အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်: တည်းဖြတ်မှု မူကွဲများ

ရာဇဝင်ဆရာ ဦးဘသန်း
ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်း
စာကြောင်း ၂၉ -
ဝိုင်အမ်ဘီအေ (YMBA) ခေါ် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း|ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း]] ကို စတင်တည်ထောင်သူ [[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]] (၁၈၈ဝ - ၁၉၂၆)က ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ် အဖြစ် ၁၈၉၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ [[ဘသန်း၊ ဦး (ရာဇဝင်ဆရာ)|ရာဇဝင်ဆရာ ဦးဘသန်း]] သည် ရှင်မဟာဗုဒ္ဓဃောသ ကျောင်းအုပ်ဆရာကြီး အဖြစ် လုပ်ကိုင်စဉ် 'ဘီအေ မောင်ဘလွင်' ဝတ္ထုကို ရေးခဲ့သည်ဟု ဆိုသည်။
 
[[ခေတ်စမ်းစာပေ]]ကို ဦးဆောင်ခဲ့သူ [[သိပ္ပံမောင်ဝ]] သည် ၁၉၂ဝ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းမှ မြန်မာဘာသာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ သိပ္ပံမောင်ဝ သည် ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းကြီးတွင် ပညာ သင်ကြားကာ နေသည့်အတွင်း၌လည်း မြန်မာဘာသာကို အထူးလေ့လာလျက် ဝါသနာအလျောက် "ဝဇီရာတင့်" ဟူသော အမည်နှင့် မြန်မာသတင်းစာများတွင် ဆောင်းပါးများ ရေးသား ထည့်သွင်းခြင်း ပြုလေ့ ရှိခဲ့သည်။ ထို့ပြင် ခေတ်စမ်း ကဗျာများရေးသားသူ [[ကုသ၊ စာရေးဆရာ|စာရေးဆရာ ကုသ]] သည် ၁၉၂၇ တွင် ရှင်မဟာဗုဒ္ဓဃောသကျောင်းမှ ဆယ်တန်း စာမေးပွဲ အောင်ခဲ့သည်။
 
၁၉၂၉ ခုနှစ်တွင် အိန္ဒိယ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမ [[ဂန္ဓီ၊ မဟတ္တမ|ဂန္ဒီ]] သည် [[ခွဲရေးတွဲရေး]] (ထိုစဉ်က မြန်မာပြည်သည် ဗြိတိသျှအိန္ဒိယပြည်၏ ပြည်နယ်တခုသာ ဖြစ်ခဲ့သည်) ကိစ္စအတွက် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းတွင် ကျင်းပသော ညီလာခံ၌ မြန်မာလူထုနှင့် တွေ့ဆုံ ခဲ့သည်။<ref>N. R. Phatak (1968). ''Source Material for a History of the Freedom Movement in India: pt. 1. Mahatma Gandhi (1915-1922)''. Government Central Press, India. p. 423.</ref>
 
နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အရေးပါသော [[၁၃၀၀ ပြည့် အရေးတော်ပုံ]] တွင်ပါဝင်ခဲ့သူ ရှင်မဟာဗုဒ္ဓဃောသကျောင်းသား ကိုစိန်ဝင်း (နောင်တွင် သီရိပျံချီ [[စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း|ဦးစိန်ဝင်း]]) သည် ရှင်မဟာဗုဒ္ဓဃောသကျောင်းမှ ၁၉၃၈ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ သူသည် ၁၉၄၅ ခုနှစ်တွင် ဗိုလ်မှူး အဆင့်ဖြင့် [[အောင်ဆန်း|ဗိုလ်ချုပ်အောင်ဆန်း၊]] [[ဗထူး၊ ဗိုလ်မှူးကြီး|ဗိုလ်မှူးဗထူး]] တို့နှင့် အတူ ဖက်ဆစ်ဂျပန် တော်လှန်ရေးတိုက်ပွဲ ဝင်ခဲ့သူ ဖြစ်သည်။
 
ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်းဟု လူသိများသော [[ဝဏ္ဏကျော်ထင်ဘွဲ့]]ရ သတင်းစာဆရာ၊ စာရေးဆရာ [[ဘသန်း၊ ဦး (ရှင်မဟာဗုဒ္ဓဃောသ)|ဦးဘသန်း]](၁၈၉ရ- ၁၉၈၄) သည် [[အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်|ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်း]]၌ ပါဠိနှင့် မြန်မာစာဆရာအဖြစ် (၂၄)နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။
 
== ထင်ရှားသောကျောင်းသားဟောင်းများ ==