ကျိုက္ကဆံစေတီတော်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၀ -
==ဘုရားသမိုင်း==
===ကိုးတိုင်းကိုးဌာန သာသနာပြုခရီးမှသည်===
ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက် ကိုးတိုင်းကိုး ဌာနသို့ သာသနာပြုခရီးနှင်ခဲ့သည်။ ရဟန္တာအရှင်မြတ် တို့သည် ဘုရားရှင်၏ ဆံတော်မြတ် (၁၆)ဆူနှင့် စက်တော် (၃၂)ဆူတို့အား သာသနာပြု ဓာတုစေတီတော်များ၊ တည်ထား ကိုးကွယ်ရန် အလို့ငှာ တပါတည်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ သထုံပြည် ဒုတိယ သီရဓမ္မာသောကမင်းကြီးနှင့်သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူ ပြည်သားများသည် ကြိုဆိုပင့်ဆောင်လျှက် လှူဒါန်းပူဇော်မှုများလည်း ပြုကြ၏။ မူလကိုးတိုင်းကိုးဌာန သာသနာပြုခရီးစဉ်နှင့် သာသနာပြု ရောက်ရှိလာမည့် ရှင်ဥတ္တရ၊ ရှင်သောဏ ဦးဆောင်သည့် သာသနာပြု ရဟန္တာကြီးများနှင့် ၎င်းတို့၏ တပည့်ရဟန်းတော်များ နှင့်လည်းတွေ့ဆုံခွင့်ရခဲ့၏။ ရဟန္တာအရှင်မြတ်တို့သည်မြန်မာနိုင်ငံ၏ သာသနာ ပြုလုပ်ငန်း အခြေအနေနှင့်သာ သာသနာတော် ထွန်းကားပြန့်ပွား မှုအတွက် သာသနာပြုမှုဆိုင်ရာ စကားများအား လျှောက်ထား ဦးခိုက်ခွင့်လည်း ရခဲ့၏။
 
ရဟန္တာ အရှင်မြတ်တို့သည် အနာဂတံသေ ဉာဏ်တော်နှင့် အမြင်အရ ဓမ္မခရီးစဉ်၏ ဦးတည်ချက်ဖြစ်သည့် ဘောဂသေန ဘွဲ့ခံ သီဟပဒမင်း အုပ်ချုပ်သည့် မဏိဒီပကျွန်း (သံလျင်တည်ကျွန်း)သို့ ကြွရောက်တော်မူနိုင်၏။ ထိုအချိန်က မဏိဒီပကျွန်း၊ ဥဒ္ဒဒီပကျွန်း၊ တြိယင်္ဂကျွန်း၊ တြိင်္တာကျွန်း၊ သီဟဒီပကျွန်း၊ သံလျင်ကျွန်း၊ တညင်ကျွန်း၊ ဥတ္တရင်္ဂကျွန်း ဟူသည့်အမည်များ နှင့် ထင်ရှားခဲ့ကြောင်း သမိုင်းအထောက်အထားများရှိခဲ့သည်။ ရှင်ယသအမှူးပြုသည့် ရဟန္တာအရှင်မြတ်တို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူပုံနှင့် ဗုဒ္ဓဘုရားရှင်၏ တရားတော်များအား သီဟဒီပမင်း နှင့်တကွ မင်းပရိသတ်တို့အား ဟောကြားတော်မူခဲ့သည်။ ထို့အတူ ဗုဒ္ဓဘုရားရှင်၏ ဆံတော်မြတ်နှင့် ဓာတ်တော်များအား ကိုးကွယ်နိုင်ရန် အလို့ငှာ လွှဲအပ်ပေးခဲ့သည်။ ထိုအခါ သီဟဒီပမင်းနှင့်တကွ မင်းပရိသတ်တို့သည် ရဟန္တာပုဂ္ဂိုလ်ထူးများအားဖူးမျှော်ရရုံမက တရားတော်ကိုပါ နာကြားရသဖြင့် ဝမ်းမြောက်ဝမ်းသာ ကြည်ညို သဒ္ဓါပွားရပြန်သည်။ သီဟဒီပမင်းကြီး ကိုယ်တိုင်လည်း "ငါဟဲ့ ယောက်ျား၊ ဘုန်းမောက် ကြွားသမို့ ဗုဒ္ဓဆံတော်မြတ်နှင့်တကွ ဗုဒ္ဓတရားတော်အစစ်တို့အား ရဟန္တာအရှင်မြတ်ကြီးများ ကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ပြီး ငါက ကံကောင်းလေစွ၊ ငါကား သာသနာ့ဒါယကာဖြစ်ပြီ" ဟု ဝမ်းသာပီတိ နှင့် လက်ရုံးဆန့်တန်းကာ ကြုံးဝါးခဲ့၏။