ဆင်ဖြူရှင်မင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃၆ -
 
== ယိုးဒယား-မြန်မာ စစ်ပွဲ ==
[[File:Royal Palace of Ayutthaya.jpg|left|thumb|237x237px|အယုဒ္ဓယမြို့ပျက် (ခရစ်နှစ် ၂၀၁၀)|alt=]]
ဆင်ဖြူရှင်မင်းသည် ခမည်းတော်လက်ထက်က အောင်တော်မမူသော ယိုးဒယားကို ချီတက် တိုက်ခိုက်စေ၏။ သက္ကရာဇ် ၁၁၂၅ ခုနှစ် (ခရစ် ၁၇၆၄ ခုနှစ်) တစ်ပေါင်းလတွင် တပ်ပေါင်း ၂၈ တပ်ကို [[နေမျိုးသီဟပတေ့]] အုပ်ချုပ်စေလျက် ဇင်းမယ်ကြောင်းချီစေသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ် နတ်တော်လတွင် မဟာနော်ရထာကို ဗိုလ်ချုပ်ခန့်၍ တပ်ပေါင်း ၃ဝ ကို ထားဝယ်ကြောင်းချီစေ၏။ ထိုတပ်အသီးသီးသည် ချီတက် တိုက်ခိုက်လာခဲ့ရာ၊ ၄ နှစ်အကြာတွင် အယုဒ္ဓယမြို့ ပြင်တွင် တပ်ကြီးနှစ်တပ်ပေါင်းမိကာ အယုဒ္ဓယမြို့ကို ၁၄ လ တိုင်တိုင် ဝန်းရံထားခဲ့လေသည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ် တန်ခူးလဆန်း ၁၁ ရက် (ခရစ် ၁၇၆၇ ခုနှစ်၊ မတ်လ ၂၈ ရက်) နေ့တွင် အယုဒ္ဓယမြို့ကို အောင်မြင်၏။ ယိုးဒယားမင်းလည်း မြို့အပျက်တွင် လက်နက်ထိမှန်၍ ကျဆုံးလေသည်။