မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

a gallery was added
စာကြောင်း ၁၁၉ -
 
== ပထဝီအနေအထား ==
[[File:ShampooIsland.jpg|thumb|250px|မော်လမြိုင်မြို့၊ သံလွင်မြစ်လယ်ရှိ ခေါင်းဆေးကျွန်း]]
မော်လမြိုင်မြို့သည် သံလွင်မြစ်ဝကျွန်းပေါ်တွင် တည်ရှိသော ဒေသတစ်ခု ဖြစ်သည်။ မြစ်ပါးစပ်တွင် ဘီလူးကျွန်းသည် သံလွင်မြစ်ကို ခွပိတ်ထားပြီး မုတ္တမပင်လယ်ကွေ့ အတွင်းသို့ စီးဝင်စေသည်။ ထိုကျွန်း၏အရှေ့မြောက်ဘက်တွင် ထင်ရှားသော ခေါင်းဆေးကျွန်းရှိလေသည်။ ပင်လယ်မှ ၂၈ မိုင်ဝေး၏။ မြို့သည် အနောက်ဖက်နှင့် မြောက်ဖက်ရှိ သံလွင်မြစ်နှင့် အတ္ထရံမြစ် ကမ်းရိုးတလျှောက်နှင့် အရှေ့ဖက် တောင်တန်းအကြားတွင် တည်ထားသောမြို့ဖြစ်ရကား အလျားရှည်၍ အနံတို၏။ မြို့၏အလျားမှာ ၇ မိုင်ခန့်ရှိ၍ တထောင်ဆစ်ကွေး သဏ္ဌာန်ရှိ၏။ မြို့သည် အရှေ့မှ အနောက်သို့ ဆင်ခြေလျှော ရှိပြီးလျှင် အရှေ့ဖက်တောင်တန်းတလျှောက်ပေါ်၌ စေတီများ တည်ထားသည့်ပြင် ကမ်းရိုးတလျှောက်၌လည်း သစ်ပင်အမျိုးမျိုးတို့ဖြင့် စိမ်းစိမ်းလန်းလန်း စို⁠စိုပြည်ပြည် ရှိရကား အလွန်သာယာသော ရှုမျှော်ခင်းကောင်း ဆိပ်ကမ်းမြို့တမြို့အဖြစ် ထင်ရှားကျော်ကြားသည်။ ပြည်တွင်းပြည်ပ ခရီးသည်များသည် မော်လမြိုင်သို့ မီးသင်္ဘောဖြင့်ဖြစ်စေ၊ မီးရထားဖြင့်ဖြစ်စေ လာရောက်ကြသည့်အခါ မြို့၏သာယာလှသည့် ရှုမျှော်ခင်းကို အဝေးကပင် မြင်ကြရသည်။
 
ထို့ကြောင့် [[ကင်းဝန်မင်းကြီး]]သည် သံအရာရှိကြီးအဖြစ်ဖြင့် [[ပြင်သစ်နိုင်ငံ]] [[ပါရီမြို့|ပါရီမြို့တော်]]သို့အသွား မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် တန်ခူးလ (ခရစ်နှစ် ၁၈၇၃ ခုနှစ်)၌ မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်၌ ''ကို⁠ကိုနာဒ၊ သာစွမည်တွင်၊ စက်ယာဉ်ညင်နှင့်၊ ရေပင်လယ်ချက်၊ စခန်းသို့ထွက်ခဲ့၍၊ တရက်နှင့်တည၊ ကာလမကြာ၊ ရှုလေရာပင်၊ နတ်ရွာတပြိုင်၊ မော်လမြိုင်သို့၊ ရောက်တိုင်ဝင်ဆိုက၊ တွေ့ကြုံကြိုက်ရသည်၊ မျှော်လိုက်တိုင်း လွန်ပျိုနု၏။''ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။[[File:ShampooIsland.jpg|thumb|250px|မော်လမြိုင်မြို့၊ သံလွင်မြစ်လယ်ရှိ ခေါင်းဆေးကျွန်း]]
 
