ဗိဿနိုးမြို့ဟောင်း: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်းပြင်။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၁ -
 
== ကွင်းဆင်းလေ့လာမှုများ ==
ဗိဿနိုးမြို့ဟောင်းဒေသတွင် ကွင်းဆင်းသုတေသန ပြုရာ၌ မြို့ရိုးအပြင်ဖက်တွင် အရိုးအိုးမြှုပ်နှံသည့် အုတ်ကုန်းငယ်များကို တွေ့ရပြီးလျှင် မြို့တွင်းမှာလည်း [[ပျူဒင်္ဂါး]]အနည်းငယ်ကို တွေ့ရှိခဲ့သည်။ ဤအခြင်းအရာတို့သည် သရေခေတ္တရာမှ [[ပျူယဉ်ကျေးမှု]] ပြန့်နှံ့ခြင်း၏ပျံ့နှံ့ခြင်း၏ သဲလွန်စများ ဖြစ်ပေရာ ဗိဿနိုးမြို့သည် သရေခေတ္တရာနှင့် တကယ်ပင် ခေတ်ပြိုင်ထွန်းကားခဲ့ခြင်း ဟုတ်မဟုတ်၊ ဟုတ်လျှင် မည်သည့်သက္ကရာဇ် အပိုင်းအခြားတွင် ထွန်းကားခဲ့သည်ကို အနီးစပ်ဆုံး သိရှိရန်နှင့် အုတ်ကုန်းဟောင်း အမြောက်အမြား တည်ရှိနေသည့် ဗိဿနိုးမြို့ဟောင်းမှ ယဉ်ကျေးမှု အထောက်အထားများကို တတ်နိုင်သမျှ ဖော်ထုတ်ရန် ဟူသော ရည်ရွယ်ချက်တို့ဖြင့် ထိုမြို့ဟောင်းအတွင်း၌ စနစ်တကျ တူးဖော် သုတေသနပြုမှုကို စတင်ဆောင်ရွက်ခဲ့သည်။
 
၁၉၅၉ ခုနှစ်ဇွန်လအတွင်းခုနှစ်၊ ဇွန်လအတွင်း တူးဖော်မှုကို စတင်ခဲ့ပြီး အုတ်ကုန်းပေါင် ၉ ခုကို ဖော်ထုတ်ပြီး ဖြစ်သည်။ အုတ်ကုန်း တခုစီမှ ပေါ်ပေါက်တွေ့ရှိရသော အခြင်းအရာများမှာ -
 
* ကုန်းအမှတ် (၁) - ဤကုန်းငယ်သည် မြောက်ဖက် မြို့ရိုး၏ အပြင်တွင် ကျရောက်နေသည်။ အရိုးအိုး ၇ လုံးကို တူးဖော်ရရှိသဖြင့် သင်္ချိုင်းကုန်းဟုပင် ယူဆရသည်။ ထိုအရိုးအိုးများကို အုတ်ရိုးနိမ့်နိမ့်တို့ဖြင့် လေးထောင့်ကွက်များ ပြုလုပ်ထားသော အဆောက်အအုံတွင် မြှုပ်နှံထားခြင်း ဖြစ်သည်။
 
