ထရိုပိုစဖီးယား အလွှာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:EarthAtmosphereBig.jpg|thumb|100px|right| စထရာတိုစဖီးယား အလွှာကို ပြထားသော လေထုပုံ။ အလွှာများကို စကေးကိုက် ဆွဲထားသည်။ ကမ္ဘာ့မျက်နှာပြင်မှ စထရာတို စဖီးယား၏ ထိပ် (၅၀ [[ကီလိုမီတာ]]) အထိသည် ကမ္ဘာမြေပြင် အချင်းဝက်၏ ၁ ရာခိုင်နှုန်းမျှသာ ရှိသည်။ (အကျယ်ချဲ့ရန် ပုံကိုနှိပ်ပါ)]]
'''ထရိုပိုစဖီးယား အလွှာ'''၀/သည် ကမ္ဘာ့လေထု အတွင်းတွင် အနိမ့်ဆုံး အလွှာဖြစ်သည်။ ၎င်းတွင် လေထု၏ ထုထည် ၇၅ ရာခိုင်နှုန်း ပါဝင်ပြီး လေထုအတွင်း ၉၉ ရာခိုင်နှုန်းသော ရေငွေ့များ နှင့် အမှုန်အမွှားများ ပါဝင်သည်။
 
ထရိုပိုစဖီးယား အလွှာ၏ ပျမ်းမျှ အမြင့်မှာ လတ္တီကျု အလယ်ပိုင်းရှိသော ဒေသတို့တွင် ၁၁ မိုင် (၁၇ ကီလိုမီတာ) ခန့် ဖြစ်သည်။ ၎င်းသည် မုတ်သုံရပ်ဝန်းတွင် ပို၍မြင့်ပြီး ၁၂မိုင် (၂၀ ကီလိုမီတာ) ခန့်မျှ ရှိကာ ဝင်ရိုးစွန်း ဒေသတွင် နိမ့်ပါးသည်။ ဝင်ရိုးစွန်ဒေသတွင် နွေရာသီတွင် ၄.၃မိုင် (၇ ကီလိုမီတာ) မျှ ရှိပြီး ဆောင်းရာသီတွင် မထင်ရှားပေ။ ထရိုပိုစဖီးယား အလွှာ၏ အနိမ့်ပိုင်း ကမ္ဘာ့ မြေမျက်နှာပြင်နှင့် ထိစပ်နေသော အပိုင်းသည် လေထု၏ ရွေ့လျားမှုနှင့် တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာဂြိုဟ်၏ နယ်ခြား အလွှာဟု ခေါ်သည်။ ထိုနယ်ခြား အလွှာသည် မီတာ ရာဂဏန်းမှ ၁.၂ မိုင် (၂ ကီလိုမီတာခန့်) အထိ မြင့်ပြီး မြေကြီး ပုံသဏ္ဌာန်နှင့် နေ့တစ်နေ့ ၏ အချိန်ကာလ အပေါ်တွင် မူတည်၍ ပြောင်းလဲတတ်သည်။ ထရိုပိုစဖီးယား အလွှာနှင့် [[စထရာတိုစဖီးယား အလွှာ]]တို့ ကြားရှိ ထရိုပိုပေါ့စ်ဟု ခေါ်သော နေရာသည် အပူချိန် ပြောင်းပြန် ပြောင်းလဲရာ နေရာဖြစ်သည်။