== ဝေါဟာရရင်းမြစ် ==
မော်လမြိုင်မြို့၏ အမည်ဖြစ်ပေါ်လာပုံကို သမိုင်း၌ ဤသို့ဆိုလေသည်။
Line ၁၃၉ ⟶ ၁၃၇:
 
== သမိုင်းကြောင်း ==
[[File:Moulmein-and-river.jpg|thumb|250px|left|သံလွင်မြစ်ဝပေါ်တွင် တည်ရှိနေသော မော်လမြိုင်မြို့( ၁၉၀⁠၀ခုနှစ် အစောပိုင်းကာလ)]]
 
=== အေဒီ ၈ မှ ၁၈ ရာစု ===
မွန်တို့၏ [[မဂဒူးမင်းဆက်]] ခေါ် (ဝါရီရူးမင်းဆက်)တွင် (၁၅) ဆက်မြောက်မင်းဖြစ်သော ဘုရင်မကြီး [[ရှင်စောပု]] ပြီးနောက် နန်းတက်သည့် [[ဟံသာဝတီ]] မွန်နိုင်ငံဘုရင် [[ဓမ္မစေတီ]]မင်းကြီး သာသနာ[[သက္ကရာဇ်]] ၂၀၂၃၊ [[မြန်မာ သက္ကရာဇ်|ကောဇာသက္ကရာဇ်]] ၈၄၀၊ ခရစ်နှစ် ၁၄၇၉ ခုနှစ်တွင် ရေးထိုးခဲ့သော [[ကလျာဏီကျောက်စာ]] အရ မော်လမြိုင်မြို့သည် မုတ္တမတိုင်းဒေသအတွင်း မွန်သုံးဆယ်နှစ်မြို့၌ ပါခဲ့လေသည်။<ref>Shorto, H L (1963). ''The 32 myos in the medieval Mon kingdom''. Bulletin of the School of Oriental and African Studies. p. 575.</ref>
Line ၁၅၂ ⟶ ၁၄၈:
 
၁၈၃၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ [[မြန်မာနိုင်ငံ သတင်းစာများ|ပထမဦးဆုံးသတင်းစာ]] "''The Maulmain Chronicle''"ကို ဗြိတိသျှတို့သည် မော်လမြိုင်၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။<ref>Banerjee, I. & Logan, S. ''Asian Communication Handbook 2008.'' AMIC, 2008. <nowiki>ISBN 978-981-4136-10-5</nowiki>.</ref> အမေရိကန် နှစ်ခြင်းကို စတင် တည်ထောင်သူ အဒိုနီရမ် ဂျပ်ဆင် '''('''[[ယုဒသန်]])သည် သူ ပြန်ဆိုသော မြန်မာ့ပထမဆုံးဓမ္မသစ်ကျမ်း ကို ၁၈၃၂ ခုနှစ်တွင် မော်လမြိုင်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ယုဒသန်၏ လက်ငုတ် ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အင်္ဂလိပ်- မြန်မာအဘိဓာန်ကို ဆရာ အီး၊ အေး၊ စတီဗင်က ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ်နိုင်ခဲ့လေ သည်။
[[File:Moulmeinfromgreatpagoda.JPG|thumb|၁၈၇ဝ ခုနှစ်ကာလ မော်လမြိုင်မြို့]]
 
၁၈၂၆ မှ ၁၈၆၂ အကြားတွင်, ကိုလိုနီခေတ်မော်လမြိုင်မြို့သည် ဗြိတိသျှမြန်မာနိုင်ငံ၏ဗဟို ဖြစ်လာခဲ့ပါသည်။<ref>McPherson, Kenneth (2002). ''Port Cities as Nodal Points of Change''. Columbia University Press. pp. 75–95.</ref> [[ဒုတိယအင်္ဂလိပ်မြန်မာစစ်]] ပြီးသော ဗြိတိသျှတို့ သည် အုပ်ချုပ်ရေးမြို့တော်ကို ရန်ကုန်သို့ ၁၈၆၂ ခုနှစ်တွင် တရားဝင်ပြောင်းရွေ့ခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် မြန်မာဘုရင် [[မင်းတုန်းမင်း]] စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးဆောင်၍ ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့အသွား၌ ဗြိတိသျှပိုင်မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်ဖွဲ့ဆိုခဲ့လေသည်။
 
