ကျောက်တိုင်ရှင်မ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး →‎သမိုင်း
စာကြောင်း ၁၁ -
သက္ကရာဇ် ၆၃၀ ပြည့်နှစ်တွင် ဖြစ်၏။ လင်းဇင်းမင်းဆက်ဖြစ်သည့် ဗြရာမသွန်မင်းနှင့် ကျမိုင်းမင်းသမီးတို့သည် လက်ထပ်ကြပြီးနောက် နဂါးသေရွာတွင် တနင်္သာရီမြို့ကို တည်ထောင်ကြ၏။ ထိုသို့ မြို့ကို တည်ထောင်သည့်အခါ ရေဘေးဖြင့် အကြိမ်ကြိမ်အခါခါ ပျက်စီးလျက် ရှိနေလေသည်။
 
ထိုသို့ မြို့သည် တည်မရဘဲ ပျက်စီးနေသဖြင့် ၆၃၅ ခုနှစ်တွင် မြို့တွင်းမြို့ပြင်သို့ တဘောင်နာစေရာ အရှေ့ဆငင်ဖြူတံခါးအနီးတွင်အရှေ့ဆင်ဖြူတံခါးအနီးတွင် ကျောင်းသားအရွယ်သူငယ်တို့သည် ကစားနေရာမှ “အောင်ပါသူ ကျောက်တိုင်စတေးမှ တိုင်းရွှေပြည် သာယာလိမ့်လေး” ဟု သီဆိုကြသည်ကို မှူးမတ်တို့ ကြားခဲ့လေသည်။ ထိုအကြောင်းကို မှူးမတ်တို့သည် မင်းကြီးအား လျှောက်တင်၏။
 
ထို့နောက် မင်းကြီးသည် “အောင်” ပါသော အမည်နှင့်လူကို ရှာ၍ မြို့တည်အထိမ်းအမှတ်ကျောက်တိုင်၌ စတေးရမည်ဟု အမိန့်ချမှတ်ခဲ့သည်။ ဤသို့ဖြင့် ဝန်အမတ်တို့သည် ရပ်ကွက်အနှံ့လူစာရင်းကောက်ယူကာ “ညအချိန် အောင်ပါသော အမည်ကို ခေါ်ပါ မထူးကြလေနှင့်၊ ထူးပါက အရှင်လတ်လတ်မြို့တည် အထိမ်းအမှတ်ကျောက်တိုင်တွင် စတေးမည်” ဟု ဘုရင့်အမိန်ကို ကြေညာကြလေသည်။