ဦးကြင်ဥ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ဦးကြင်ဥသည် ဘကြီးတော်လက်ထက် (၁၁၈၁-၁၁၉၉)၊ရွှေဘိုမင်း လက်ထက...

No edit summary
စာကြောင်း ၁ -
{{Infobox လူ
ဦးကြင်ဥသည် ဘကြီးတော်လက်ထက် (၁၁၈၁-၁၁၉၉)၊ရွှေဘိုမင်း လက်ထက် (၁၁၉၉-၁၂၀၈)၊ ပုဂံမင်းလက်ထက် (၁၂၀၈-၁၂၁၄) များတွင် ထင်ရှားကျော်စော သောပုဂ္ဂိုလ် ဖြစ်သည်။ပြဇာတ်များကိုသာ အဓိကထား၍ ရေးသားခဲ့သောကြောင့် ပြဇာတ်ဆရာကြီးဟု ထင်ရှားခဲ့သည်။
| အမည် = ဦးကြင်ဥ
| ပုံ =
| caption =
| အမည်ရင်း = ကြင်ဥ
| အမည်ကွဲ =
| မွေးရက် = [[၁၁၄၂]] ခုနှစ်
| ဌာနေ =
| သေရက် = မသိ
| နိုင်ငံသား = [[မြန်မာနိုင်ငံ]]
| လူမျိုး = [[ဗမာလူမျိုး]]
| ပညာ =
| လုပ်ငန်း = စာဆိုတော်ကြီး ၊ မင်းမှုထမ်း
| မွေးဖွားရာ = မြေထဲမြို့၊ စီရင်စုအပိုင်၊ ဆင်ပေါင်ဝဲရွာ(ယခ[[ုမကွေးတိုင်း]]၊ [[ဆင်ပေါင်ဝဲမြို့နယ်]])
| အမည်မရည် =
| အရပ် =
| အလေး =
| သွေးအုပ်စု =
| ကြင်ဖော် =
| တွဲဖက် =
| သားသမီး =
| မိဘ =
| လက်မှတ် =
| ဝက်ဘ်​ဆိုက်​ =

[[File:PaDayTharSongs.jpg|thumb|၁၉၅၄-ခုနှစ်ထုတ်၊ ဦးကြင်ဥ၏ ပဒေသာ သီချင်းများ]]
ဦးကြင်ဥကို မြေထဲမြို.၊ စီရင်စုအပိုင်၊ ဆင်ပေါင်ဝဲရွာ(ယခုမကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို.နယ်) တွင်မွေးဖွား၍ အမရပူရနေပြည်တော် တွင်ကြီးပြင်းခဲ့သည်။ ဦးကြင်ဥ၏ မွေးသက္ကရာဇ်မှာ အတိအကျ မရှိပေ။မောင်သုတ(ဗိုလ်မှူးဘသောင်း) က ၁၁၄ဝပြည့်နှစ်ခန်.ဟု လည်းကောင်း၊ ဆရာဦးလူဖေဝင်းက သက္ကရာဇ် ၁၁၄၄ဟုလည်းကောင်း၊ မလိခ၏ မြန်မာစာပေ အဘိဓါန် ၁၁၄၂ ခုနှစ်ဟု လည်းကောင်း အမျိုးမျိုး ခန်.မှန်းကြသည်။
ဦးကြင်ဥသည် [[ကုန်းဘောင်ခေတ်]] ရတနာပူရ စတုတ္ထမြို့တည် [[ဘကြီးတော်(စစ်ကိုင်းမင်း)]]‌ လက်ထက်မှစ၍ [[ရွှေဘိုမင်း]] လက်ထက် (၁၁၉၉-၁၂၀၈)၊[[ပုဂံမင်း]]လက်ထက် (၁၂၀၈-၁၂၁၄) များတွင် ထင်ရှားကျော်စော သောပုဂ္ဂိုလ် ဖြစ်သည်။ ဦးကြင်ဥသည် [[ပြဇာတ်]]ခေါ် ဇာတ်ထုပ်ဇာတ်ဝင် [[ကဗျာ]]တို့ကိုသာ ရေးသည်သာမဟုတ် ဇာတ်ချင်းခေါ် [[ပဒေသာသီချင်း]]၊ [[တောဘွဲ့]]၊ [[ရာသီဘွဲ့]]မျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ပေသည်။ [[မြန်မာကဗျာ]] အဖွဲ့အနွဲ့ အမျိုးမျိုးရှိသည့်အနက် ပြဇာတ်အဖွဲ့အနွဲ့များတွင် ဆရာကြီး ဦးကြင်ဥ ရေးသားသော ပြဇာတ်များသည် ရှေးအကျဆုံးဖြစ်သည်။

