ဂျာမန်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

A few lines are added in the second paragraph.
အရေးမကြီး Minor Correction on second paragraph
စာကြောင်း ၁ -
'''ဂျာမန်''' ({{lang|de|''Deutsch''}}, {{IPA-de|ˈdɔʏtʃ||de-Deutsch.ogg}}; {{lang-en|German}}) သည် အလယ်ဥရောပနိုင်ငံများတွင် အဓိကပြောဆိုသုံးစွဲသော အနောက် ဂျာမန်နွယ် ဘာသာစကား ([[:en:West Germanic languages|West Germanic language]]) တစ်ခုဖြစ်ပြီး ၎င်း၏ ဝေါဟာရ အားလုံးနီးပါးမှာ အင်ဒို-ဥရောပ ([[:en:Indo-European languages|Indo-European]]) ဘာသာစကား မိသားစု၏ ဂျာမန်နွယ်အုပ်စုမှ ဆင်းသက်လာသည်။ ဂျာမန်ဘာသာစကားမှာ [[ဂျာမနီနိုင်ငံ|ဂျာမနီ]]၊ [[ဩစတြီးယားနိုင်ငံ|ဩစတြီးယား]]၊ [[ဆွစ်ဇာလန်နိုင်ငံ|ဆွစ်ဇာလန်]]၊ [[အီတလီနိုင်ငံ|အီတလီ]]နိုင်ငံမြောက်ပိုင်းရှိ တောင်ပိုင်းတိုင်ရိုဒေသ၊ [[ဘယ်လ်ဂျီယမ်နိုင်ငံ|ဘယ်လ်ဂျီယန်]]နိုင်ငံ၏ ဂျာမန်စကားပြောသောဒေသနှင့် [[လက်ချင်စတိန်းနိုင်ငံ|လက်ချင်စတိန်း]]နိုင်ငံတို့တွင် ပြောဆိုသုံးစွဲမှုအများဆုံးဘာသာစကားဖြစ်၍ ထိုနိုင်ငံများ၏ တရားဝင်ရုံးသုံးဘာသာစကား (သို့မဟုတ်) ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ၎င်းသည် [[လူဇင်ဘတ်နိုင်ငံ|လူဇင်ဘတ်]]နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားသုံးခုအနက် တစ်ခုဖြစ်သည်။ [[ပိုလန်နိုင်ငံ|ပိုလန်]]နိုင်ငံရှိ အိုပိုးလ်ပြည်နယ်၏ ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ဂျာမန်ဘာသာစကားနှင့် အနီးစပ်ဆုံးတူညီသောဘာသာစကားများမှာ အနောက်ဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် အခြားဘာသာစကားများဖြစ်သော အာဖရီကန်းစ်၊ ဒတ်ချ်၊ [[အင်္ဂလိပ်ဘာသာစကား|အင်္ဂလိပ်]]၊ ဖရီးရှန်းဘာသာစကားများ၊ မြောက်ပိုင်းဂျာမန်စကား (Low German/Low Saxon)၊ လူဇင်ဘတ်ဘာသာစကားနှင့် ယစ်ဒစ်ရှ်ဘာသာစကားများဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် ([[:en:North Germanic languages|North Germanic]]) ဘာသာစကားများဖြစ်ကြသော ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်ဘာသာစကားများနှင့်လည်း ဝေါဟာရစကားလုံးများ ဆင်တူခြင်းများစွာရှိလေသည်။ ဂျာမန်ဘာသာစကားမှာ ဂျာမန်နွယ်ဘာသာစကားအုပ်စုတွင် အင်္ဂလိပ်ဘာသာစကားပြီးလျှင် ဒုတိယအသုံးအများဆုံးဘာသာစကားဖြစ်သည်။
 
ဂျာမန်ဘာသာစကားမှာ ကမ္ဘာသုံးအဓိကဘာသာစကားကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်၍ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း၁၀၀နီးပါး မိခင်ဘာသာစကားအဖြစ်ပြောဆိုသုံးစွဲကြသည်။ ထို့ပြင် [[ဥရောပ သမဂ္ဂ|ဥရောပသမဂ္ဂ]]၏ လူသုံးအများဆုံး မိခင်ဘာသာစကားလည်း ဖြစ်သည်။ ဂျာမန်ဘာသာစကားမှာ အီးယူအဖွဲ့တွင် တတိယလူသုံးအများဆုံး နိုင်ငံခြားဘာသာစကားအဖြစ် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့၏ နောက်တွင်ရပ်တည်နေသည်။ ထို့ကြောင့် ဂျာမန်ဘာသာစကားမှာ ယေဘုယျလူသုံးအများဆုံးအနေဖြင့်ကြည့်လျှင် အီးယူအဖွဲ့တွင် ဒုတိယနေရာတွင်ရှိသည်။ ဂျာမန်ဘာသာသည် အီးယူတွင် မူလတန်းအဆင့်၌ ဒုတိယသင်ကြားမှုအများဆုံး နိုင်ငံခြားဘာသာအဖြစ် အင်္ဂလိပ်ဘာသာ၏နောက်တွင်ရှိသည်။ (သို့သော် အလယ်တန်းအဆင့်တွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့၏နောက်တွင် တတိယနေရာမှလိုက်သည်။) အမေရိကန်နိုင်ငံတွင် စတုတ္ထသင်ကြားမှုအများဆုံး အင်္ဂလိပ်ဘာသာမဟုတ်သော ဘာသာစကား(တစ်နည်း နိုင်ငံခြားဘာသာစကား) အဖြစ် စပိန်၊ ပြင်သစ်နှင့် အမေရိကန် သင်္ကေတပြ ဘာသာစကားတို့၏နောက်တွင် ရပ်တည်နေသည်။ ထို့အပြင် သိပ္ပံဘာသာရပ်တွင် ဒုတိယအသုံးအပြုဆုံးနှင့် ဝက်ဘ်ဆိုက်များတွင် တတိယအသုံးအများဆုံးဘာသာစကားအဖြစ် အင်္ဂလိပ်နှင့် ရုရှားတို့၏နောက်တွင်ရှိသည်။
 
==ဆက်စပ်ကြည့်ရှုရန်==