အန်ဒရေ ဖရက်ဒရစ် ကော်နန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
 
နိုဗဲလ်ဆုရနိုဘယ်ဆုရ ဆေးပညာရှင် အန်ဒရေ ဖရက်ဒရစ် ကော်နန်ကို ၁၈၉၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ မွေးဖွားသည်။ ငယ်စဉ်က ဘောလုံးချန်ပီယံလည်းဖြစ်သည့်ပြင် ခြေလျင်တောင်တက် အားကစားကိုလည်း အထူးပင်ဝါသနာထုံခဲ့သည်။ ပထမကမ္ဘာစစ်တွင် ပြင်သစ်စစ်သည်တစ်ဦးအဖြစ် ရွပ်ရွပ်ချွံချွံပါဝင်ဆင်နွဲခဲ့၍သူရဲကောင်းမှတ်တမ်းဝင် ကြယ်သုံးပွင့်ဆု ချီးမြှင့်ခံရသည်။
 
ကော်နန်သည် ၁၉၃ဝ ပြည့်နှစ်တွင် ပါရီတက္ကသိုလ်မှ ဆေးပညာဘွဲ့ ဆွတ်ခူးပြီးနောက် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွေ့နေထိုင်သည်။ ကိုလံဘီယာတက္ကသိုလ် ဆေးကောလိပ်၌ စာပေပို့ချခဲ့သည်။ ဒစ်ကင်ဆန်ဒဗလျူရစ်ချတ်(၁၈၉၅-၁၉၇၃) နှင့် လက်တွဲ၍ အဆုတ်နှင့်နှလုံးဆိုင်ရာကုထုံးသုတေသနကို ပြုလုပ် သည်။ ကော်နန်သည် ၁၉၅၁ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ ဆေးပညာပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက် ၁၉၆၄ ခုနှစ်တွင် ဂုဏ်ထူးဆောင် ပါမောက္ခကြီးဖြစ်လာသည်။