==ဇာတိ==
ဦးကြင်ဥသည် ငယ်စဉ်ကပင် လောကီ၊ လောကုတ္တရာ စာပေများကို လေ့လာသင်ကြား တတ် မြောက်၍ ဒေသန္တရ ဗဟုသုတအပြင် အဂ္ဂိယတ်၊ ဆေးဝါး ၊ နက္ခတ်တာရာ၊ သုံးပုံဖဲ စသည့် အဘက်ဘက်တွင်လဲ နှံ.စပ်သိမြင်ကြောင်း သူ.ကဗျာများတွင် တွေ.ရသည်။
ဦးကြင်ဥကို မြေထဲမြို.၊ စီရင်စုအပိုင်၊ [[ဆင်ပေါင်ဝဲရွာ]](ယခုမကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို.နယ်ဆင်ပေါင်ဝဲမြို့နယ်) တွင်မွေးဖွား၍ အမရပူရနေပြည်တော် တွင်ကြီးပြင်းခဲ့သည်။ ဦးကြင်ဥ၏ မွေးသက္ကရာဇ်မှာ အတိအကျ မရှိပေ။မောင်သုတ([[ဗိုလ်မှူးဘသောင်း]]) က ၁၁၄ဝပြည့်နှစ်ခန်.ဟု လည်းကောင်း၊ ဆရာဦးလူဖေဝင်းကဆရာ[[ဦးလူဖေဝင်း]]က သက္ကရာဇ် ၁၁၄၄ဟုလည်းကောင်း၊ မလိခ၏ [[မြန်မာစာပေ]] အဘိဓါန် ၁၁၄၂ ခုနှစ်ဟု လည်းကောင်း အမျိုးမျိုး ခန်.မှန်းကြသည်။ခန့်မှန်းကြသည်။

==စာပေသင်ကြားခြင်းနှင့် အမှုထမ်းခြင်း==
ငယ်ရွယ်စဉ် အခါမှစ၍ [[လောကီ]]၊ [[လောကုတ္တရာ]] ကျမ်းအမျိုးမျိုးတို့ကို လေ့လာစည်းပူးခဲ့သည့် အပြင် ကဗျာဘက်တွင်လည်း ဝါသနာထက်သန်ခဲ့လေသည်။ ကြီးပြင်းလာသောအခါ [[နေပြည်တော်]]၌ပင် စာဆိုတော်အဖြစ် အမှုထမ်းခဲ့သည်။
ဒေသန္တရ ဗဟုသုတအပြင် [[အဂ္ဂိယတ်]]၊ ဆေးဝါး ၊ [[နက္ခတ်တာရာ]]၊ [[သုံးပုံဖဲ]] စသည့် အဘက်ဘက်တွင်လဲ နှံ့စပ်သိမြင်ကြောင်း သူ၏ကဗျာများတွင် တွေ့ရသည်။

