ရေဆန်လမ်းမှ အိမ်အပြန် (စာအုပ်): တည်းဖြတ်မှု မူကွဲများ

"{{Italic title}} {{Infobox book |name =ရ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၂၆၊ ၁၆ နိုဝင်ဘာ ၂၀၁၈ ရက်နေ့က မူ

“ရေဆန်လမ်းမှ အိမ်အပြန်”စာအုပ်သည် ခင်ခင်ဝင်း ရေးသားခဲ့သော နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ ကိုယ်တွေ့မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်ပါသည်။ ခင်ခင်ဝင်းဆိုသူမှာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးအပါးတွင် နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများ စွာနေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ခင်ခင်ဝင်း၏ ကျောင်းဆရာမဘ၀မှ နိုင်ငံရေးသမားတစ်ဦးဖြစ်လာခြင်း၊ နိုင်ငံရေးဖြတ်သန်းခြင်းနှင့် အာဏာရှင်ကိုအန်တုတွန်းလှန်ခဲ့ခြင်းများကိုမူ လူသိနည်းပါးလှပါသည်။ ကျောင်းဆရာမတစ်ဦးအဖြစ် ကျေးလက်ဒေသများအကြားတွင် တာဝန်ထမ်းဆောင်၍ နိုင်ငံအတွင်းနေထိုင်ကြသူများ၏ စီးပွားရေးလူမှုရေး အခက်အခဲ အကြပ်အတည်းများကို သူမသိလာသည်။ မိမိကိုယ်တိုင်၏ ခက်ခဲကြပ်တည်းခြင်းကိုလည်း သူမသည် မခံမရပ်နိုင်ဖြစ်လာသည်။ ခေတ်ဆိုးခေတ်ပျက်ကြီးနှင့်အဖက်ဖက်က ယို့ယွင်းနေသော နိုင်ငံ့အခြေအနေအကြား ရုန်းကန်လှုပ်ရှားနေရသော ကြပ်တည်းလှသောဘ၀များကို မခံမရပ်နိုင်ဖြစ်ပေါ်ခဲ့သည်။ ထိုစိတ်နှင့်အတူ တာဝန်သိစိတ်၊ တာဝန်ယူစိတ်တို့က နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်လာစေ ရန် တွန်းအားပေးခဲ့သည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် လှုပ်ရှားရာတွင်လည်း ခင်ပွန်နှင့်သားသမီးအရေးကို ဒုတိယနေရာတွင်သာထားပြီး နိုင်ငံ့အရေးကို ပထမဦးစားပေးခဲ့သူဖြစ်သည်။ ဘ၀တစ်ခုလုံးကို နိုင်ငံ့အရေးအတွက်မြှုပ်နှံခဲ့သည်။ နိုင်ငံရေးအတွက် ခင်ပွန်းသည်ကို ခွဲခွာခဲ့သည်။ နိုင်ငံရေး ကြောင့် ဆွေမျိုးအသိုင်းအဝန်း၏ ရှောင်ဖယ်ခြင်းကို ခံခဲ့ရသည်။ ကိုယ်ပိုင်မိသားစုဘ၀နှင့်မိမိအိမ်ထောင်ဦးစီးအရေးထက် နိုင်ငံပိုင်မိသားစုနှင့်နိုင်ငံအိမ် ထောင်ဦးစီးကို ဦးစားပေးခဲ့သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်အောင်ရှောင်နိုင်သည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့်နေထိုင်ခဲ့သည်။ သူမ၏ သမီးတစ်ဦးပင် နေအိမ်အကျယ်ချုပ်တွင် ပါဝင်ခဲ့သည်။

ရေဆန်လမ်းမှ အိမ်အပြန်
စာရေးသူခင်ခင်ဝင်း
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားမြန်မာဘာသာ
အမျိုးအစားကိုယ်တွေ့မှတ်တမ်း
ထုတ်ဝေခြင်းဒီဇင်ဘာလ၊ ၂၀၁၆(ပထမအကြိမ်)
ထုတ်ဝေသူဓူဝံ

“ရေဆန်လမ်းမှ အိမ်အပြန်”စာအုပ်တွင် စိတ်ဝင်စားဖွယ်ကောင်း၍ ရင်နင့်အောင်ထိရှခံစားလိုက်ရသည့် အကြောင်းအရာကိစ္စရပ်ပေါင်းများစွာပါဝင် သည်။ ခင်ခင်ဝင်း၏ မိသားစုဘ၀၊ နိုင်ငံရေးသမားတစ်ဦး၏ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်အနီးအပါးမှ ကာလနှင့်သူမ၏ အိမ်ပြန်ချိန်တို့ သည် စာရေးသူအတွက် စိတ်ဝင်စားမှုအကောင်းဆုံးအကြောင်းကိစ္စများဖြစ်စေခဲ့သည်။ “ရေဆန်လမ်းမှ အိမ်အပြန်”စာအုပ်တွင် အခန်း(၉)ခန်းပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦးနှင့် ခင်ခင်ဝင်း၏ အမှာစာတို့ပါဝင်ပါသည်။

ကိုးကား