ရှင်ဘို့မယ်ဘုရား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
ထိုဘုရားကို ရှေးယခင် လူများက ခတ္တိယဘို့မယ်ဘုရားဟု ခေါ်တွင်ခဲ့ကြသည်။ ယခုအခါ ခတ္တယ(ခတိယ) ပျောက်၍ ရှင်ဘို့မယ်ဘုရားဟု ခေါ်တွင်ကြသည်။ ဝင်းအတွင်း တည်ရှိသဖြင့် စေတီတန်ဆောင်း ဓမ္မာရုံတို့ ဝန်းရံပြည့်ကျပ်နေသည်။ ရာဇဝင်အရ မိဖုရားကြီး ရှင်ဘို့မယ်၏ နောက်ဆုံးကြင်ယာတော် မိုးညှင်းမင်းတရားကြီးသည် မိဖုရားရှင်ဘို့မယ် ဘုရားတည်သော (၇၉၂)ခုနှစ်တွင် မိမိစစ်စခန်းချ၍ နေထိုင်ခဲ့ဘူးသော စစ်ကိုင်းမြို့ ထန်းတောဥယျာဉ်၌ ရတနာစေတီ ဆင်များရှင် အမည်ရှိ ဘုရားစေတီတော် တစ်ဆူကို လည်း တည်ထားခဲ့သည်။ ရှင်ဘို့မယ်သည် သီဟသူမင်း၏ မြေးတော် သိင်္ခသူနှင့် မင်းကြီးစွာစော်ကဲ၏ သမီးတော် လောကဒေဝီမှ မွေးဖွားခဲ့သဖြင့် မာနခဲ ရုပ်ချောမင်းသမီးဟု ထင်ရှားသည်။ အင်းဝမင်း (၄)ဆက်မြောက် မင်းဆွေ (ခေါ်) ပထမမင်းခေါင်းကြီးက သူမ (၈)နှစ်သမီးအရွယ်ကပင် တော်ကောက်၍ မိဖုရားခေါင်ကြီးအဖြစ် ချီးမြှင့်မြှောက်စားခဲ့သည်။ မြန်မာရာဇဝင်တွင် ရှင်ဘို့မယ်သည် အသက်အငယ်ဆုံး မိဖုရား တစ်ဦးဖြစ်သည်။
|