နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇ -
 
==သမိုင်း==
နဝတ ကို [http://my.wikipedia.org/wiki/%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%85%E1%80%B1%E1%80%AC%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA ဗိုလ်ချုပ်ကြီးစောမောင်] (နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး အထိ ကိုယ့်ကိုကိုယ်ရာထူးတင်ခဲ့ပြီး၊ ၁၉၉၇ ဂျူလင်လတွင်ကွယ်လွန် ) ဦးစီးသည့် မြန်မာ့လက်နက်ကိုင်တပ်များ “ရှစ်လေးလုံးထကြွမှု“[http://my.wikipedia.org/wiki/%E1%81%88%E1%81%88%E1%81%88%E1%81%88 ရှစ်လေးလုံးထကြွမှု] ”ကိုနှိမ်နင်းပြီး အာဏာသိမ်းယူခဲ့သည့် ၁၉၈၈ စက်တင်ဘာလ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်းယူခဲ့ သည့်နေ့တွင် နဝတသည် အမိန့်အမှတ် ၁/၁၉၈၈
ဖြင့် တပ်မတော်မှအာဏာလွှဲပြောင်းရယူခြင်း[http://my.wikipedia.org/wiki/%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA တပ်မတော်]မှအာဏာလွှဲပြောင်းရယူခြင်း နှင့် နဝတအဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၂ / ၁၉၈၈ ဖြင့် နဝတသည် ၁၉၇၄ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်တွင် တည်ရှိကြသော “နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ” အားလုံးကို ဖျက်သိမ်းပစ်သည်။ ပြည်သူ့လွှတ်တော် (၁၉၇၄ အခြေခံဥပဒေအောက်ရှိ ဥပဒေပြုအဖွဲ့)၊ ဝန်ကြီးများကောင်စီ (ဝန်ကြီးများအဖွဲ့)၊ ပြည်သူ့တရားသူကြီးများကောင်စီ (တရားစီရင်ရေးအဖွဲ့)၊ ပြည်သူ့ ဥပဒေအကျိုးဆောင်များကောင်စီ (ရှေ့နေချုပ်ရုံး)၊ ပြည်သူ့စာရင်းစစ်များကောင်စီ (စာရင်းစစ်ချုပ်ရုံး)၊ ထိုနည်းတူစွာ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့ကောင်စီများ ကို ဖျက်သိမ်းပစ်သည်။
 
နဝတသည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ)တွင် ဒုဝန်ကြီးများ၏အလုပ်တာဝန်များအစားထိုးခြင်း ကိုလည်းရပ်ဆိုင်းသည့်အမိန့်ထုတ်ပြန်ခဲ့သည်။ (၁၉၇၄မြန်မာ့အခြေခံဥပဒေတွင် “ဝန်ကြီးများကောင်စီ” သည် ဝန်ကြီးများအဖွဲ့အဖြစ်ဆောင်ရွက်သော်လည်း ဒုဝန်ကြီးများကို ဝန်ကြီးများ ကောင်စီ၏ တရားဝင်အစိတ်အပိုင်းအဖြစ် မထားရှိခဲ့သည့်အတွက် နဝတသည် တိကျသေချာစေရန် ယခင်မဆလအစိုးရအတွင်းရှိ ဒုဝန်ကြီးများကို ဝန်ကြီးများနှင့်အတူထားရှိပြီး ရပ်ဆိုင်းခဲ့သည်။) အာဏာ သိမ်းသည့်နေ့တွင် ထုတ်ပြန်ခဲ့သည့် နဝတ၏အမိန့်များကို ၁၉၈၈ စက်တင်ဘာ ၁၉ ရက်ထုတ် လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာ တွင်တွေ့မြင်နိုင်သည်။ နဝတ၏ပထမဦးဆုံးဥက္ကဌသည် ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာပြီး ဝန်ကြီးချုပ်လည်းဖြစ်သည်။ သူသည် ၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံရပြီး၊ ထိုစဉ်ကဗိုလ်ချုပ်ကြီး နောက်ပိုင်းတွင်ဗိုလ်ချုပ်မှူးကြီး ဖြစ်လာသည့် [http://my.wikipedia.org/wiki/%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1 သန်းရွှေ] မှ နဝတဥက္ကဌ နှင့် ဝန်ကြီးချုပ်ရာထူးများကို လွှဲပြောင်းရယူသွားသည်။၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အများအားဖြင့် သို့မဟုတ် အားလုံးမဟုတ်သော စစ်အစိုးရ၏နအဖ အဖွဲ့ဝင် အများစုသည် ဖျက်သိမ်းလိုက်သည့်နဝတအဖွဲ့ထဲမှ အဖွဲ့ဝင်များပင်ဖြစ်သည်။