ.စ)တို့လည်း ပုံမှန်ထက်စော၍ ဖွားမြင်ခဲ့ကြလေသည်။တမန်တော်မြတ်ကြီး(ဆွ)သည် အေမာမ်ဟိုစိုင်းန်(အ.စ)အား ရက်ပေါင်း(၄၀)တိုင်တိုင် မိမိကိုယ်တော်တိုင် ပြုစုစောင့်ရှောက်ခဲ့လေသည်။၎င်းအပြင် မိမိ၏လက်စွပ်တော်ကို မြေးတော်ဟိုစိုင်းန်(အ.စ)၏နုတ်တော်အတွင်းသို့ ထည့်ထားပေးလေ့ရှိသလို တစ်ခါတစ်ရံ မိမိ၏တံတွေးတော်ကို မြေးတော်အား တိုက်ကြွေးလေ့ရှိခဲ့သည်။အေမာမ်ဟိုစိုင်းန်(အ.စ)မွေးဖွားလာခဲ့ချိန်တွင် အေမာမ်ဟိုစိုင်းန်(အ.စ)၏မွေးနေ့ပွဲအခမ်းအနားကို တက်ရောက်ရန်အတွက် ကောင်းကင်ဘုံမှ မလာအေကာအပေါင်း (၁၀၀၀)ကျော်ဆင်းသက်ခဲ့လေသည်။ထို့သို့မွေးဖွားလာချိန်တွင် ဂျီဘ်ရာအီလ်(ကောင်းကင်တမန်)သည် ဆင်းသက်လာပြီးအရှင်မြတ်ဘက်မှ မင်္ဂလာသတင်းပါးလိုက်မှုကို သယ်ဆောင်လာခဲ့လေသည်။ထို့အပြင် မိမိနှင့်အတူ ကရ်ဘလာမှ မြေကြီးတစ်စုပ်ကိုလည်း တမန်တော်မြတ်ကြီး(ဆွ)အားပေးအပ်ခဲ့သည်။ ဂျိဘ်ရာအိလ်သည် မိခင်ဖှာတေမာ(စ.အ)အိပ်နေစဥ်တွင် ကလေးကိုစောင့်ရှောက်ပေးလေ့ရှိသည်။ဖှိသ်ရို့စ်မည်သော ကောင်းကင်တမန်တပါးသည် အရှင်မြတ်ဘက်မှ ပေးသောအပြစ်ကြောင့် မိမိ၏အတောင်ပံများ ကျိုးသွားခဲ့လေသည်။သို့သော် အေမာမ်ဟိုစိုင်းန်(အ.စ)ဖွားမြင်တော်မူပြီးနောက်ပိုင်းတွင် ပြန်လည်ကောင်းသွားခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အ.စ)၏ဖွားမြင်တော်မူခြင်းအပေါ် မင်္ဂလာသတင်းစကားပြောကြားဖို့ရန်အတွက် လာနေသောကြသော ကောင်းကင်တမန်အုပ်စုကြီးတစ်စုနှင့် ဖှိသ်ရို့စ် မည်သော ကောင်းကင်တမန်သည် လမ်း၌ဆုံခဲ့လေသည်။ထို့နောက်ဖှသ်ရို့စ်သည် မိမိကိုလည်း ၎င်းတို့နှင့်အတူ လိုက်ပါခွင့်ပြုရန်တောင်းဆိုခဲ့လေသည်။ထိုသို့ဖြင့် အေမာမ်ဟိုစိုင်းန်(အ.စ)၏ အိမ်သို့ရောက်လာပြီးနောက် ဖှိသ်ရို့စ်သည် မိမိ၏အတောင်ပံအား အေမာမ်ဟိုစိုင်းန်(အ.စ)၏ခန္ဓာကိုယ်နှင့် ပွတ်သပ်ခဲ့မှုကြောင့် မိမိ၏အတောင်ပံသည် ပြန်လည်ကောင်းမွန်သွားခဲ့လေသည်။ထို့နောက် မိမိနေထိုင်ရာ ကောင်းကင်ဘုံသို့ ပြန်သွားခဲ့လေသည်။၎င်းသည် ယနေ့ထိတိုင် အေမာမ်ဟိုစိုင်းန်(အ.စ)၏ ဗိမ္မာန်တော်သို့ လာရောက်ဖူးမြှော်သူများနှင့်ပတ်သက်ပြီး ရေတွက်၍ စာရင်းပြုစုရန် တာဝန်ပေးအပ်ခြင်းခံထားရလေသည်။
 
