ဘီရှကက်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၇၁ -
 
ဘီရှကက်မြို့တော်၏ မြို့လယ်အတွင်းပိုင်းသည် လမ်းမကျယ်များ၊ စကျင်ကျောက်တုန်းတို့ဖြင့် ဆောက်လုပ်ထားသော ဆိုဗီယက်ခေတ်စတိုင် အများပြည်သူ အဆောက်အဦများနှင့် ဝန်းရံထားသည်။ ထောင်ပေါင်းများစွာသော ကိုယ်ပိုင်အိမ်ငယ်ကလေးများသည်လည်း မြို့လယ်အပြင်ဘက်တွင် ဆောက်လုပ်ထားကြသည်။ လမ်းများကို ဂရစ်ကွက်ပုံစံအတိုင်း အကွက်ချထားပြီး လမ်းဘေးဘယ်ညာတွင် ရေသွယ်မြောင်းများပါရှိကာ ပူလှသော နွေရာသီတွင် အရိပ်ပေးနိုင်ရန် အလို့ငှာ များလှစွာသော သစ်ပင်တို့ကို ရေသွယ်၍ ပေးထားသည်။
 
== သမိုင်းကြောင်း ==
=== ခိုကန်းမှ အုပ်ချုပ်စဉ်ကာလ ===
မူလက [[ပိုးခြည်လမ်း|ပိုးလမ်းမကြီး]]ပေါ်မှ ကုန်သည်တို့ နားနေခိုရာ နေရာဖြစ်ခဲ့ပြီး ၁၈၂၅ ခုနှစ်တွင် ဥဇဘတ်ခန်းမှ ရွံသားတမံတို့ဖြင့် ခံတပ်မြို့တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပီရှကက် ခံတပ်မြို့အား ခိုခန်းမှ နောက်ဆုံးအုပ်ချုပ်ခဲ့သူမှာ ဒတ်ကာမျ အာတဘက်ဖြစ်သည်။
 
=== ဇာဘုရင်ခေတ် ===
၁၈၆၀ ခုနှစ်တွင် ထိုခံတပ်မြို့အား ဗိုလ်မှူးကြီး ဇင်မာမန်၏ စစ်တပ်မှ အောင်နိုင်ခဲ့ပြီး ခံတပ်မြို့ကို ဖျက်ဆီးခဲ့ကာ ဇာဘုရင်လက်အောက်နယ်မြေအဖြစ် သွတ်သွင်းခဲ့သည်။ ထို့နောက် ဗိုလ်မှူးကြီး ဇင်မာမန်မှ ထိုနေရာတွင်ပင် မြို့တည်ခဲ့ပြီး ပါရူချီ တီတော့အား ရုရှားမြို့စောင့်တပ်၏ ခေါင်းဆောင်အဖြစ် ထားရှိပြီး မြို့အား စောင့်ရှောက်စေခဲ့သည်။ ၁၈၇၇ ခုနှစ်မှစ၍ ရုရှားအစိုးရမှ ထိုဒေသကို ဖွံ့ဖြိုးတိုးတက်စေရန် ရုရှားတောင်သူများအား မြေဩဇာကောင်းသည့် မြေများ ပေးအပ်ကာ ဒေသအား ခိုင်မာတောင့်တင်းစေရန် ဆောင်ရွက်ခဲ့သည်။
 
=== ဆိုဗီယက်ခေတ် ===
၁၉၂၆ ခုနှစ်တွင် မြို့အား ကာဂျစ် ဆိုဗီယက် ဆိုရှယ်လစ်နိုင်ငံ၏ မြို့တော်အဖြစ် တိုးမြှင့်ခဲ့ပြီး ၁၉၀၅၊ ၁၉၁၇ တော်လှန်ရေးကာလအတွင်းနှင့် ၁၉၂၀ ခုနှစ်များ အစောပိုင်း ရုရှားပြည်တွင်းစစ်ကာလတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည့်အပြင် လီနင်နှင့်နီးစပ်သော ပီရှကက်မြို့သား မီခေးလ် ဖရန်ဇယ်အား အစွဲပြု၍ ထိုမြို့အား ဖရန်ဇယ်မြို့ဟု ခေါ်တွင်စေခဲ့သည်။
 
==ကိုးကား==