အမ်မီ နိုသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး biographical information style fixed
အရေးမကြီး added some bio and a summary of research contributions
စာကြောင်း ၆ -
| birth_name = အမားလီး အမ်မီ နိုသာ (Amalie Emmy Noether)
| birth_date = {{birth date|1882|03|23}}
| birth_place = အာလန်းဂန်အဲလန်ဂန် ([[:en:Erlangen|Erlangen]])၊ ဘာဗားရီးယား ([[:en:Kingdom of Bavaria|Bavaria]])၊ ဂျာမန် အင်ပိုင်ယာ ([[:en:German Empire|German Empire]])
| death_date = {{death date and age|1935|04|14|1882|03|23}}
| death_place = ဘရင်း မော ([[:en:Bryn Mawr, Pennsylvania|Bryn Mawr]])၊ [[ပင်ဆယ်ဗေးနီးယားပြည်နယ်|ပန်ဆယ်ဗေးနီးယား]] (Pennsylvania)၊ [[အမေရိကန်ပြည်ထောင်စု]]
စာကြောင်း ၂၈ -
 
'''အမားလီး အမ်မီ နိုသာ''' ({{lang-en|Amalie Emmy Noether}}; {{IPA-de|ˈnøːtɐ|lang}}) ({{birth date|1882|03|23}} – {{death date|1935|04|14}}) သည် ဂျာမန်သူ သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး [[ခေတ်သစ်အက္ခရာသင်္ချာ|အက္ခရာသင်္ချာ]]နှင့် သဘောတရားဆိုင်ရာ ရူပဗေဒ ([[:en:theoretical physics|theoretical physics]]) ဘာသာရပ်များအတွက် အခရာကျသော [[သင်္ချာ]]သုတေသနလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။
 
== ဘဝဖြစ်စဉ် အကျဉ်း ==
အမ်မီ နိုသာကို ဂျာမနီနိုင်ငံ အဲလန်ဂန် ([[:en:Erlangen|Erlangen]]) မြို့နေ ဂျူးလူမျိုးမိသားစုတစ်ခုအတွင်း {{birth date|1882|03|23}} ၌ ဖွားမြင်သည်။ ဖခင်ဖြစ်သူ မက်စ် နိုသာ ([[:en:Max Noether|Max Noether]]) မှာ သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး၊ မိခင်ဖြစ်သူ အိုင်ဒါ အမယ်လီယာ ကော့ဖ်မန် (Ida Amalia Kaufmann) မှာ ကြွယ်ဝသော ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူ တစ်ဦးဖြစ်သည်။
 
နိုသာသည် ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာရပ်များ သင်ယူရန် ကနဦး၌ စီစဉ်ခဲ့သော်လည်း နောင်တွင် သူ၏ဖခင် သင်ကြားပို့ချသည့် အဲလန်ဂန် တက္ကသိုလ် ([[:en:University of Erlangen|University of Erlangen]]) တွင် သင်္ချာဘာသာ သင်ယူခဲ့သည်။ ဘွဲ့ယူစာတမ်းကို ပေါလ် ဂေါ်ဒန် ([[:en:Paul Gordon|Paul Gordon]]) ၏ ကြီးကြပ်မှုဖြင့် ၁၉၀၇ ခုနှစ်တွင် ရေးသားပြီးစီးပြီးနောက် အဲလန်ဂန် သင်္ချာ အင်စတီကျု (Mathematical Institute of Erlangen) တွင် အခကြေးငွေ မယူဘဲ ခုနှစ်နှစ်ခန့် လုပ်ကိုင်ခဲ့သည်။ သင်္ချာသုတေသနတွင် ထင်ရှားကျော်ကြားသည့် ဂွတ်တင်ငန် တက္ကသိုလ် ([[:en:University of Göttingen|University of Göttingen]]) ရှိ သင်္ချာဌာနတွင် လာရောက်လုပ်ကိုင်ရန် [[ဒေးဗစ် ဟီလ်ဘတ်]] (David Hilbert) နှင့် [[ဖီးလစ် ကလိုင်း]] (Felix Klein)တို့က အမ်မီ နိုသာကို ၁၉၁၅ ခုနှစ်တွင် ဖိတ်ကြားခဲ့သည်။ သို့သော် ၎င်းတက္ကသိုလ်ရှိ ဒဿနိကဗေဒဌာနမှ ဆရာအချို့က နိုသာမှာ အမျိုးသမီးဖြစ်သည့်အတွက် ကန့်ကွက်ခဲ့သောကြောင့် တရားဝင် ဆရာအဖြစ် ဝင်ရောက်ရန် မဖြစ်မြောက်ခဲ့ပေ။ ထို့ကြောင့် နိုသာမှာ ဟီလဘတ်၏ နာမည်ခံ၍သာ သူ၏ကိုယ်စား သင်္ချာဘာသာကို လေးနှစ်ခန့် သင်ကြားပို့ချပေးခဲ့သည်။ ၁၉၁၉ ခုနှစ်တွင်မှ အမ်မီ နိုသာကို ဂျာမန်အခေါ် ပရီဗာ့ဒိုးဇန့် ([[:en:Privatdozent|Privatdozent]]) ခေါ် တွဲဖက် ပါမောက္ခ ([[:en:Adjunct professor|adjunct professor]]) အဖြစ် ခန့်အပ်ခြင်း ခံရသည်။
 