* ကုန်းအမှတ် (၂) - ဤကုန်းသည် မြေပြင်မှ ၁၃ ပေမြင့်၍ မြို့တွင်း၌ အမြင့်မားဆုံး ကုန်းကြီးဖြစ်သည်။ နန်းတော်ရာဟု ခေါ်တွင်သော အတွင်းမြိုးရိုး၏ မြောက်ဖက် ကိုက် ၃၀၀ ခန့်တွင် တည်ရီသည်။တည်ရှိသည်။ တူးဖော်သည့်အခါတွင် ဆင်ဝင် တခု၊ အခန်းရှည်ကြီးတခုနှင့် တောင်မြောက်တန်းလျက်နေသော အခန်းငယ်ပေါင်း ၈ ခန်းပါဝင်သည့် အရှေ့ဖက်လှည့် အုတ်တိုင် အဆောက်အအုံ အောက်ပိုင်းကို တွေ့ရသည်။ အဆောက်အအုံသည် မီးလောင်ပြီးမှ ပြိုပျက်သွားကြောင်း သိရသည်။ အတွင်း၍ မြေအိုးမြေခွက် မြောက်မြားစွာ ကွဲအက်ပျက်စီး ကျန်ရစ်သော အပိုင်းအစများကို အဓိကအားဖြင့် တွေ့ရသည်။ အခြားပစ္စည်းများမှာ အဆောက်အအုံနှင့်ဆိုင်ရာ သံမှိုပွင့်ကြီးများ၊ သံချောင်းများ၊ အင်္ဂတေပြားများ၊ ကြက်ငှက် တိရစ္ဆာန် အရိုးများ၊ လူရိုးအနည်းငယ်နှင့် လူအသုံးအဆောင်များ ဖြစ်သည့် မြေပုတီး၊ ကျောက်ပုတီးများ၊ ကြွေစေ့များ၊ သေးငယ်ပါးလွှာသော ရွှေဆီးခွံ၊ ငွေဆီးခွံများ စသည်တို့ဖြစ်သည်။ ရှေးဟောင်း ပစ္စည်းများအနက် အဖိုးထိုက်တန်သော ပစ္စည်းတခုမှာ တံဆိပ်နှိပ်ရာ ပါရှိသော ရွှံ့တုံးကလေး တခုပင်ဖြစ်သည်။ ထိုတံဆိပ်တွင် ရေးသားထားသော အက္ခရာကို ထောက်ခြင်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ မှ ၁၅၀၀ ခန့်အတွင်းက အသုံးပြုခဲ့သော အိန္ဒိယတောင်ပိုင်း အက္ခရာမှ ပေါက်ပွားလာသည့် အရေးအသားဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။ အုတ်တိုက်ကြီးသည် ရှေးဘုန်းကြီးကျောင်း သဏ္ဌာန်ဖြစ်ဟန် ရှိသော်လည်း ဘာသာရေးနှင့်ဆိုင်သော ပစ္စည်းတစုံတရာမျှ မတွေ့ရသဖြင့် ဘုန်းကြီးကျောင်းလော၊ လူနေ တိုက်တာလောဟူ၍ အတိအကျ ပိုင်းခြား မသိနိုင်သေးပေ။
 
* ကုန်းအမှတ် (၃) - အမှတ် ၃ နှင့် အမှတ် ၄ ကုန်းတို့မှာ အမှတ် ၂ ၏ အရှေ့ဖက်တွင် ဖိုခနောက်ဆိုင် တည်ရှိနေသည်။ အမှတ် ၂ အုတ်တိုက်ကြီးကို မူကမူလက မည်သို့ အသုံးပြုခဲ့ကြောင်း နီးစပ်လျက်နေသော ကုန်းများမှ အထောက်အထား ရနိုင်ကောင်းသည်ကို မျှော်မှန်း၍ အမှတ် ၃ နှင့် ၄ တို့ကို တူးဖော်ခဲ့သည်။ သို့သော် အမှတ် ၃ တွင် တမူထူးခြားသော အဆောက်အအုံကို တွေ့ရသည်။ ပုံသဏ္ဌာန်မှာ အလယ်တွင် စက်ဝိုင်းပန္နက်ရှိ၍ ၄ မျက်နှာတွင် လေးထောင့်အုတ်ခုံများ စွန်းထွက်လျက် တည်ဆောက်ထားသည်။ ထိုအဆောက်အအုံ တခုလုံးကို စက်ဝိုင်းအုတ်တံတိုင်း ၂ ထပ် ကာရံထားလေသည်။ စနစ်ပုံအရ မြေပေါက် စေတီနှင့် တူဟန်ရှိသော်လည်း အုတ်ခုံများ စွန်းထွက်နေပုံနှင့် မူလကပင် မြေပေါ်၌ စိုက်ထူထားခြင်း မဟုတ်ကြောင်း မြေလွှာအနေအထားမှ သိရှိရသဖြင့်လည်းကောင်း၊ သာသနာရေးဆိုင်ရာ ဝတ္ထုပစ္စည်း တစုံတခုမျှ မတွေ့ရခြင်းကြောင့်လည်းကောင်း စေတီပုထိုးအဖြစ် တည်ထားခဲ့ဟန် မတူကြောင်း ယူဆဖွယ်ရာ ဖြစ်နေသည်။
 