=== '''အေမာမ်ဟိုစိုင်းန်(အ.စ)ရှဟီးဒ်ဖြစ်ပြီးနောက်ပိုင်းဖြစ်ပွားခဲ့သောမောအ်ဂျေဇာများ''' ===
အေမာမ်ဟိုစိုင်းန်(အ.စ)ရှဟီးဒ်ဖြစ်သွားခဲ့ပြီးနောက် ကောင်းကင်ယံ၌ တဖြေးဖြေးမှောင်မိုက်လာကာ ညသို့ကူးပြောင်းသွားခဲ့လေသည်။ထိုအချိန်တွင် ကောင်းကင်ယံမှ သွေးမိုးရွာသွန်းခဲ့ပြီး လူတို့၏ကိုယ်ခန္ဓာပေါ်များသို့ပင် သွေးစက်များကျလာခဲ့လေသည်။ထိုသို့သွေးမိုးရွာသွန်းမှုသည် အီရန်နိုင်ငံရှိ ခိုရာဆာန်ပြည်နယ်အတွင်း၌ရှိ နေရာဒေသများအထိသို့ ရောက်ခဲ့လေသည်။ထို့အပြင် ရှာမ်နှင့်အခြားနေရာဒေသများတွင် ကျောက်တုံးများအောက်မှ သွေးများစီးကျခဲ့သလို နံရံများအကြားမှလည်းသွေးများ ယိုစီးလာခဲ့လေသည်။အေမာမ်ဟိုစိုင်းန်(အ.စ)ရှဟီးဒ်မဖြစ်မီ ညတွင် အွမ္မေစလ်မာသခင်မကြီး(သို့)အိဘ်အဘ္ဘားစ်သည် တမန်တော်မြတ်ကြီး(ဆွ)၏ မုတ်ဆိတ်တော်များသည် မြေကြီးများပေကျံလျှက်ရှိခဲ့ပြီး ကိုယ်တော်မြတ်(ဆွ)သည် ခွက်တစ်ခုထဲသို့ သွေးများထည့်နေသည့်အနေအထားကို အိပ်မက်၌မြင်တွေ့ခဲ့လေသည်။ကိုယ်တော်မြတ်(ဆွ)အား ဂျီဘ်ရာအိလ်မှပေးခဲ့သော မြေကြီးကို အွမ္မေစလ်မာသခင်မကြီးမှ သိမ်းထားခဲ့လေသည်။ထိုမြေကြီးသည် အေမာမ်ဟိုစိုင်းန်(အ,စ)ရှဟီးဒ်မဖြစ်မီည၌ပင် သွေးအဖြစ်သို့ ပြောင်းသွားခဲ့လေသည်။ထိုအနေအထားကို မြင်သွားခဲ့သော သခင်မကြီးအွမ္မေစလ်မာသည် ကရ်ဘလာအခင်းစတင်တော့မည်ကို သိသွားခဲ့ပြီး အော်ဟစ်ငိုကြွေးခဲ့လေသည်။ကရ်ဘလာဖြစ်စဥ်အပေါ် ပထမဆုံးငိုကြွေးသူသည် အွမ္မေစလ်မာသခင်မကြီးသာလျှင်ဖြစ်ပေသည်။ တမန်တော်မြတ်ကြီး(ဆွ)သည် ကရ်ဘလာတွင်ကျနေသော သွေးများကို လိုက်လံစုစည်းသည် ဟု အိပ်မက်မက်သော ရေဝါယသ်တော်နှင့် အွမ္မေစလ်မာသခင်မကြီးမှ ကရ်ဘလာမြေကြီးကိုသိမ်းထားခဲ့ပြီး ထိုမြေကြီးသည် သွေးဖြစ်သွားသည် ဟူသော ရေဝါယသ်နှစ်ခုအား စနဒ်အမျိုးမျိုးတို့ဖြင့် ဆင့်ပြန်ထားသည်ကို တွေ့မြင်ရပေသည်။သို့သော် အချို့သော စနဒ်တို့သည် ခိုင်လုံမှုရှိပြီး အချို့သည်အားနည်းမှုများရှိနေသည်ကို တွေ့မြင်ရသည်။အေမာမ်ဟိုစိုင်းန်(အ.