ကျော်ငြိမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၂ -
၁၉၃၆ ခုနှစ်၊ တက္ကသိုလ် ကျောင်းသားသပိတ် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး၊ [[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ]] တည်ထောင်ရာတွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၃၇ တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဂုဏ်ထူးတန်း အောင်ခဲ့ပြီး၊ ၁၉၄၁ ခုတွင် ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ဘီအယ်လ်ဘွဲ့ကို ရရှိခဲ့သည်။
 
ဘွဲ့ရပြီးနောက် အင်္ဂလိပ်လက်အောက်တွင် အကောက်ခွန်ဌာန ရာဖြတ်အဖြစ် အလုပ်ဝင်လုပ်ရင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မြေအောက် တော်လှန်ရေးပါတီဖြစ်သည့် [[ပြည်သူ့အရေးတော်ပုံပါတီ]] (Peoples Revolutionary Party) (နောက် ဆိုရှယ်လစ်ပါတီ)၏ အလုပ်အမှုဆောင်တဦး ဖြစ်သည်။ ပီအာပီ ခေါ် ပြည်သူ့အရေးတော်ပုံပါတီ (Peoples Revolutionary Party) သည် [[ဂျပန်နိုင်ငံ]]သို့ [[ရဲဘော်သုံးကျိပ်]] စေလွှတ်ရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့သောအဖွဲ့ ဖြစ်သည်။
 
ဂျပန်ခေတ် ၁၉၄၂ - ၄၃ ခု၊ [[ဒေါက်တာဘမော်]]၏ အစိုးရ အဖွဲ့တွင် ဝန်ကြီးအဖွဲ့ (ကက်ဘီနက်) အတွင်းဝန်၊ [[ရှမ်းပြည်နယ်]]အတွင်းဝန်နှင့် နိုင်ငံခြားရေး ဌာန ဒု-ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
စာကြောင်း ၄၂ -
ရေကြည်အိုင် အကျဉ်းစခန်း ပြန်လွတ်လာပြီးနောက်၊ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တော်လှန်ရေးကောင်စီက ဖွဲ့စည်း တာဝန်ပေးသည့် "ယာယီ အမျိုးသား ညီညွတ်ရေးအကြံပေးအဖွဲ့" ခေါ် (၃၃) ဦး အကြံပေးအဖွဲ့တွင် နိုင်ငံတော်သမ္မတကြီးဟောင်း မန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဦးဗဆွေတို့နှင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ၃၃ ဦး အကြံပေးအဖွဲ့က တော်လှန်ရေးကောင်စီထံသို့ အစီရင်ခံစာ တင်သွင်းခဲ့သော်လည်း၊ နောက်တနေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပြောင်းလဲမှုအတွက် အချိန်မရောက်သေးဆိုပြီး အဆိုပြုချက် အားလုံးကိုပယ်ချခဲ့သည်။
 
၁၉၄၂ ခုနှစ်တွင် ဒေါ်နွယ်နွယ်ရီ (B.A., B.L.) နှင့် လက်ထပ်ခဲ့ပြီး သား ဘိုဘိုကျော်ငြိမ်း၊ သမီး ချိုချိုကျော်ငြိမ်းတို့ အပါအဝင်သောင်းကျော်ငြိမ်း၊အောင်ကျော်ငြိမ်း၊ချိုချိုကျော်ငြိမ်း၊ထွန်းကျော်ငြိမ်း၊ဘိုဘိုကျော်ငြိမ်း၊ခိုင်ချိုကျော်ငြိမ်း၊ယမင်းကျော်ငြိမ်းတို့အပါအဝင် သားသမီး ၇ ယောက် ထွန်းကားခဲ့သည်။ ၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
 
== ကိုးကား။ ==