* ကုန်းအမှတ် (၄) - ဤကုန်းမှာ အမှတ် ၃ ၏ မြောက်ဖက်တွင် ကပ်လျက်ရှိသည်။ ဤနေရာတွင် လေးထောင့်အုတ်တိုက် အခြေပိုင်းကို တူးဖော်တွေ့ရှိရသည်။ အဆောက်အအုံမှာ နံရံ ၂ ထပ်ပြုလုပ် ထားရှိခြင်းဖြင့် အတွင်းခန်းမနှင့် ပတ်လည် စင်္ကြံကို စီမံထားသည်။ ဤပန္နက်ပုံစံမှာ ပုဂံဘုရား ပန္နက်ပုံများ၏ ရှေ့ပြေးပုံစံအဖြစ် ဦးစွာတွေ့ရှိရသည်။
စာကြောင်း ၃၇ -
မြို့ဟောင်းမှာ ရှိတဲ့ တောင်မြောက်တန်းတဲ့ နံရံတွေဟာ တောင်မြောက် ဖြောင့်ဖြောင့်မတန်းပါ။ ကနေ့ သုံးစွဲတဲ့ အိမ်မြှောင်နဲ့ ချိန်ကြည့်တဲ့အခါ အနောက်ဘက်ကို ၁၃ ဒီဂရီ ငိုက်ပြီး နေတယ်။ ဒီအချက်ဟာ ထူးဆန်းတယ်လို့ ထင်ပါတယ်။ တူးဖော် တွေ့ရှိတဲ့ အိမ်တွေဟာ အားလုံး အုတ်နဲ့ဆောက်တဲ့ အဆောက်အဦတွေ ဖြစ်တယ်။ အုတ်တချပ်ဟာ ၁၈" X ၉" X ၃" ရှိတယ်။ တမြို့လုံးမှာ ဝါး၊ သက်ကယ်နှင့် သစ်အိမ်တွေ များတယ်၊ အုတ်တိုက်က နည်းမယ်။ ဒါပေမဲ့ အခုတော့ အုတ်တိုင်ဟောင်းတွေ ပြိုပြီး အုတ်ကုန်းတွေ ဖြစ်နေတာပဲ နည်းနည်းတွေ့ရပါတယ်။
 
ဗိဿနိုးမြို့ဟောင်းမှာ ကနေ့အထိ တူးဖော် တွေ့ရှိရသမျှ အကြီးဆုံး ဖြစ်တဲ့ အုတ်တိုက်ကို နန်းတော်ရာရဲ့ မြောက်ဘက် ကပ်လျက် တွေ့ပါတယ်။ အဲဒီတုက်အိမ်ဟာအဲဒီတိုက်အိမ်ဟာ အရှေ့ကို မျက်နှာပြုပြီး ဆောက်တဲ့ နှစ်ထပ်တိုက်လည်း ဖြစ်နိုင်တယ်။ အမိုးပြားနဲ့ အမိုးဥယျာဉ်ထားတဲ့ အိမ်လည်း ဖြစ်နိုင်တယ်။ တံခါးမနဲ့ ပြတင်းပေါက်တွေဟာ ကျယ်တဲ့အတွက် အလင်းရောင်နဲ့ လေကောင်းလေသန့် ကောင်းကောင်းရမှာ ဖြစ်ပါတယ်။ အိမ်ပတ်လည်မှာ သစ်သားဝရန်တာ ရှိတယ်။ အရှေ့ အဝင်မှာ ဆင်ဝင် ရှိတယ်။ အိမ်ရဲ့ ထက်ဝက်ပိုင်းပြီး အရှေ့ပိုင်းမှာ ခန်းမ၊ အနောက်ပိုင်းမှာ အခန်းငယ်ရှစ်ခန်း ခွဲပြီးထားတယ်။ အဝင် တံခါးမှာ စက်ဝန်း ထက်ဝက်ပိုင်းထားတဲ့ ခြေနင်းခုံကြီး တခု ရှိတယ်။ ခြေနင်းခုံမှာ ကျောက်ဖြူလုံးကလေးတွေနဲ့ အလှဆင်ထားတယ်။ ပန္နက်ပုံ သုံးခုမှာ (က) လူနေအိမ်၊ (ခ) အစောင့်တဲနဲ့ (ဂ)အထိမ်းအမှတ် ကျောက်တိုင်ရဲ့ အုတ်ခုံ ဖြစ်တယ်။ အိမ်ကို ပန်းချီဆရာက စိတ်ကူးနဲ့ မှန်းဆပြီး အမိုးပြား အမိုးဥယျာဉ်တွေပါ ထည့်သွင်း ဆွဲပေးထားတယ်။
 