Line ၁၆၂ ⟶ ၁၅၈:
<blockquote>In Moulmein, in Lower Burma, I was hated by large numbers of people -- the only time in my life that I have been important enough for this to happen to me.</blockquote>
 
[[ကိုလိုနီခေတ်]]တွင် မော်လမြိုင်မြို့၌ အင်္ဂလိပ်-ဗမာ လူမျိုးစပ်များဖြင့် ပြည့်နှက်နေပြီး ထို အင်္ဂလိပ်-မြန်မာအဖွဲ့အစည်းများ အများအပြား ရှိနေမှုကြောင့် Little-England အင်္ဂလိပ်နိုင်ငံငယ်ဟူ၍ပင် အမည်တွင်ခဲ့ရလေသည်။ ထိုသူတို့သည် ရော်ဘာစိုက်ပျိုးရေးအတွက် မအားရအောင်ပင် ဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယနေ့ခေတ်တွင်မူ ထိုသူတို့သည် မရှိသလောက်ပင် ရှားပါးသွားပြီဖြစ်သည်။ [[File:Moulmein-and-river.jpg|thumb|250px|left|သံလွင်မြစ်ဝပေါ်တွင် တည်ရှိနေသော မော်လမြိုင်မြို့( ၁၉၀⁠၀ခုနှစ် အစောပိုင်းကာလ)]]
 
မော်လမြိုင်မြို့သည် (မြူနီစီပယ်နယ်နမိတ်နှင့် ရေဝန်ဆိပ်ကမ်းအပါအသင်) ၂၁ စတုရန်းမိုင် ကျယ်ဝန်း၏။ မြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၇၄ ခုနှစ်ကစ၍ တည်ထောင်ကာ မြို့၏ စည်ပင်သာယာမှုကို စီမံအုပ်ချုပ်သည်။ မြို့၏ အရှေ့တောင်တန်းတလျှောက်တွင် [[ကျိုက်သံလန်စေတီ|ကျိုက်သလ္လံစေတီတော်]]၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင်စေတီတော်တို့ရှိကြသည်။ မြို့လယ်တွင်ကား ကျိုက်သုတ်စေတီရှိသည်။ ယင်းတောင်တန်းတလျှောက်နှင့် မြို့တွင်းမြို့ပတွင် ဘုန်းကြီးကျောင်း အများအပြား ရှိသည့်အပြင် ပရိယတ္တိစာသင်တိုက်ကြီးများလည်း ရှိသည်။ မော်လမြိုင်မြို့ တောင်ဖက် ၄ မိုင်အကွာရှိ တောင်ဝိုင်းတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ်အဖွဲ့မှ ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ၍ ပြုလုပ်ခဲ့ရာ ၁၉၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအချိန်မှစ၍ မြို့သို့ ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သောကြောင့် နှစ်စဉ်နွေဥတုတွင် ဖြစ်တတ်သော ဝမ်းရောဂါဘေးမှ ကင်းလွတ်ကြရလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
Line ၁၉၇ ⟶ ၁၉၃:
* ဇိနမာရ်အောင်စေတီ
* [[စိန်တုံးမိဖုရား]] ကျောင်း
*[[File:Four Princesses of Burma.jpg|thumb|စတုတ္တသမီးတော် (လက်ဝဲ အစွန်)]]စတုတ္တသမီးတော်၏ ပြာသာဒ်ဂူ
* [[ယုဒသန်]]၏ ပထမနှစ်ခြင်းဘုရားရှိခိုးကျောင်း
* ရှင်မဿဲ အင်္ဂလိကန် ဘုရားရှိခိုးကျောင်း
Line ၂၀၆ ⟶ ၂၀၂:
 
* ဘီလူးကျွန်း
* ခေါင်းဆေးကျွန်း[[File:Pa-Auk Forest Meditation Center (Main) Entrance.jpg|thumb|ဖားအောက်တောရ(ပင်မ)]]
 
=== အခြား ===