လက်ျာ၊ ဗိုလ် (ရဲဘော် သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

→‎သခင်ဘဝ: သတ်ပုံပြင်ဆင်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး Typo
စာကြောင်း ၃၆ -
 
==စစ်သားဘဝ==
တပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ဗိုလ်လက်ျာသည် [[ဗမာ့လွတ်လပ်ရေးတပ်မတော်]]၏ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်လင်္ကျာကိုဗိုလ်လက်ျာကို တပ်မတော်၏ ခေါင်းဆောင်အဖြစ် သူ့နေရာမှာ အစားထိုး တာဝန်ယူစေချင်သည်ကို လုပ်ဖော်ကိုင်ဖက်များက သိကြသည်။ ဗိုလ်လက်ျာ၏ နေရာကို ပြိုင်ဆိုင်မည့် နိုင်ငံရေး ပြိုင်ဘက်များရန်မှ ဗိုလ်ချုပ်အောင်ဆန်းက သတိဖြင့် အမြဲကာကွယ်ပေးခဲ့သည်။ ယင်းအချက်သည် ၁၉၄၉ ခုနှစ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသော [[နေဝင်း၊ ဦး|ဗိုလ်နေဝင်း]] နှင့် ဗိုလ်လက်ျာတို့ အကြားတွင် ကြီးမားသော တင်းမာမှုများ ဖြစ်စေခဲ့သည်။
 
ဗိုလ်လက်ျာသည် [[နု-အက်တလီ စာချုပ်]] ၏ နောက်ဆက်တွဲအဖြစ် ကာကွယ်ရေးဆိုင်ရာ [[လက်ျာ- ဖရီးမင်း စာချုပ်]] ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့သည်။ လက်ျာ - ဖရီးမင်း စာချုပ်သည် [[ဗြိတိသျှ]]တပ်များ [[မြန်မာနိုင်ငံ]]ထဲ ဝင်ထွက်ခွင့်နှင့် ဗမာ့တပ်မတော်ကို စစ်သင်တန်းပေးမည့် အစီအစဉ်များ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်စေခဲ့သည့်အတွက် ဗိုလ်လက်ျာကို ဗြိတိသျှလိုလားသူအဖြစ် စွပ်စွဲခဲ့ကြသည်။