ဂျော့ဂျ် ဘားနတ်ရှော: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၅ -
ကပြကြသော အင်္ဂလိပ်ပြဇာတ်များကို စိတ်တိုင်းမကျစရာ အများအပြား တွေ့ရသည်။ ထိုကြောင့် ပြဇာတ်အဆင့်အတန်းမြင့်ရန် ရည်ရွယ်ချက်ဖြင့် ပြဇာတ်များကို ရေးသားခဲ့ရာ မကြာမီ သူ၏မှန်းခြေအတိုင်း ပေါက်၍ သူ့ခေတ်တွင် ထူးခြားအောင်မြင်ဆုံးသော ပြဇာတ်ရေး ဆရာကြီးတစ်ဦး ဖြစ်လာသည်။
 
ရှောသည် သူ၏ပြဇာတ်များတွင် သူ၏ဝါဒ အာဘော်များကို ထည့်သွင်းအသုံးပြုသည်။ သူ၏ပြဇာတ်များသည် စင်စစ် ဇာတ်လမ်းအတွက်မဟုတ်ဘဲ သူ၏အာဘော်များအတွက် ကျော်ကြားကြလေသည်။ ရှောသည် ပြဇာတ်များကိုသာမက ဝတ္ထုပေါင်းများစွာကိုလည်း ရေးသားခဲ့သည်။ သူ၏ပြဇာတ်နှင့် အခြားစာအုပ် စာတန်းများအတွက် အကျိုးခံစားရ၍ ရှောသည် ကြွယ်တောင့်ကြွယ်ဝ နေနိုင်ခဲ့သည်။ သူ၏ထူးခြားပြောင် မြောက်သော အရေးအသားများကြောင့် ၁၉၂၅ ခုနှစ်တွင် ကမ္ဘာ့စာပေဆုဖြစ်သော နိုဗဲဆုကြီးဖြင့်နိုဘယ်ဆုကြီးဖြင့် ချီးမြှင့်ခံရသည်။ ရှောသည် ထိုဆုကို လက်ခံသော်လည်း ဆုငွေဖြစ်သော ဒေါ်လာ ၃၅ဝဝဝ (မြန်မာငွေ တစ်သိန်းကျော်)ကိုမူ လက်မခံချေ။
 
ဗားနတ်ရှောသည် သူ၏ထူးခြားသော အယူအဆများ၊ ယုံကြည်သူများကို ပြဇာတ်များမှလည်းကောင်း၊ စာအုပ်စာတမ်းများမှလည်းကောင်း ဖြန့်ဝေခဲ့သည်။ သူ၏အယူအဆများသည် သူများနှင့်မတူ ထူးခြားသကဲ့သို့ သူ၏ဥပတိရုပ်နှင့် အမူအကျင့်တို့သည်လည်း ထူးခြားသည်။ သူသည် အမဲသားငါး မစား၊ အရက်သေစာနှင့် ဆေးလိပ်ကိုလည်း သောက်သူမဟုတ်ချေ။ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ခဲ့သဖြင့် အသက် ၉ဝ