တစ်ထောင့်တစ်ညပုံပြင်များ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁၇ -
တစ်ထောင့်တစ်ညပုံပြင် ရှစ်ပုဒ်အား ထုတ်နုတ်လျက် ပုံနှိပ်ထုတ်ဝေလိုက်သည့် စာအုပ်ကို ထိုခေတ်အခါက ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း ခဲ့ပါသည်။ ယင်းစာအုပ်ပါ ပုံပြင် ရှစ် ပုဒ်မှာ [[အလီဘာဘာနှင့် ခိုးသား ၄၀]]အကြောင်း၊ ခရီးသည် သုံးယောက်တို့ အကြောင်း၊ ကမာရတ် ဇမန်မင်းသားနှင့် ပဒေါင်းရာ မင်းသမီး အကြောင်း၊ ဆင်းတဘက်နှင့် သူဆင်းရဲကူလီ၏ အကြောင်း၊ [[အာလာဒင်နှင့် ဣစ္ဆာသယမှန်အိမ်]] အကြောင်း၊ ကြေးဝါမြို့ကြီး၏ အကြောင်း၊ ညီမငယ်အား မနာလို ဝန်တိုခြင်းဖြစ်ကြသော ညီအစ်မတို့ အကြောင်း၊ မဟာမက်မင်းသမီးနှင့် ဘရီတနောင် နတ်သမီးတို့အကြောင်း တို့ဖြစ်ကြ၏။ ထူးခြားသည်မှာ ဦးဖိုးသာဇံ၏ ပသီပုံပြင်စာအုပ်ကို နမောတဿ ဘုရားရှိခိုးဖြင့် စတင် ထားခြင်းဖြစ်ပါသည်။ <ref>Weekly Eleven Journal , Vol.4 , no.20 (၂၃ရက်နေ့ ၊ဖေဖော်ဝါရီလ ၊ ၂၀၀၉ ခု ထုတ်)</ref>
 
အထူးသဖြင့် ပုံပြင် အများစုသည် ကာလီဖိတ်ခေတ်မှ ပုံပြင်များ ဖြစ်ပြီး၊ အဖွင့် ပုံပြင်သည် ပါလဗီ ပါရှန် ပုံပြင် Hazār Afsān (ပါရှန်ဘာသာ هزار افسان‎, ပုံပြင်တစ်ထောင်) မှ ဆွဲယူ ထားသည်။ တစ်ထောင့်တစ်ည ပုံပြင်များ မူကွဲ တိုင်းတွင် အဖွင့် ပုံပြင်ဖြစ်သော ဘုရင်ကြီး ရှာရယာ (ပါရှန်ဘာသာ شهريار ဘုရင်) နှင့် မိဖုရား ရှဟာရာဇက်ဒ် (ပါရှန်ဘာသာ شهرزاد အမျိုးမြတ်သူ) တို့နှစ်ဦး၏ ဇာတ်လမ်း ဇာတ်ကွက်များနှင့် ဆက်စပ်ပါရှိနေခြင်းသည် အမြဲ တူညီကြသည်။ ပုံပြင်များသည် ဤ ပုံပြင်မှ ဆက်စပ်ပြီး တစ်ခုပြီး တစ်ခု ပှောပောက် လာသည်၊ အချို့ မူ များတွင် ပုံပြင် ရာ ဂဏန်းသာ ပါပြီး အချို့ တွင်ကား ၁၀၀၁ ခု အထိ ပါဝင်သည်၊ ပိုသည်များပင် ရှိသည်။ The Nights တွင် ပါဝင်သော အရှေ့အလယ်ပိုင်း အခြေခံသော ပုံပြင်စစ်များ ဖြစ်ကြသော အာလာဒင်နှင့် မီးခွက်ဆန်း၊ အလီဘာဘာနှင့် ခိုးသား လေးဆယ်၊ ဆင်းဘဒ်၏ ခရီးရှည် ခုနစ်ခောက် တို့သည် အာရဗီ မူများတွင် မတွေ့ရပါ၊ နောင်အခါမှ အန်တွိုင်းဂယ်လန် နှင့် အခြား ဥရောပ ဘာသာ ပြန်သူတို့က ဖြည့်သွင်း ထားလိုက်ကြသည်။ အာရဗီ မူ များတွင် ရှဟာရာဖက်ဒ် ၏ ပြောင်မြောက်သော သရုပ်ဖှော၊ ကြွယ်ဝသော အဖွဲ့၊ ကဗျာသီကုံးမှု၊ သီချင်း၊ ညည်းခြင်း၊ ဓမဿမတေး၊ ခယဝပ်တွားခြင်း၊ ဘုန်းတှောဘွဲ့ချီးမွမ်းခြင်း၊ဘုန်းတော်ဘွဲ့ချီးမွမ်းခြင်း၊ အသနားခံခြင်း၊ ပဟေဠိ၊ မှတ်ချက် ပေးခြင်း တို့သည် အားလုံး အတူတူပင် ပါဝင်ကြသည်။ အချို့ မူများတွင် တစ်ကြောင်းသာ ရှိသော ကဗျာ တိုတိုသည် အချို့မူ များတွင် စာကြောင်းများစွာ ပါဝင်ကာ ရှည်လျား နေတတ်သည်။
 
== ဇာတ်လမ်းအကျဉ်း ==