မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

clear up
စာကြောင်း ၁၆ -
 
=== ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲ ===
မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၌ခုနှစ် (ခရစ်နှစ် ၁၈၂၄)၌ အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲကြီး ဖြစ်ပွားရာ ဦးထော်လေးသည် စစ်မှုထမ်းခဲ့ရသည်။ ထို့နောက် မကြာမီမှာပင် ဗိုလ်ချုပ် စကြာဝန်ကြီး၏ လက်အောက်တွင် စစ်သူရဲ (၇၀၀) ကျော်ကို အုပ်ချုပ်ရသော စစ်ကဲဖြစ်လာသည်။
 
၁၁၈၅ ခုနှစ်၊ တပေါင်းလဆန်း၌ စစ်ပွဲဖြစ်ပွားစဉ် မြဝတီမင်းကြီး ဦးစနှင့် စစ်သူကြီး [[မဟာဗန္ဓုလ]]တို့က ပန်းဝါ၊ ရာမူး အောင်ပွဲများကို ဆင်နေစဉ် စစ်ဆုတ်ခွာရသော အင်္ဂလိပ်တို့သည် စစ်မျက်နှာ အသစ်ဖွင့်ကာ တပ်သား(၁၁,၅၀၀)တို့ကို ဂျင်နရယ်ဆာအာချီဘောကင်းဘဲလ် ဦးစီလျက် ရေလမ်းမှတစ်ဆင့် ရန်ကုန်မြို့သို့ ဝင်၍ စီး၏။ ထိုစဉ် ရန်ကုန်မြို့၌ အစောင့်တပ်ချ၍ နေသော ဦးထော်လေး အမှူးရှိသည့် ရန်ကုန်မြို့စောင့် တပ်များသည် အင်္ဂလိပ်များ ကမ်းပေါ်သို့မတက်ရောက်နိုင်စေရန် အပြင်းအထန် ခုခံကြရ၏။ ထိုအချိန်တွင် သန်လျင်မြို့ဝန် မောင်စပ်သည် အင်္ဂလိပ်စစ်တပ်အား လမ်းဖွင့်ပေးသဖြင့် ပုဇွန်တောင်ခံတပ်မှ ခုခံနေသော ဗမာ့တပ်မတော်တပ်မကြီးသည် သိမ်ဖြူကျောင်းတိုက်ကြီးမှ တစ်ဆင့် အပြင်းအထန် ခုခံရင်း ရွှေတိဂုံကုန်းတော်ပေါ်အရောက် ထပ်မံကာ ဆုတ်ခွာပေးလိုက်ရ၏။ အင်္ဂလိပ်တပ်များလည်း ရန်ကုန်မြို့တစ်ဝိုက်ကို နင်းမိလေ၏။ ပုဇွန်တောင် တပ်မြေဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယင်းနေရာမှာ စစ်ကဲမောင်ထော်လေးတို့ ခိုင်မာစွာ တပ်စခန်းချခဲ့သော နေရာဖြစ်လေသည်။
ရွှေတိဂုံကုန်းတော်မှ ခိုင်မာစွာ ခုခံနေစဉ် အင်္ဂလိပ်တပ်များသည် ဗိုလ်တထောင် ဓနိတောမှ တစ်ဆင့် ဂေါ်ရာကုန်း (ယခု ဓမ္မရက္ခတကုန်းမြေ)သို့ ကူးပြီးလျှင် ရွှေတိဂုံကုန်းတော်ကို အပြင်းအထန် တိုက်ခိုက်ကြရာ မြန်မာစစ်သည်တော်များစွာ ကျဆုံး၍ ဖရိုဖရဲ ဖြစ်ခဲ့ရသည်။ သို့သော် ဦးထော်လေးသည် တပ်များကို ပြန်လည်စုစည်းအုပ်ထိန်း၍ ယခုအာဇာနည်းကုန်း တည်ရှိရာ သွေးဆေးကန်ဘက်မှ ရပ်တည်ကာ အင်္ဂလိပ်တို့ကို ခုခံရပြန်သည်။
[[File:Scene upon the terrace of the Great Dagon Pagoda at Rangoon.jpg|thumb|ရွှေတိဂုံစေတီတော်ကြီး (ခရစ်နှစ် ၁၈၂၄ - ၁၈၂၆)]]
 
