မျိုးမြင့်ညိမ်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
'''မျိုးမြင့်ညိမ်း ([[Myo Myint Nyein]])''' သည် သတင်းစာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ တစ်ဦးဖြစ်သည်။ [[အလင်းတန်းဂျာနယ်]]၊ [[ရွှေအမြုတေ မဂ္ဂဇင်း]]၊ [[ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း]]နှင့် [[မြန်မာအင်ဒီပဲန်ဒင့်သတင်းဂျာနယ်]]တို့၏ အယ်ဒီတာတစ်ဦးဖြစ်သည်။ အဘ[[ကျားဘညိမ်း|ဦးကျားဘညိမ်း]]၊ အမိ ဒေါ်ကြည်ကြည်တို့မှ ၁၉၅၂ ခုနှစ်၊ ဇွန် ၂၈ ရက်နေ့တွင် [[မန္တလေးမြို့]]၌ စတုတ္ထသားအဖြစ် မွေးဖွားသည်။ ဖခင် ကျားဘညိမ်းက ၁၉၅၂ [[ဟလ်ဆင်ကီးအိုလံပစ်]]သို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် မသွားရောက်မီ မွေးဖွားသောသားအား ရန်ကုန်မြို့မှ လာရောက် ကြည့်ရှုသည်။ ဟဲလ်ဆင်ကီးအိုလံပစ်တွင် ကွာတားဖိုင်နယ်အထိရောက်ခဲ့ပြီး ဆုတံဆိပ်တစ်ခုမျှ မရရှိခဲ့သဖြင့် တိုင်းပြည်အတွက် အကြွေးတင်ခဲ့သည်။ ထိုအကြွေးဆပ်ရန် သားဖြစ်သူကို မျှော်လင့်ခဲ့သော်လည်း အကြွေးမကျေခဲ့။ သားမျိုးမြင့်ညိမ်းမှာ ကြိုးဝိုင်းတွင်း ပြိုင်ပွဲများထက် လမ်းပေါ်ရန်ပွဲများတွင် ကျော်ကြားသည်။
အခြေခံပညာကို မန္တလေးမြို့တွင် ဒိုင်အိုစီတွင် သံတဲကျောင်း၊ [[ရန်ကုန်မြို့]]တွင် [[အ.ထ.က(၆)ဗိုလ်တထောင်]]တို့တွင် တက်ရောက်သင်ယူပြီး ၁၉၇၄ တွင် လုပ်သားများ ကောလိပ်တွင် ရူပဗေဒ ဘာသာရပ်အဓိကဖြင့် တက်ရောက်ဘွဲ့ယူခဲ့သည်။ ၁၉၇၄ တွင် ဒေါ်ဝင်းဌေးနှင့် အိမ်ထောင်ကျသည်။ လက်ဝှေ့ထိုးခြင်းကို စွန့်လွတ်ပြီး စာပေလောကသို့ ဝင်ရောက်သည်။ ၁၉၇၇ ခုနှစ်တွင် စစ်ပြန်စစ်မှုထမ်းအဖွဲ့မှ ထုတ်ဝေသည့် အခါအားလျော်စွာထုတ် စစ်ပြန်မဂ္ဂဇင်းတွင် အလုပ်သင်အယ်ဒီတာအမည်ခံ၍ အယ်ဒီတာဆရာများ ၏ တောက်တိုမယ်ရအလုပ်များကို လုပ်ရသည်။ လ္ဘက်ရည်ဝယ်၊ သောက်ရေဖြည့်၊ တံမြက်စည်းလှည်း စသည် တို့ဖြစ်သည်။
|