အရေးမကြီးNo edit summary
စာကြောင်း ၄၁ -
မြန်မာသက္ကရာဇ် ၄၀၆ (အေဒီ ၁၀၄၄) တွင် ပုဂံထီးနန်းကို စိုးစံသည့် အနော်ရထာမင်းစော၏ နန်းသက် (၉) နှစ်ကျော် (၁၀) နှစ်ခန့် အလွန်တွင် (သုဝဏ္ဏဘုမ္မိ) သထုံပြည်မှ ဓမ္မဒဿီအမည်ရှိ ရှင်အရဟံ မထေရ်သည် ပုဂံပြည်သို့ကြွလာ၍ ထေရဝါဒ သာသနာကို စတင်ပြန့်ပွားစေသည်။ ထိုအချိန်တွင် မွန်လူမျိုးတို့ ကြီးစိုးရာ တောင်ပိုင်း ရာမညတစ်ခွင်၍ ဗုဒ္ဓသာသနာ နေရောင်လရောင်ပမာ ထွန်းပသည့် အချိန်ကာလလည်း ဖြစ်လေသည်။ ရှင်အရဟံ မထေရ်မြတ်သည် ရာမညတိုင်း သုဝဏ္ဏဘူမိဟု အမည်တွင်သော သထုံပြည် ဇာတိဖြစ်ပြီး ထင်ရှားကျော်ကြားသော ကျမ်းဂန်တတ် မွန်လူမျိုး ရဟန္တာ မထေရ်မြတ်တစ်ပါး ဖြစ်သည်။ ရှင်အရဟံ မထေရ်မြတ်သည် သာသနာ ပြုခြင်းအမှုကို လုပ်ဆောင်နိုင်ခြင်း အလို့ငှာ၊ သီတင်းသုံး နေထိုင်သည့် တောင်ပိုင်း ရာမည ပြည်မှသည် ဗုဒ္ဓသာသနာ မထွန်းကားသေးရာ အရည်းကြီး မထီးအယူဝါဒတို့ လွှမ်းမိုးရာ မြောက်ပိုင်းအရပ်သို့ ထွက်ခါလာခဲ့လေသည်။ ထိုအခါ မင်းနှင့် ပြည်သူအားလုံးတို့သည် စစ်မှန်သောထေရဝါဒ တရား၌သာ တည်ရုံမျှမက သထုံပြည်မှ ပိဋကတ်သုံးပုံ အစုံသုံးဆယ်နှင့် ဓာတ်တော် မွေတော်များ၊ ရဟန်းသံဃာတော် အစစ်အမှန်များကို ပုဂံပြည်သို့ ပင့်စေသည်။
 
ရှင်အရဟံမထေရ်နှင့် အနော်ရထာမင်းတို့[[အနိရုဒ္ဓ|အနော်ရထာမင်း]]တို့ ပူးပေါင်းလက်တွဲ၍ ပုဂံပြည်တွင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် သုံးရပ်ကို တည်တံ့ ဖွံ့ဖြိုးစေသည်။ ရှင်အရဟံမထေရ်မြတ်နှင့်အတူ အရှင်ဉာဏ၊ အရှင်အာနန္ဒာ အရှင်သီလဗုဒ္ဓ မထေရ်မြတ်တို့လည်း လက်တွဲ၍ သာသနာပြုကြသည်။
 
==သိမ်များ==