ကသာမြို့: တည်းဖြတ်မှု မူကွဲများ

မြန်မာနိုင်ငံ၊ စစ်ကိုင်းဒေသကြီးရှိ မြို့
စာမျက်နှာအသစ်: ကသာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင် တ...
(ကွဲပြားမှု မရှိ)

၁၃:၅၃၊ ၁၅ အောက်တိုဘာ ၂၀၁၀ ရက်နေ့က မူ

ကသာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင် တည်ရှိသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ တည်ရှိသော ကသာမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ သင်္ဘောဆိပ်မြို့ဖြစ်ပြီး ရထားလမ်း၊ ကားလမ်းများလည်း ဆုံရာမြို့ ဖြစ်သည်။ လေယာဥ်ကွင်း ရှိသော်လည်း ပုံမှန် ဆင်းသက်မှု မရှိပေ။ ယခုအခါ ကသာ-ဗန်းမော် ရထားလမ်းကို ဖေါက်လုပ်လျက်ရှိသည်။

ကသာမြို့သည် ရှေးအခါက ကမ်းသာ ဟု ထင်ရှားခဲ့သည်။ ရှမ်းဘာသာဖြင့် ကပ်ဆာဟု ခေါ်သည်။ မိုင်းသာစျေးမြို့ဟု အဓိပ္ပါယ်ရသည်။ ကဒူးရာဇဝင်တွင် ကဆာ (ကျားမြို့) ဟုတွေ့ရသည်။