မဟာဘာရတ: တည်းဖြတ်မှု မူကွဲများ

Removing မဟာဘာရတ.jpg, it has been deleted from Commons by Racconish because: Missing essential information such as license, permission or source ([[:c:COM:CSD#F
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၁၇ -
 
== ဇာတ်လမ်းအကျဉ်း ==
ကုရုခေတြတိုင်း ဟတ္ထိနာပုရပြည်ဝယ် ဓတရဋ္ဌ မည်သော မင်းသားညီနောင် ၂ ပါးရှိသည်။ နောင်တော်သည် မျက်မမြင်ဘဝ ရောက်သည်ရှိသော် ညီတော်ပဏ္ဍုက ထီးနန်းဆက်ခံကာ တိုင်းပြည်ကို တရားသဖြင့် အုပ်စိုးလေသည်။ ပဏ္ဍုမင်းဝယ် ပဏ္ဍဝခေါ် သားတော် ၅ ပါးထွန်းကားရာ ထင်ရှားသော သားတော် ၃ ပါးကား ယုဓိဋ္ဌိလ၊ ဘီမနှင့်ဘီသမနှင့် အဇ္ဇုနတို့ ဖြစ်ကြသည်။ နောင်တော်ကြီး ဓတရဋ္ဌတွင်မူ ကောရဗျခေါ် သားတော်တရာ ထွန်းကားရာ အထင်ရှားဆုံးကား ဒုယျောဓန ဖြစ်လေသည်။ ပဏ္ဍုမင်း နတ်ရွာစံသောအခါ ဓတရဋ္ဌက ထီးနန်းကို ပြန်လည်သိမ်းပိုက်၍ တူတော် ပဏ္ဍဝမင်းသား ၅ ပါးကို မိမိ၏ သားတော်များနှင့်အတူ ထား၍ ပြုစုမွေးမြူလေသည်။
 
တူတော်များ အရွယ်ရောက်သော် သားတော်တို့နှင့်မတူ တမူထူးခြားကာ စွမ်းပကားနှင့် ပြည့်စုံသည်ဖြစ်၍ ဓတရဋ္ဌသည် တူတော်အကြီးဆုံးဖြစ်သည့် ယုဓိဋ္ဌလအား အိမ်ရှေ့ဥပရာဇာ ခန့်အပ်လေသည်။ ဤသို့ခန့်အပ်သည်ကို ကောရဗျမင်းသားတို့ မကျေနပ်၍ လျှို့ဝှက်ကြံစည်လေရာ ပဏ္ဍဝမင်းသားတို့သည် ပဉ္စာလတိုင်းသို့ ထွက်ပြေးကြရလေသည်။ ရောက်လျှင် ထိုမင်းသားတို့အနက် လူစွမ်းကောင်း အဇ္ဇုနမင်းသားသည် လေးတင်ပွဲဝယ် အောင်ပန်းဆွတ်လှမ်းကာ ပဉ္စာလမင်း၏ သမီးတော် ဒေါပဒီကို ရရှိလေသည်။ သို့သော် ဒေါပဒီမင်းသမီးသည် ပဏ္ဍဝမင်းသား ၅ ဦးလုံး၏ ကြင်ယာ ဖြစ်ရလေသည်။ ထိုလေးတင်ပွဲတွင် ပဏ္ဍဝမင်းသားတို့နှင့် မိတ်ဆွေရင်းချာဖြစ်လာသူကား ယာဒဝမျိုးမှ လူစွမ်းကောင်းကြီး ကဏှပေတည်း။ တူတော်မင်းသားတို့ ဤသို့ ပဉ္စာလ၊ ယဒဝတို့နှင့် မိတ်ကျွမ်းဝင်၍ အင်အားကောင်းလာသည်ကိုထောက်၍ ဦးရီးတော် ဓတရဋ္ဌသည် တိုင်းပြည်ကို ၂ ပိုင်းခွဲကာ သားတော်များနှင့် တူတော်များအား တပိုင်းစီပေးအပ်ရာ သားတော်တို့က ဟတ္ထိနာပုရမြို့တော်ကိုပါ ရရှိ၍ တူတော်တို့ကမူ မိမိတို့ရရှိသည့် မြို့နယ်အတွင်း ဣန္ဒပတ္တမြို့ကို တည်ထောင်လေသည်။