နိုသာသည် ဂွတ်တင်ငန်သင်္ချာဌာနတွင် ထိပ်တန်းဆရာတစ်ဦးအဖြစ် ၁၉၃၃ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ကျောင်းသားအများအပြားကို ကြီးကြပ်ခဲ့ပြီး ၎င်းတို့ကို နိုသာ၏ ကောင်ကလေးများဟု လူသိများခဲ့သည်။ ဒတ်ချ် သင်္ချာပညာရှင် ဘီ၊ အယ်၊ ဗန် ဒါ ဝါဒန် ([[:en:Bartel Leendert van der Waerden|Bartel Leendert van der Waerden]]) သည် နိုသာ၏ သုတေသန အသိုင်းအဝိုင်းတွင်းသို့ ၁၉၂၄ ခုနှစ်တွင် ဝင်ရောက်ပါဝင်ခဲ့ပြီး နိုသာ၏ သုတေသန စိတ်ကူးအမြင်များ ပြန့်ပွားအောင် အဓိကလုပ်ဆောင်သူတစ်ဦး ဖြစ်လာခဲ့သည်။ သူတို့၏ခေတ်ပြိုင် သင်္ချာသမားများအပေါ် သြဇာညောင်းသည့် ၎င်း၏ ၁၉၃၁ခုနှစ်ထုတ် ''Moderne Algebra'' ခေါ် [[ခေတ်သစ်အက္ခရာသင်္ချာ]] (abstract algebra) ဖတ်စာအုပ် ဒုတိယတွဲပါ သဘောတရားများမှာ နိုသာ၏ စိတ်ကူးအမြင်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံ [[ဇူးရစ်ချ်မြို့]] တွင် ၁၉၃၂ခုနှစ်၌ ကျင်းပသည့် နိုင်ငံတကာ သင်္ချာကွန်ဂရက် ([[:en:International Congress of Mathematicians|International Congress of Mathematicians]]) ၏ မျက်နှာစုံညီအစည်းအဝေးတွင် နိုသာမိန့်ခွန်းပေးခဲ့ပြီး၊ ၎င်းအချိန်တွင် နိုသာမှာ အက္ခရာသင်္ချာ၌ စူးရှထက်မြက်သူတစ်ဦးအဖြစ် ကျော်ကြားနေပြီဖြစ်သည်။ သို့သော် ၁၉၃၃ခုနှစ် ဂျာမနီတွင် နာဇီပါတီ အာဏာရလာပြီးနောက် တက္ကသိုလ်ရာထူးများမှ ဂျူးလူမျိုးများကို အလုပ်ဖြုတ်ခဲ့ရာ ဂျူးလူမျိုးဖြစ်သည့် နိုသာမှာ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခဲ့ပြီး၊ ပန်ဆယ်လ်ဗေးနီးယား ([[:en:Pennsylvania|Pennsylvania]]) ပြည်နယ် ဘရင်းမော ([[:en:Bryn Mawr College|Bryn Mawr College]]) ကောလိပ်၌ ဆရာအဖြစ် သင်ကြားပို့ချခဲ့သည်။ ထိုသို့ အမေရိကန်ပြည်ထောင်စု၌ နေထိုင်နေစဉ် ၁၉၃၅ခုနှစ်တွင် သားအိမ်အတွင်း တွေ့ရှိသည့် အကြိတ်လုံးကို ဖယ်ရှားသည့် ခွဲစိတ်မှုအပြီး လေးရက်အကြာတွင် ဆုံးပါးခဲ့သည်။ သူသည် ကွယ်လွန်ချိန်၌ အသက် ၅၃နှစ် ရှိပြီဖြစ်သည်။
 
== သုတေသန ==
နိုသာ၏ သုတေသန လုပ်ငန်းများကို ယေဘုယျအားဖြင့် သုံးပိုင်း ခွဲခြားနိုင်သည်။
 