စ)ရှဟီးဒ်ဖြစ်ခဲ့မှုအပေါ် ဂျင်န်အပေါင်းတို့သည်လည်း ငိုကြွေးကြကာ နောင်ဟာ(အလင်္ကာ)များပင် ဖတ်ခဲ့ကြသည်။၎င်းအပြင် ဂျင်န်အမျိုးသမီးတို့သည်လည်း ဝမ်းနည်းခြင်းအခမ်းအနားများ ပြုလုပ်ခဲ့ကြပြီး အေမာမ်ဟိုစိုင်းန်(အ.စ)အပေါ်ငိုကြွေးခဲ့ကြသည်။ထိုသို့ငိုကြွေးသံများကို အွမ္မေစလ်မာအပါအဝင်အချို့အမျိုးသမီးများလည်းကြားခဲ့ရသည်။ထို့အပြင် ကောင်းကင်တမန် မလာအေကာ အပေါင်းတို့လည်း ငိုကြွေးခဲ့ကြသည်။၎င်းအပြင် ရေ၌နေထိုင်ကြသော သတ္တဝါတို့နှင့်ကုန်းပိုင်းတွင် နေထိုင်ကျက်စားကြကုန်သော သတ္တဝါအပေါင်းတို့သည်လည်း ငိုကြွေးခဲ့ကြသည်။ကရ်ဘလာအခင်းမဖြစ်ပွားမီ ညတွင် လူတစ်ဦးမှ လူသားတို့အားသတိပေးနှိုးစော်သည့် ကျမ်းမြတ်ကုရ်အာန်ပါ အာယသ်တော်များကို ဖတ်နေသည့်အသံကို ကြားနေခဲ့ကြသည်။သို့ပေမဲ့ဖတ်သည့်သူအား မတွေ့ခဲ့ရပေ။
 
=== '''အေမာမ်ဟိုစိုင်းန်(အ.စ)၏ဦးခေါင်းတော်၏ မော့အ်ဂျေဇာ''' ===
အေမာမ်ဟိုစိုင်းန်(အ.စ)၏ဦးခေါင်းတော်အား ကူဖှာသို့ သယ်ဆောင်သွားနေစဥ် တမန်တော်မြတ်(ဆွ)နဗူဝသ်မကြေငြာမီ ရှေးနှစ်ပေါင်း(၃၀၀)ကျော်ကတည်းမှ ရောမတိုင်းပြည်ရှိ ခရစ်ယာန်ဘုရားကျောင်းတော်တစ်ခုတွင် ရေးသားထားသောမုက္ခပတ်တော်များအတိုင်း ကလောင်တံတစ်ချောင်းမှ ကူဖှာသို့သွားရာ လမ်းတစ်လျှောက်ရှိနံရံတစ်ခုပေါ်တွင် အလိုလျှောက်ရေးသားနေသည်ကို တွေ့ခဲ့ကြသည်။အေမာမ့်(အ,စ)၏ဦးခေါင်းတော်၏ ရနံ့သည်အလွန်မှပင် မွှေးကြိုင်သင်းပျံ့နေခဲ့သည်။အေမာမ်ဟိုစိုင်းန်(အ.စ)၏ ဦးခေါင်းတော်မှ ဖြစ်ပေါ်နေသော မော့အ်ဂျေဇာများအပေါ် လက်ခံကြည်ညိုလာခဲ့သည့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးသည် ဦးခေါင်းအားသယ်ဆောင်လာသူများကို ငွေအသပြာအနည်းငယ်ပေး၍ ထိုဦးခေါင်းကို မိမိ၏အိမ်၌ခေတ္တခဏပင်မဆို ထားလိုကြောင်း တောင်းခံလာခဲ့သည့်အခါ ၎င်းတို့မှလည်းသဘောတူခဲ့ပြီး ဦးခေါင်းကို ထိုဘုန်းတော်ကြီးအိမ်သို့ ပင့်ဆောင်လာခဲ့ကြသည်။ထိုညတွင်ပင် ဘုန်းတော်ကြီးသည် အေမာမ်ဟိုစိုင်းန်(အ.