ညစ်ညမ်းခြင်းများ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: File:TopPicture.jpg ဒုတိယကမ္ဘာစစ်အတွင်း ထုတ်လုပ်မှုကြောင့် လေထုညစ...
 
No edit summary
စာကြောင်း ၃ -
ဒုတိယကမ္ဘာစစ်အတွင်း ထုတ်လုပ်မှုကြောင့် လေထုညစ်ညမ်းခြင်း။
 
''''ညစ်ညမ်းခြင်း''''
 
ညစ်ညမ်းခြင်း ဆိုသည်မှာ ညစ်ညမ်းမှုဖြစ်စေသောအရာများကို ပတ်ဝန်းကျင်ဆီသို့ စသွင်းလာခြင်းဖြင့် ဂေဟစနစ် (ဆိုလိုသည်မှာ သဘာဝတရား သို့မဟုတ် ဇီဝရုပ်သက်ရှိများ) အားတည်ငြိမ်မှုမရှိစေခြင်း၊ ဖရိုဖရဲဖြစ်ခြင်း၊ အန္တရာယ် သို့မဟုတ် မသက်မသာဖြစ်ခြင်းတို့ ဖြစ်စေခြင်းဖြစ်သည်။ညစ်ညမ်းခြင်းသည် ဓာတုပစ္စည်းများ သို့မဟုတ် ဆူညံသံ၊ အပူ သို့မဟုတ် အလင်းကဲ့သို့သော စွမ်းအင််ပုံစံမျိုးဖြင့် တည်ရှိနိုင်သည်။ ညစ်ညမ်းစေသောပစ္စည်းများ၊ ညစ်ညမ်းခြင်း၏ လိုအပ်ချက်များသည် ပြင်ပပစ္စည်းများ သို့မဟုတ် စွမ်းအင်များ၊ သို့မဟုတ် သဘာဝအလျောက် ဖြစ်ပွားသောအရာများ ဖြစ်နိုင်သည် - သဘာဝအလျောက် ဖြစ်ပွားပါက၊ ၎င်းတို့သည် သဘာဝအဆင့်များကို ကျော်လွန်ပါက ညစ်ညမ်းစေသော အရာများအဖြစ် သဘောထားခြင်း ခံရသည်။ ညစ်ညမ်းခြင်းကို ယေဘုယျအားဖြင့် ပင်ရင်းတစ်နေရာတည်း သို့မဟုတ် ပင်ရင်းတစ်နေရာတည်းမှ မဟုတ်သောညစ်ညမ်းခြင်းဟူ၍ အဆင့်ခွဲခြား သတ်မှတ်ထားသည်။ Blacksmith Institute (ဘလက်(ခ်)စမစ် တက္ကသိုလ်) မှကမ္ဘာ့အဆိုးဝါးဆုံး ညစ်ညမ်းသည့်နေရာများ စာရင်းတစ်ခုကို နှစ်စဉ်ထုတ်ပြန်သည်။ 2007 ထုတ်ဝေခြင်းများတွင် ထိပ်ပိုင်းဆယ်နေရာအဖြစ် နာမည်စာရင်း အဆိုပြုခြင်းခံရသည်များမှာ Azerbaijan (အယ်ဇာဘိုင်ဂျန်)၊ China (တရုတ်)၊ India (အိန္ဒိယ)၊ Peru (ပီရူး)၊ Russia (ရုရှ)၊ Ukraine (ယူက ရိန်း) နှင့် Zambia (ဇမ်းဘီးယား) တို့တွင် တည်ရှိသည်။