ပထမပိုင်းကို ၁၉၀၈မှ ၁၉၁၉အထိ သတ်မှတ်လေ့ရှိပြီး၊ ၎င်းကာလတွင် အက္ခရာသင်္ချာဆိုင်ရာ ကိန်းသေများ ([[:en:Invariant theory|algebraic invariants]])၊ ကိန်းနံပါတ် ဖီးလ်များ ([[:en:Number fields|number fields]]) နှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ သူ၏ ပြောင်းလဲလှုပ်ရှား ကဲကုလပ်ဘာသာရပ်ဆိုင်ရာ ''နိုသာ၏သီအိုရမ်'' ([[:en:Noether's theorem|Noether's theorem]]) မှာ ထင်ရှားပြီး ခေတ်သစ်ရူပဗေဒ ဖွံဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် အဓိကကျသည့် သင်္ချာသဘောတရားတစ်ခု ဖြစ်ခဲ့သည်။
 
ဒုတိယပိုင်းကို ၁၉၂၀မှ ၁၉၂၆ အထိ သတ်မှတ်လေ့ရှိပြီး၊ သဘောတရားရေးရာ အက္ခရာသင်္ချာကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ကာလဖြစ်သည်။ ပတ်လည်ညီ ကွင်းများ ([[:en:Commutative ring|commutative rings]]) အတွင်းရှိ အိုင်ဒီးလ် ([[:en:Ideal (ring theory)|ideals]]) ခေါ် အထူးကွင်းငယ်များနှင့် သက်ဆိုင်သည့် သီအိုရီကို ဖော်ထုတ်သည့် ''ကွင်းဒိုမိန်များ အတွင်းရှိ အိုင်ဒီးလ်သီအိုရီ'' အမည်ရ ''Idealtheorie in Ringbereichen (Theory of Ideals in Ring Domains)'' ဂန္ဓဝင်စာတမ်းကို ဤကာလအတွင်း ရေးသားခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် [[:en:Ascending chain condition|ascending chain condition (ACC)]] ခေါ် ဆင့်ပွားတိုးတက်သည့် ကွင်းဆက်ဂုဏ်သတ္တိ သဘောကို အမ်မီနိုသာက ရိုးရှင်းလှပစွာ အသုံးပြုနိုင်ခဲ့ပြီး၊ သူ့ကို ဂုဏ်ပြုသည့် အနေဖြင့် ၎င်း ဆင့်ပွားတိုးတက် ကွင်းဆက် ဂုဏ်သတ္တိပါ သင်္ချာအရာဝတ္ထုများကို နိုသာရီယန် ([[:en:Noetherian|noetherian]]) ဟု ခေါ်ဝေါ်ကြသည်။
 
တတိယပိုင်းကို ၁၉၂၇မှ ၁၉၃၅ အထိ သတ်မှတ်လေ့ရှိပြီး၊ ပတ်လည်ညီစရာ မလိုသည့် အက္ခရာသင်္ချာ ([[:en:Noncommutative ring|noncommutative algebra]]) ဘာသာရပ်နှင့် ကွန်ပလက်လွန်ကိန်းများ ([[:en:ypercomplex number|ypercomplex numbers]]) ကို လေ့လာခဲ့ပြီး၊ အုပ်စုများ (groups) နှင့် ပတ်သက်သည့် ရီပရယ်စန်တေးရှင်း သီအိုရီ ([[:en:Representation theory|Representation theory]]) ကို အခြား သင်္ချာအရာဝတ္ထုများဖြစ်သည့် မော်ဂျူးများ ([[:en:Module (mathematics)|modules]]) နှင့် အိုင်ဒီးလ်များနှင့် ပတ်သက်သည့် သီအိုရီနှင့် ပေါင်းစပ်ပေးနိုင်ခဲ့သည်။
 
နိုသာမှ သူ၏ သုတေသန စိတ်ကူးအမြင်များကို ရက်ရက်ရောရော ဝေမျှတတ်သူဖြစ်ရာ သူ၏ အထက်ပါ ပင်မသုတေသန လုပ်ငန်းများအပြင် ၎င်းတို့နှင့် တိုက်ရိုက် မသက်ဆိုင်သည့် အခြားနယ်ပယ်များ၊ သာဓကအားဖြင့် အက္ခရာသင်္ချာဆိုင်ရာ တိုပေါ်လော်ဂျီ၊ ရှိ သုတေသန စာတမ်းအချို့တွင်လည်း သူ့ကို အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
 
== အညွှန်း ==