==ရေးသားခဲ့သော စာပေများ==
ဦးကြင်ဥသည် ဘာသန္တရ ဗဟုသုတအပြင် ဒေသန္တရ ဗဟုသုတနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ အကြောင်း ယုတ္တိလုံလောက်ပါက ရှေးထုံးစဉ်လာကို သာမက အသစ်အဆန်းတို့ကိုလည်း ထိုးထွင်းဉာဏ်ဖြင့် တီထွင်သွားလိုသော ဆန္ဒရှိသည်။ [[ဝန်ကြီးပဒေသရာဇာ]]သည် မြန်မာစာပေတွင် အသစ်အဆန်းတို့ကို တီထွင်သွားသကဲ့သို့ ဦးကြင်ဥသည်လည်း တီထွင်လေသည်။ ရှေးယခင်အခါများက နန်းတော်သူ၊ နန်းတော်သားများ ဖတ်ရှုရန် နန်းတွင်းဇာတ်တော်ကြီးများရှိခဲ့ရာ ဦးကြင်ဥလက်ထက်သို့ ရောက်သောအခါ ဖတ်ရှုရုံသာ မဟုတ်ပဲ ကပြရန်အတွက်ပါ ပြဇာတ်များကို တီထွင်ရေးသားခဲ့ပေသည်။
ဘုရားဟော [[ဝတ္တု]]ကို အခြေပြုရေးသားသော [[ဝေဿန္တရာ]]နှင့် [[မဟော်သဓာ]]ပြဇာတ်တို့မှ တပါး [[ဒေဝကုမ္ဘဏ်]]၊ [[ဝင်္ကန္တ]]၊ [[ကာလကန္တီ]]၊ [[ပါပဟိန်]] စသော ပြဇာတ်တို့သည် ဦးကြင်ဥ၏ ကိုယ်ပိုင်ဉာဏ်မှ ပေါက်ဖွားလာသော ဒဏ္ဍာရီပြဇာတ်များ ဖြစ်လေသည်။ ပြဇာတ်များအပြင် ရတုများ၊ [[၁၂-လရာသီဘွဲ့]]၊ [[ညည်းချင်း]]များ၊ သန်းခေါင်ဘွဲ့ညည်းချင်း၊ ဇော်ဂျီချင်း၊ မုဆိုးစကား၊ ဆိုင်းဆင့်စကား စသည်တို့ကိုလည်း ရေးသားခဲ့လေသည်။
ဦးကြင်ဥသည် စာဆိုတော်ကြီး [[စလေဦးပုည]](၁၁၆၂-၁၂၃၃) နှင့်ခေတ်ပြိုင်စာဆိုဖြစ်သည်။

ဦးကြင်ဥသည် စာဆိုတော်ကြီး စလေဦးပုည(၁၁၆၂-၁၂၃၃) နှင့်ခေတ်ပြိုင်စာဆိုဖြစ်သည်။
ပြဇာတ် (၈) ပုဒ်ရေးသားခဲ့ရာ -
(၁)မဟော်သဓာ ပြဇာတ်
Line ၁၃ ⟶ ၄၇:
(၅)ဝင်္ကန္တ ပြဇာတ်
(၆)ကာလကဏပြဇာတ်

=='''မြင်ဘူးမှ ယုံစဘွယ်ကဗျာ''' ==
ဦးကြင်ဥသည် အသက်အရွယ် ကြီးရင်လာသောအခါ ပြဇာတ်များကို မရေးသားလို ဇာတိမြေထဲမြို့ ကျေးရွာသို့ သွားရောက်နေထိုင်တော့မည်ဟု ဆုံးဖြတ်၍ သွားရောက်နေထိုင်ရာ [[ပုသိမ်မြို့]] မော်တင်စွန်းသို့ ရောက်ခိုက် [[ငါး]]အမျိုးမျိုး၊ [[ခရု]]အမျိုးမျိုးတို့ကို မြင်ပြန်ရာ ဝါသနာလျှောက် အောက်ပါကဗျာကို ရေးစပ်ခဲ့၏။

ကြုံစဖူး၊ မြင်ဘူးမှ ယုံစဘွယ်။

ဖြူနီဝါ ပြာတစုနှင့်၊ ခရုထွေလာဆန်း၊

ကမ်းကွေ့ပတ်လယ်။

ရွှေမှင်တံသံပချုပ်နှင့်၊ ဟန်ရုပ်ပြသွယ်သွယ်၊

နတ်မယ်လျဆံထိုး။

ဝင်ကစွပ်၊ မြင်ဆွတ်က ကြည်ဘို့ရာ

ဟိုသို့လာ သည်သို့သွားနှင့်၊ အငှားခန္ဓာ မြှောင်ရတယ်၊

ဆန်းခေါင်ထိမျိုး။

:::(ဦးကြင်ဥ)
<ref>၁၉၆၁-ခု၊ မေလထုတ် '''ဦးကြင်ဥ ၏ ပဒေသာသီချင်းများ''' စာအုပ်မှ</ref>

==ကိုးကား==
<references/>
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:မြန်မာ စာရေးဆရာများ]]
{{ကုန်းဘောင်ခေတ်}}