အရေးမကြီးNo edit summary
a photo added
စာကြောင်း ၈ -
 
==ကုလသမဂ္ဂ ဇာတ်စင်ပေါ်က မြန်မာ့ စိန်ဗေဒါကြီးများ==
[[File:Daw Mya Sein at London.jpg|thumb|လန်ဒန်မြို့ မျက်နှာစုံညီ အစည်းအဝေးရောက် ဒေါ်မြစိန် (၁၉၃၁ ခုနှစ်)]]
 
ကုလသမဂ္ဂရဲ့ရဲ့ နှစ်ပတ်လည် အထွေထွေ ညီလာခံ အချိန်ဟာ ကုလသမဂ္ဂ ဌာနချုပ်မှာ ပျားပန်းခတ်မျှ အလုပ်များတဲ့ အချိန်ပဲ။ တရားဝင် ပုံမှန် အစည်းအဝေးကြီးတွေ ၆ ခု၊ ၇ ခု တပြိုက်နက် နေ့စဉ် ရှိသလို၊ အလွတ်သဘော ဆွေးနွေးတဲ့ ကျိတ်ဝိုင်းကလေးတွေကလည်း အများကြီး ရှိတယ်။ ပုံမှန် အစည်းအဝေးကြီးတွေ အရေးကြီးသလို၊ အလွတ်သဘော ကျိတ်ဝိုင်း အစည်းဝေးတွေမှာ စေ့စပ် ညှိနှိုင်းကြတာကလည်း တော်တော်အရေးကြီးတယ်။ ပိုလို့တောင် အရေးကြီး တတ်သေးတယ်။ ပုံမှန် အစည်းအဝေးတွေမှာတော့ ကိုယ်စားလှယ်တိုင်း ပါနိုင်တာပဲ။ ကန့်လန့်ကာ နောက်ကွယ်က ကျိတ်ဝိုင်း ညှိနှိုင်းစေ့ စပ်ပွဲတွေမှာတော့ လူတိုင်း မပါနိုင်ဘူး။ ကိုယ်စားလှယ် အဖွဲ့တွေရဲ့ (၁၅/ ၂ဝ) ရာနှုန်းလောက် ပါရင် များလှပြီ။ အသေးစိတ် ဆွေးနွေးပြီး ညှိကြရတဲ့ အတွက် သာမန် ကျွမ်းကျင်ရုံနှင့် ကျိတ်ဝိုင်း ညှိနှိုင်းပွဲတွေမှာ မပါဝင်နိုင်ဘူး။ အဲဒီလို မပါနိုင်တဲ့ ကိုယ်စားလှယ်ကတော့ တခြားလူတွေ ပျားကောင်တွေလို လှုပ်ရှား နေကြတဲ့ အချိန်မှာ သူတို့ အဖို့တော့ နတ်ကရာ ကျီးမောပါပဲ။