မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ပညာရေး
စာကြောင်း ၂၃၄ -
 
=== အခြေခံပညာ ===
မော်လမြိုင်မြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၃ ကျောင်း ရှိသည်။ ၁၈၆၀ ခုနှစ်တွင်စတင် တည်ထောင်သော စိန့်ပက်ထရစ်ကျောင်း (ယခု အမှတ်(၅) အထက်တန်းကျောင်း)၊ ၁၈၉၉ ခုနှစ်တွင်စတင် တည်ထောင်သော [[အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်|ရှင်မဟာဗုဒ္ဓဃောသအမျိုးသားအထက်တန်းကျောင်း]] (ယခု အမှတ်(၉) အထက်တန်းကျောင်း) များမှာ ထင်ရှားသည်။[[File:Nursing Training School Mawlamyine.jpg|thumb|သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)]]
 
=== အဆင့်မြင့်ပညာ ===
မော်လမြိုင်မြို့တွင် [[မော်လမြိုင်တက္ကသိုလ်]]၊ [[မော်လမြိုင်ပညာရေးကောလိပ်]]၊ [[နည်းပညာတက္ကသိုလ်(မော်လမြိုင်)]]၊ [[အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)|အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) ၊]] သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်) စသည်တို့ ရှိသည်။<ref>[http://www.myanmar.com/newspaper/myanmarahlin/Sep13.pdf Myanmar.com<!-- Bot generated title -->]</ref><ref>http://www.spedmyanmar.gov.mm/content/ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊-အားကစားနှင့်ကာယပညာဦးစီးဌာန</ref> ၁၈၆၄ ခုနှစ်၊ [[အမေရိကန်ပြည်ထောင်စု]] ဗက်ကနဲ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော နိုင်ငံခြား ပညာသင် ကျောင်းသားတစ်ဦးဖြစ်သူ [[ရှောလူး၊ ဒေါက်တာ|မောင်ရှောလူး]]သည် မော်လမြိုင်မြို့တွင် မွေးဖွားသော [[မွန်လူမျိုး]]၊ မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ သူသည် အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားသော ပထမဆုံး မြန်မာကျောင်းသားတစ်ဦး ဖြစ်သည်။
 
[[File:Nursing Training School Mawlamyine.jpg|thumb|သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)]]
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းအတွက် အဓိက တက္ကသိုလ်တစ်ခုဖြစ်သော မော်လမြိုင် တက္ကသိုလ် သည် မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဖြစ်ပြီး ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့်နိုင်သည်။ မြန်မာနိုင်ငံအတွင်း [[အဏ္ဏဝါဗေဒ|အဏ္ဏဝါသိပ္ပံ]]ဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ကျောင်းသားများအနေဖြင့် ဆေးပညာ သင်ယူနိုင်ရန် ရန်ကုန်မြို့သို့ သွားရောက် သင်ယူရန် လိုအပ် လေသည်။