အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၄၁ -
၁၉ ရာစု အစောပိုင်းတွင် တိုက်ပွဲများ၌ ဒဏ်ရာရရှိသော စစ်သားများ၊ စစ်အတွင်း မတော်တဆ ဒဏ်ရာရရှိမှုများအား စောင့်ရှောက်ရန်အတွက် သူနာပြုဟူသော အဖွဲ့အစည်းဟူ၍ မည်သည့်အဖွဲ့အစည်းနှင့် နည်းလမ်းများ မျှ မရှိခဲ့ချေ။
သို့သော် ဆွစ်ဇာလန် စီးပွားရေး သူဌေးတစ်ဦးဖြစ်သည့် ဟန်နရီဒူးနန့်သည် သြစထရို-ဆာဒီနီယန်း စစ်ပွဲအတွင်း ဆော့ဖာရီနို တိုက်ပွဲအား တွေ့မြင်ခဲ့ရသည်။ တိုက်ပွဲအပြီး နောက်တနေ့တွင် စစ်မြေတလင်း၌ နှစ်ဖက်စစ်သား ၄၀,၀၀၀ ခန့် သေကြေ၊ ဒဏ်ရာရရှိကြလေသည်။
ထို့နောက် ဒူးနန့်သည် ထိခိုက်ဒဏ်ရာ ရရှိထားသော ထိုစစ်သားတို့အား ဆေးဝါးအကူအညီပေးရန်အတွက် သူ၏ နပိုလီယံ ၃ နှင့် တွေ့မည့် အစီအစဉ်ကို ဖျက်သိမ်းကာ ထိုဒုက္ခသည် စစ်သားများအတွက် အကူအညီ အစောင့်အရှောက်များ ပေးရင်း ရက်အတော်ကြာမျှ နေထိုင်ခဲ့သည်။ ထို့ပြင် သူသည် တွေ့မြင်ခဲ့ရသော ထိုစစ်ပွဲအကြောင်းအား စာအုပ်တစ်အုပ်အဖြစ် ရေးသားပြုစုခဲ့ပြီး ထိုစာအုပ်အား ဆော့ဖာရီနို၏ အာရုံတစ်ခု(A Memory Of Solferino) ဟူ၍ အမည်ပေးထားခဲ့သည်။ ထိုစာအုပ်အား ရေးသားပြီးစီးပြီးနောက် ၁၈၆၂ ခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင်ငွေဖြင့် ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ထိုစာအုပ်သည် ဥရောပတိုက်တစ်ခုလုံးရှိ နိုင်ငံရေးနှင့် စစ်ရေး ဆိုင်ရာ ကိန်းဂဏန်းများကို ဦးဆောင်စေရန်တွက် ဖြစ်သည်။ ဤစာအုပ်သည် ဒူးနန့် မြင်တွေ့ခဲ့ရသည်များကိုသာ ဖော်ပြရန်မဟုတ် တိုက်ပွဲများတွင် ဒဏ်ရာရရှိထားသော စစ်သားများအား အကူအညီ၊ စောင့်ရှောက်မှုများ ပြုလုပ်ရန်အတွက် အဖွဲ့အစည်းများ ဖွဲ့စည်းရန်၊ တည်ထောင်ရန်အတွက် ပြောဆို ရေးသားထားသည်။ ဒူးနန့်သည် စစ်သားများအတွက် ဒဏ်ရာအနာရမှုများအား ဆေးဝါးကုသမှု၊ ဆေးရုံးများတည်ဆောက်မှု၊ ဘက်လိုက်ခြင်းသောဘက်လိုက်သော စောင့်ရှောက်မှုများမှ ကာကွယ်ခြင်းနှင့် နိုင်ငံတကာ ဆိုင်ရာ သဘောတူစာချုပ် ချူပ်ဆိုမှုများ ပြုလုပ်ရန်အတွက် ရေးသားပြောဆိုခဲ့သည်။ လူထုအကျိုးပြု ဂျာနီဗာ လူထုအဖွဲ့အစည်းက ဒူးနန်၏ အကြံအညာဏ်ကို စဉ်းစားပြီး နိုင်ငံတစ်ကာဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကော်မတီတစ်ခုကို ပြုလုပ်ပေးခဲ့သည်။ ၅ ဦးကော်မတီကို ဖေဖော်ဝါရီလ ၉ ရက်၊ ၁၈၆၃ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးပြသည်။
 
ထိုသူများမှာ-
စာကြောင်း ၇၅ -
ထို့နောက်ပိုင်း တစ်နှစ်အကြာတွင် ဆွစ်ဇာလန်အစိုးရသည် ဥရောပတိုက်ရှိ နိုင်ငံအားလုံးမှ အစိုးရ အရာရှိများ၊ မက္ကဆီကို၊ ဘရာဇီးနှင့် အမေရိကန်ပြည်ထောင်စု ကဲ့သို့သော နိုင်ငံများကိုလည်း ဖိတ်ခေါ်မှုပြုခဲ့ပြီး ရုံးပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို တက်ရောက်စေခဲ့သည်။ ၁၆ နိုင်ငံမှ ကိုယ်စားလှယ် ၂၆ တို့သည် ဂျာနီဗာ အစည်းအဝေးသို့ စေလွှတ်ခြင်းခံကြရသည်။ ၁၈၆၄ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် စစ်မြေပြင်မှ ဒဏ်ရာရ စစ်တပ်များအတွက် ပိုမိုကောင်းမွန်စေရန်ဟုဆိုကာ ပထမ ဦးဆုံးသော ဂျာနီဗာ ဆွေးနွေးပွဲကြီးကို မွေးထုတ်ပေးလိုက်လေသည်။ ဗဒင်၊ ဘယ်ဂျီယန်၊ ဒိန်းမတ်ခ်၊ ပြင်သစ်၊ ဟက်ဇီ၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ပရူးစီ၊ ဆွစ်ဇာလန်၊ စပိန်နှင့် ဝါတာဘန်း တို့မှ ကိုယ်စားလှယ်ကြီးများက ထိုဆွေးနွေးပွဲကြီးတွင် ကိုယ်စားပြုလက်မှတ်များကို ရေးထိုးပေးခဲ့ကြသည်။
<ref>http://simple.wikipedia.org/wiki/International_Committee_of_the_Red_Cross</ref>
 
 
==ဆက်စပ် ဖတ်ရှုရန်==