မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ယဉ်ကျေးမှု
စာကြောင်း ၂၂၂ -
မော်လမြိုင်မြို့သည် တနင်္သာရီတိုင်းနှင့် ဆက်သွယ်ရန်အတွက် အဓိက ဒေသတစ်ခု ဖြစ်သည့်အပြင် သင်္ဘောဆိပ်နှင့် ပို့ဆောင်ရေး ဗဟိုချက်မ တစ်ခုလည်း ဖြစ်သည်။ ထိုဒေသသည် ဗုဒ္ဓဘာသာ မွန်လူမျိုးများ အဓိကနေထိုင်ရာ ဒေသ ဖြစ်သော်လည်း အမျိုးမျိုးသော ယဉ်ကျေးမှုများကို တွေ့မြင်ရသည်။ မော်လမြိုင်သည် အလွန်ရှေးကျသော ဗုဒ္ဓဘာသာ နေရာဌာန တစ်ခုဖြစ်သော်လည်း ၁၉ ရာစုနောက်ပိုင်းတွင် ဗြိတိသျှ ခရစ်ယာန်သာသနာပြုများရောက်ရှိလာပြီး ခရစ်ယာန်ဘာသာလည်း စတင်ဝင်ရောက်လာခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် ဒီလ ရှယ်လီ ဘရားသားစ်က ခရစ်ယာန် သာသနာပြုကျောင်းများကို တည်ဆောက်ခဲ့ကြသည်။ထိုနောက် စိန့်ပက်ထရစ် (ယခု မော်လမြိုင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း တစ်ခုဖြစ်သော)ဘုရားရှိခိုးကျောင်းကို ဖွင်လှစ်ခဲ့သည်။ ၂၀ ရာစု အစောပိုင်း ကာလများတွင် စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုများဖြင့် အိန္ဒိယနိုင်ငံမှ ဟိန္ဒူလူမျိုးများ ဝင်ရောက်လာခဲ့ကြသည်။
 
မော်လမြိုင်မြို့၏ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာနိုင်ငံတွင် ကျော်ကြားသည်။ ပွဲတော်ရက်များတွင် အနယ်နယ်မှ လာရောက်၍ ရေသဘင်ဆင်နွဲကြသည်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိသော သံဃာ ၁ဝ⁠ဝဝ ကျော်ပါဝင်သည့် မောင်ငံဆွမ်းတော်ကြီးလောင်းပွဲသည် မော်လမြိုင်မြို့တွင် အလွန်စည်ကား၍ ထင်ရှားသော ပွဲတော်ကြီးဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၈၄၄ (မြန်မာသက္ကရာဇ် ၁၂ဝ၄) ခုနှစ်မှ စ၍ မောင်ငံရပ်ကို အုပ်ချုပ်သော မင်းမောင်ငံက ဦးစီးပြုလုပ်ခဲ့ရာ ယနေ့တိုင် မပျက်မကွက် တည်တံ့လျက်ရှိသည်။ (မောင်ငံသည် မွန်လူမျိုးစစ်ကဲကြီး [[​မောင်​ထော်​လေး၊မောင်ထော်လေး၊ စစ်ကဲ|မောင်​ထော်​လေး]]၏ တပည့် [[ကင်းဝန်]] ဖြစ်သည်)။
 
[[မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား]] ဟူသော မြန်မာ စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် မော်လမြိုင်သူ မော်လမြိုင်သားသည် အစားအစာကို အရသာရှိရှိ စီမံချက်ပြုတ်စားတတ်သည်။ မော်လမြိုင်ရွှေရင်အေး၊ မော်လမြိုင်[[သင်္ကြန်ထမင်း|သင်္ကြန်ထမင်း၊]] [[မုန့်ဟင်းခါးအစို|မော်လမြိုင်မုန့်ဟင်းခါး]] ခေါ် (မုန့်ဟင်းခါးအစို) အစရှိသည်တို့ သည်ကျော်ကြားသည်။