 
Line ၃၉ ⟶ ၄၀:
စစ်ကဲ ဦးထော်လေးသည် မော်လမြိုင်တွင် နေထိုင်စဉ်က တစ်ချိန်က မြူနီစပါယ်ရုံးနှင့် သစ်တောရုံးတည် အကြားရှိ ဘုရင်မ ပန်းခြံထောင့်နေရာတွင် အိမ်ဆောက်နေထိုင်ခဲ့သည်။
အင်္ဂလိပ် ြ မြန်မာ စစ်ပြီးသော်လည်း မကြာခဏ အချင်းများလျက် နိုင်ငံရေး ရှုပ်ထွေးနေလေရာ အင်္ဂလိပ်တို့သည် တနင်္သာရီနှင့် ပတ်သက်၍ အကြံအိုက်လျက် ရှိသည်။ ထိုအခါတွင် ဦးထော်လေးက အကယ်၍ မြန်မာအစိုးရက တန်ရာတန်ဖိုးပေးလျက် ဝယ်ယူလျင် တနင်္သာရီနယ်ကို ပြန်ပေးမည်လောဟု အင်္ဂလိပ်အစိုးရအား စကားကမ်းလှမ်းလိုက်၏။ ထိုကိစ္စကို အိန္ဒိယဘုရင်ခံချုပ် ဘော့ဒ်အင်းမှတ်စ်အား တင်ပြရာ မကြာမီ သဘောတူပြီး အင်းဝသို့ ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်တွင် ကိုယ်စားလှယ်အဖြစ် မေဂျာဘားနေးအား စကားဆိုစေသည်။ စကားဆိုနေစဉ် အိန္ဒိယ အစိုးရက မြန်မာပိုင် ကလေးတောင်ကြားကို သိမ်းယူသဖြင့် တနင်္သာရီနှင့်ပတ်သက်သော စေ့စပ်မှု ပျက်ပြယ်သွားခဲ့ရလေသည်။
 
 
 
ကောဇာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် [[အင်းဝမြို့|အင်းဝ]]၌ [[သာယာဝတီမင်း]]နန်းတက်လာသည်။ သာယာဝတီမင်းသည် [[ရန္တပိုစာချုပ်|ရန္တပို]]စာချုပ်ကိုလည်း အတည်မပြု၊ အင်္ဂလိပ်အစိုးရက စေလွှတ်သော သံကိုယ်စားလှယ် ဘားနေးကို လည်း အသိအမှတ် မပြုဘဲ နေသဖြင့် ဦးထော်လေး၏ မျှော်လင့်ချက်မှာ အပြီးအပိုင် ပျက်ပြားသွားရရှာလေတော့သည်။ ၁၂၀၈ ခုနှစ်တွင် ပုဂံမင်း နန်းတက်လာ၏။ ၁၂၁၄ ခုနှစ်တွင် [[ဒုတိယအင်္ဂလိပ်မြန်မာစစ်|ဒုတိယ အင်္ဂလိပ်-မြန်မာ]] စစ်ပွဲ ဖြစ်ပွားပြန်လေရာ အင်္ဂလိပ်အစိုးရဘက်မှ ဂျင်နရယ် ဂေါ်ဒွင်နှင့် ရေကြောင်းဗိုလ်ချုပ်ကြီး အက်ဒမိုင်ရယ် အော်စတင်တို့သည် သက္ကရာဇ် ၁၈၅၂ ခုနစ်၊ ဧပြီလ ၄ ရက်နေ့တွင် [[မုတ္တမမြို့]] ကို ဒလကြမ်းတိုက်ခိုက်ကာ သိမ်းယူကြလေသည်။ အမြောက်ဒဏ်ကြောင့် မုတ္တမကမ်းပါးရှိ မြသိန်းတန် စေတီတော်မှာ ချရားသီးကွဲကာ ပျက်စီးသွားရလေသည်။ သို့ဖြစ်သည်ကို ဦးထော်လေးသည် စိတ်မချမ်းမသာ ရှိလှသဖြင့် စစ်အတွင်းမှာ ပင် စေတီတော်ကို ပြင်ဆင်စေသည်။ စစ်ဖြစ်အံ့ဆဲဆဲ၌ မုတ္တမရှိ မြန်မာမြို့စား မဟာအင်္သယာလည်း ထိုစေတီကို ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ထားပြီး ဖြစ်သည်။ စစ်ဖြစ်ကာ ငြမ်းတန်းလန်းနှင့် ဆုတ်ခွာပြေးရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် စေတီတော်ကို အမြန်ပြုပြင်ကာ မြို့စားအသင်္ခယာ ကိုယ်စား ရွှေသင်္ကန်းကပ်၍ နောင်သောအခါ အင်းဝရောက် မြို့စားမင်းအား အမျှပေးကာ သာဓုခေါ်စေသည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီသည် ၁၈၅၂ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ပဲခူးနယ်ဘက်သို့ သိမ်းရန် ဂျင်နရယ်ဂေါ်ဒွင်နှင့် တိုင်ပင်သည်။ ယင်းအခိုက်တွင် မဟာဗန္ဓုလ၏ သား သုံးဆယ်မြို့စား မောင်ကြီးသည် အင်္ဂလိပ်တို့အား လက်နက်ချလေရာ ဦးထော်လေးမှာ မချင့်မရဲ ဖြစ်ရရှာလေသည်။
 
ဦးထော်လေးသည် မော်လမြိုင်မြို့ကို ပြန်လည်ထူထောင်ခဲ့သည်မှ ၂၅ နှစ်အကြာ ၁၂၁၄ ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးကို စစ်သားများက ဌာပနာတိုက်သို့ရောက်အောင် ရည်ရွယ်၍ အတောင် ၆၀ မျှ တူးဖော် ဖျက်ဆီးပစ်သည်ဆိုသော မကောင်းသတင်းကို ကြားသိရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် ရန်ကုန်သို့ အဆောတလျှင် လာပြီးလျှင် အထက်အစိုးရထံ တိုင်ကြားလေသည်။ ထို့နောက် အထက်အစိုးရထံ အမိန့်ခံယူပြီးလျှင် ဦးထော်လေး ခံတပ်ဂူများမှ အပ ဌာပနာတိုက်ကို ဖောက်ရာ တွင်းပေါက်ဝများကို အတွင်းကျောက်ဖျား အထိ ဂဝံကျောက်၊ ငွေအုတ်ချပ်တို့ စေ့စပ်သေချာစွာ ပိတ်ဆို့ပြုပြင်သည့် အပြင် ရွှေတိဂုံစေတီတော်ကြီးအားလည်း အထက်ချရားသီးမှ ဖိနပ်တော်သို့တိုင် ကိုယ်လုံးပြည့် သင်္ကန်းကပ်လှူခဲ့သည်။ ထီးတော်၌လည်း ရွှေပြားခတ်၍ ရွှေသား၊ ငွေသား သံသေဆည်းလည်း ပေါင်း ၉၆၀ နှင့် ရွှေ၊ ငွေဖြင့် စပ်သော ညောင်ရွက်များ တပ်ဆင် လှူဒါန်းခဲ့လေသည်။ တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး စေတီပျက်စီးနေသည်ကိုလည်း ပြုပြင်ကာ ကျောက်စာတိုင်များ စိုက်ထူခဲ့လေသည်။ [[ဆူးလေစေတီတော်|ဆူးလေစေတီတော်ကြီး]]ကိုလည်း ပြင်ဆင်သည်။