စ)၏ဦးခေါင်းတော်မှ စကားများပြောနေသည်ကို မျက်ဝါးထင်ထင် တွေ့ရှိသွားပြီးနောက် အစ္စလာမ်သာသနာအပေါ် အီမာန်ယူလာခဲ့လေသည်။ထို့နောက် ဘုန်းတော်ကြီးမှ စစ်သည်တို့ကို ပေးခဲ့သော ငွေအသပြာများသည်လည်း ကျောက်ခဲများ ဖြစ်သွားခဲ့လေသည်။ထို့အပြင် ဦးခေါင်းတော်မှ ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်များကို ဖတ်လျှက်ရှိနေခဲ့၏။ညတစ်ညတွင် ခူလီဘင်န်ယဇီးဒ်အစ်ဘဟီးဆိုသူသည် ကူဖှာသို့ရောက်ရှိလာပြီး ဦးခေါင်းတော်အား မိမိအိမ်သို့  ပင့်ဆောင်သွားခဲ့သည်။အိမ်သို့ရောက်သည်နှင့် ဦးခေါင်းတော်ကို လင်ပန်းတစ်ခု၌ ထည့်၍ ထားလိုက်သည်။ထိုအခါ ကောင်းကင်ယံမှ ရောင်ခြည်တော်သည် ထိုလင်ပန်းအတွင်းရှိ ဦးခေါင်းတော်ထံသို့ တည့်တည့်မတ်မတ်ရောက်ရှိလာပြီး ထိုလင်ပန်း၏ အနီးတစ်ဝိုက်တွင် အဖြူရောင်ငှက်များ ပျံသန်းရစ်ဝဲနေသည်ကို တွေ့ခဲ့ကြရသည်။
 
=== '''အေမာမ်ဟိုစိုင်းန်(အ.စ)အား စော်ကားသူများနှင့်ရှဟီးဒ်လုပ်သူတို့၏ဘဝ''' ===
အေမာမ်ဟိုင်းန်(အ.စ)အား ကရ်ဘလာမြေပြင်တွင် ဒုက္ခပေးခဲ့ကြသူအားလုံးတို့သည် ကရ်ဘလာအခင်းပြီးနောက် များမကြာမီကာလ၌ပင် ကံကြံမ္မာဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရပြီး ၎င်းတို့၏ဘဝများသည် မှောင်မိုက်သွားခဲ့သည်။၎င်းသူတို့အတွင်းမှ အချို့သည် အသတ်ခံရသလို အချို့သည်လည်းမျက်ကန်းဘဝသို့ရောက်ရှိသွားခဲ့ကြသည်။အချို့သည်လည်း အနာကြီးရောဂါ၊ရေငတ်မပြေသည့်ရောဂါ၊ခန္ဓာကိုယ်အစိတ်အပိုင်းရှိ လက်များ၌ အသားရည်ခမ်းခြောက်လာခြင်း၊မီးလောင်ကျွမ်း၍သေခြင်း၊ကင်းကိုက်ခံရခြင်း၊ရာထူးနှင့် ပစ္စည်ဥစ္စာများဆုံးရှုံးသွားရခြင်း၊ဇနီးသည်ဖြစ်သူမှ မိမိကိုနေအိမ်မှ နှင်ထုတ်ခံရခြင်းစသဖြင့် ဒုက္ခများနှင့် ကြုံတွေ့ခဲ့ကြရသည်။၎င်းအပြင် ကရ်ဘလာတွင် အေမာမ်ဟိုစိုင်းန်(အ.စ)ထံမှ ပစ္စည်းဥစ္စာများကို လုယူသွားခဲ့ကြသော သူတို့သည်လည်း ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ကြရသည်။ဥပမာအနေဖြင့်တင်ပြရလျှင် အေမာမ်ဟိုစိုင်းန်(အ.စ)၏ ခေါင်းပေါင်း(အမာမာ)ကို လုယူခဲ့သူသည် ကရ်ဘလာပြီးနောက် အရူးဘဝသို့ရောက်သွားခဲ့လေသည်။ အေမာမ်ဟိုစိုင်းန်(အ.