ဂင်္ဂါမြစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Varanasiganga.jpg|thumb|300px|ဂင်္ဂါမြစ်ကမ်းဘေးရှိ [[ဗာရာဏသီမြို့]]]]
 
ဂင်္ဂါမြစ်သည်'''ဂင်္ဂါမြစ်'''သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၁၀၄၀၀ ကျော်မြင့်သော [[ဟိမဝန္တာ တောင်တန်း]]များရှိ ရေခဲဂူကြီးတစ်ခုအတွင်းမှ စတင်မြစ်ဖျားခံပြီး တောတောင်အထပ်ထပ်ကို ကျော်လွန်ကာ [[အိန္ဒိယနိုင်ငံ]]၏ ကျယ်ပြန့်သော လွင်ပြင်ကြီးများကို ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်စင်းဖြစ်သည်။ မြစ်လက်တက်များ ပေါင်းစပ်စီးဝင်ခြင်းမပြုမီ ဂင်္ဂါမြစ်ကြောင်းမှာ ရေအလွန်တိမ်၍ သင်္ဘောကြီးများ ဆန်တက်သွားလာခြင်း မပြုနိုင်ချေ။ နုန်းမြေ လွင်ပြင်တလျှောက် စီးဆင်းခဲ့ရသဖြင့် မြစ်ကြောင်းမှာ အလွန်ကွေ့ကောက်ပြီးလျှင် မြစ်ရေမှာ ကြည်လင်ခြင်း မရှိ ရေစီးလည်း အလွန်နှေးသည်။
 
ဂင်္ဂါမြစ်လမ်းခရီးတဝက်၌ မြစ်အတွင်းသို့ [[ယမုံနာမြစ်]] လက်တက်ကြီး စီးဝင်သည်။ ထိုမြစ်နှစ်သွယ်အကြားရှိ ဒိုအပ်မြေခေါ် စပ်ကြားလွင်ပြင်သည် ကောက်ပဲသီးနှံ စိုက်ပျိုးရာတွင် မြေဩဇာ အကောင်းဆုံးဖြစ်သဖြင့် လူဦးရေမှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံး ဒေသတစ်ခု ဖြစ်သည်။
စာကြောင်း ၁၃ -
ဂင်္ဂါမြစ်နှင့် လက်တက်များသည် မိုးတွင်း၌ ပတ်ဝန်းကျင်ဒေသများကို ရေလွှမ်းမိုးလျက် နုန်းမြေများကို တင်စေသဖြင့် ထိုအရပ်များ၌ မြေဩဇာ အလွန်ထက်သန် ကောင်းမွန်ပြီးလျှင် သန်းပေါင်းများစွာသော လူတို့၏ နေထိုင်စားသောက်မှုကို လွယ်ကူစေသည်။ ဆန်စပါး၊ ဂျုံ၊ ဝါ၊ ဟင်းခတ် အမွှေးအကြိုင်၊ ဂုန်လျှော်များ ကောင်းစွာဖြစ်ထွန်းသည်။
 
ဂင်္ဂါမြစ်သည် မိုင်ပေါင်း ၁၅၅၇ မိုင်ရှည်လျား၍ မြစ်ဝမှ မိုင် ၇၀၀ ကျော်ဝေးသော ကွန်ပိုမြို့အထိ သင်္ဘောများ ဆန်တက်သွားလာနိုင်ပြီး အိန္ဒိယပြည် လွင်ပြင်ကြီး၏ ဗဟိုရေကြောင်း လမ်းမကြီးဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
 
== ကိုးကား ==
{{Reflist}}
<references/>
 
[[Category:အိန္ဒိယနိုင်ငံရှိ မြစ်များ]]
[[Category:မြစ်]]
[[Category:အိန္ဒိယနိုင်ငံ၏ အမျိုးသားသင်္ကေတများ]]
[[Category:အိန္ဒိယနိုင်ငံ]]