စ)ခြုံထည်ကို လုယူသွားခဲ့သူသည် ဆင်းရဲတွင်းသို့ ကျရောက်ခဲ့ရသည်။အေမာမ်ဟိုစိုင်းန်(အ.စ)၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ထားသော အင်္ကျီအား ချွတ်ယူသွားခဲ့သူသည် အနာကြီးရောဂါစွဲကပ်ကာ ဘဝဆုံးခဲ့ရသည်။၎င်းအပြင် အေမာမ့်(အ.စ)ထံမှ လုယူသွားသော ပစ္စည်းများသည် ရောင်းချ၍ မရသောပစ္စည်းများဖြစ်ခဲ့သလို ရောင်းချရာ၌လည်း စျေးကောင်းမရရှိခဲ့ချေ။အေမာမ်(အ.စ)၏ထံမှ လုယူသွားသော ကုလားအုပ်များကို သတ်စားခဲ့ကြရာ ၎င်း၏အသားသည် ခါး၍နေခဲ့၏။အေမာမ့်(အ.စ)ထံမှ ချွတ်ယူခဲ့သော အဝတ်အစားတို့သည် သွေးအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ရွှေ၊ငွေတို့သည်လည်း ကျေးနီဖြစ်သွားခဲ့သည်(သို့) လက်ဝတ်ရတနာများပြန်လည်ပြုလုပ်ရာတွင် ပန်းတိမ်ဆရာတို့၏လက်ဝယ်၌ မီးလောင်သွားခဲ့လေသည်။၎င်းအပြင် လုယူသိမ်းပိုက်ခဲ့သော ကုံကုမံ(ဇာအ်ဖရားန်)များသည်လည်း လောင်ကျွမ်းသွားခဲ့သည်ဟု သမိုင်းတွင်ဖေါ်ပြထားလေသည်။
 
=== '''လူတို့အံ့အားသင့်ဖွယ်ရာဖြစ်စေတော် အေမာမ်ဟိုစိုင်းန်(အ.စ)တန်ခိုးတော်''' ===
အေမာမ်ဟိုစိုင်းန်(အ.စ)၏နဖူးတော်တွင် ရောင်ခြည်များဖြင့်ဝင်းလက်နေခဲ့ပြီး လူတို့သည် အေမာမ်(အ.စ)အားကြည့်၍ ညဘက်မှောင်မိုက်သောအချိန်တွင် မီးအလင်းရောင်မပါပဲ လမ်းသွားနိုင်ခဲ့ကြသည်။အေမာမ်(အ.စ)သည် မကျန်းမာသူများကို (ရှဖါ)ပေးသနားတော်မူ၍ ပြန်လည်ကျန်းမာစေရန်ပြုလုပ်ပေးနိုင်စွမ်းရှိခဲ့သည်။ ကာဘာကျောင်းတော်ကို သဝါးဖ်ပြုရင်း အမျိုးသားတစ်ဦး၏လက်သည် အမျိုးသမီးတစ်ဦး၏ခန္ဓာသို့ အလိုလျှောက်ကပ်သွားခဲ့လေသည်။မည်သို့မျှပင် ခွာ၍ မရခဲ့ချေ။ အားလုံးသော သာသနာ့ပညာရှင်များက ထိုလက်ကိုဖြတ်ရန် ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။ထိုအခါ အေမာမ်ဟိုစိုင်းန်(အ.စ)သည် မိမိ၏တန်ခိုးတော်ဖြင့် လက်နှင့်ခန္ဓာကို ခွဲပေးခဲ့လေသည်။အေမာမ်ဟိုစိုင်းန်(အ.စ)၏အခြားသော မော့အ်ဂျေဇာများလည်းရှိနေသေးသည်။၎င်းတို့အတွင်းမှ အကြောင်းအရာ အချို့ကို တင်ပြလိုပါသည်။အမျိုးသမီးတစ်ဦးမှ ကလေးမွေးလာခဲ့သည်။သို့သော် ၎င်း၏ဖခင်မည်သူမည်ဝါမှန်းမသိခဲ့ကြချေ။ထိုအခါ အေမာမ်ဟိုစိုင်းန်(အ.စ)သည် ထိုကလေး၏ဖခင်သည် မည်သူဖြစ်ကြောင်းဖေါ်ထုတ်နိုင်ရန်အတွက် ထိုမွေးကင်းစကလေးငယ်ကို စကားပြောနိုင်စွမ်းပေး၍ မိမိဖခင်၏အမည်ကို နုတ်မှရွတ်စေကာ ဖေါ်ထုတ်ပေးခဲ့လေသည်။၎င်းအပြင် ရာသီချိန်မရောက်သေးသော အသီးအနှံများကို မိမိ၏ကလေးများစားသုံးရန် ဖန်တီးပေးခြင်း၊ကရ်ဘလာတွင် ရေဆာလောင်နေသူများကို မိမိ၏လက်စွပ်ကို ၎င်းသူတို့၏ ပါးစပ်များအတွင်း၌ ငုံထားစေပြီး ရေဆာလောင်မှုကို ဖြောက်ဖျက်ပေးခဲ့ခြင်း၊ မိမိ၏ ကြံမ္မာတရားကို ကနဦးကတည်းမှ သိနေခြင်းနှင့် လူတို့မသိနားမလည်နိုင်သော အကြောင်းအရာများကို သိနေခြင်း၊ကူဖှာသားတို့၏ အေမာမ့်(အ.စ)အပေါ်ထားရှိသော စိတ်ဓါတ်များသည် အေမာမ့်(အ.စ)၏ ရှေ့မှောက်တွင် တိရစ္ဆာန်တစ်ကောင် သဏ္ဍာန်ပေါ်လာခဲ့ခြင်း၊ အိုမရ်အိဘ်နေစအ်ဒ်သည် ကူဖှာတပ်၏ စစ်သူကြီးဖြစ်လာမည်ကို ကြိုတင်၍ ပြောဆိုမိန့်ခဲ့ခြင်း၊၎င်းအပြင် ကရ်ဘလာအခင်းအပြီး မကြာမီကာလတွင် အိုမရ်အိဘ်နေစအ်ဒ် သေမည်ဟု ၎င်းအားသတိပေးခဲ့ခြင်း၊ မိမိဦးခေါင်းတော်ကို အိဘ်နေဇေယားဒ်ထံသို့ သယ်ဆောင်သွားသူအား အိဘ်နေဇေယားဒ်မှ မည်သည့်ဆုလာဒ်များ ပေးမည်မဟုတ်ကြောင်း ကြိုတင်မိန့်ကြားခဲ့ခြင်းစသည်တို့ဖြစ်လေသည်။
 
== ဗိမ္မာန်တော် ==
အေမာမ်ဟိုစိုင်းန်(အ.စ)၏မြှုပ်နှံရာဒေသတို့နှင့်ပတ်သက်ပြီး ရေဝါယသ်အမျိုးမျိုးရှိထားလေသည်။အချို့ဆိုထားသည်မှာ အေမာမ်ဟိုစိုင်းန်(အ.စ)ဖခင်၏ဘေးတွင်မြှုပ်နှံခဲ့သည်ဟု ဆိုထားကြသော်လည်း အချို့ကမူ ကရ်ဘလာတွင် ခန္ဓာကိုယ်နှင့်ဦးခေါင်းတွဲ၍ မြှုပ်ထားသည်ဟု ဆိုထားကြလေသည်။သို့သော်အချို့သည် ဂျန္နသွလ်ဘကီးဟ် သင်္ချိုင်းတွင်၊အချို့က ဒမစ်ကစ်မြို့တွင်(နေရာအတိအကျမသိ)မြှုပ်နှံထားကြောင်း ဖေါ်ပြထားကြသည်။ အချို့ကလည်း ဆီးရီးယားနိုင်ငံ၏တစ်နေရာတွင်လည်းကောင်း အချို့သည် ဖါတေမီအနွယ်ဝင်တို့မှ ကာဟေရာဒေသသို့သယ်ဆောင်သွား၍ မို့ဟ်စင်န်နွလ်အမီးန်ဗလီဝတ်ကျောင်းတော်တွင်မြှုပ်နှံခဲ့ကြောင်းနှင့် ထိုဗလီသည် အေမာမ်ဟိုစိုင်းန်(အ.စ)အားအစွဲပြု၍ ခေါ်ခြင်းဖြစ်ကြောင်း တင်ပြထားလေသည်။
 
== یادداشت‌ها ==