တူးဖော် တွေ့ရှိသမျှ ဗိဿနိုးမြို့ဟောင်း အိမ်တွေမှာ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုကို အိမ်နဲ့ တပါတည်း ထည့်မထားပါ။ ရေသန့် သွင်းဖို့နဲ့ ရေဟောင်း ရေညစ်ထုတ်ဖို့ ရေပိုက်တွေလည်း မတွေ့ပါ။ အဲဒါကြောင့် အိမ်ရဲ့ ဖွဲ့စည်းပုံ ညံ့တယ်လို့ ဆိုရပါတယ်။ အုတ်တွေကို စီးခင်းတဲ့ အခါမှာလည်း စပ်ကြောင်း လွှဲမထားတဲ့ အတွက် နံရံတွေဟာ ခိုင်သင့်သလောက် မခိုင်ပါ။ အုတ် နံရံစီတဲ့အခါ မြေဝင် တပေလောက်သာရှိလို့တစ်ပေလောက်သာရှိလို့ အခြေမခိုင်ဘဲ အုတ်နံရံတွေ ပြိုလဲ လွယ်တယ်။ အဲဒါကို ကာကွယ်ဖို့ နံရံကို အထူကြီး လုပ်ရပါတယ်။ နံရံထုဟာ ၄.၅ လက်မ (၁.၃၇၁၆ မီတာ) ရှိတယ်။ ဒီလို ထူပေမယ့် ပြိုတာပဲ။ ဒါကြောင့် တချို့နေရာမှာ ပြိုလဲ မကျအောင် ခံတုပ်လုပ်ပြီး ကျားကန်ထားတာကို တွေ့ရပါတယ်။
 
မီးလောင်ပြီး ပျက်စီးသွားတဲ့ အုတ်တိုက် အတွင်းမှာ သစ်သားတိုင်တွေ ရှိတယ်။ အဲဒီ သစ်သားတိုင် ထောင်တဲ့ ကျင်းထဲမှာ မီးလောင်ထားတဲ့ တိုင်ငယ်ရဲ့ ငုတ်တို ကျန်နေလို့ ဒီတိုင်ငုတ် မီးသွေးကို ယူပြီး ကာဗွန်ဓာတ်ခွဲကြည့်တဲ့ အခါ အရင်အနှစ် ၁,၆၀၀ က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ တနည်းပြောရရင် ဗိဿနိုးမြို့ဟောင်းကို ရန်သူတွေ မီးတိုက် ဖျက်ဆီးခဲ့တာ ခရစ် ၄ ရာစုက ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အိုးခြမ်းကွဲ တချို့မှာ တံဆိပ်တုံးနှင့် ခတ်နှိပ်ထားတဲ့ အလှဆင် ရုပ်ပုံတွေကို တွေ့ရလို့ ဒီမြို့ဟာ အနည်းဆုံး ခရစ် တရာစုနှစ်က တည်ဆောက်ခဲ့တယ်လို့ မှန်းဆနိုင်ပါတယ်။
 
ဒီမြို့မှာ ဘယ်လို လူမျိုးတွေ နေခဲ့တယ်လို့ အတိအကျ မသိနိုင်ပါ။ ဒါပေမဲ့ လူသေကို မီးသင်္ဂြိုဟ်ပြီး ့ကင်းကျန်တဲ့ကြွင်းကျန်တဲ့ အရိုးနဲ့ ပြာကို အိုးကြီးတွေမှာ ထည့်ပြီး သိမ်းဖို့ တိုက်အိမ် ဆောက်ထားတာလို့ ထင်တယ်။ ဒီလိုအလောင်းကို မီးသင်္ဂြိုဟ်ပြီး ပြာကိုသိမ်းတဲ့ ဓလေ့ကို လိုက်နာလေ့ ရှိတာ ပျူလူမျိုးတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီမြို့မှာ လူနေ အများစုက ပျူဖြစ်မယ်လို့ ယူဆပါတယ်။ အရိုးအိုးထားတဲ့ သုသာန်ဇရပ်တွေကို မြို့တွင်းမှာ တွေ့သလို မြို့ပြင်မှာလည်း တွေ့ရလို့ သတ်မှတ်ထားတဲ့ သင်္ချိုင်းနေရာ မရှိ၊ အဆင်သင့်သလို လူသေ အလောင်းကို ထားလိုက်တယ်လို့ ယူဆပါမယ်။ ဗိဿနိုးမြို့ဟောင်းမှာ ပျူတွေအပြင်၊ ပျူ မဟုတ်သူတွေလည်း နေမယ်။ မြို့ကြီး ထုံးစံအတိုင်း ထာဝရ နေသူနဲ့ နောက်မှ ပြောင်းရွှေ့ ဝင်လာသူလည်း ရှိမယ်၊ ပျူ မဟုတ်သူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ လူသေကို မြေမှာချပြီး တိုက်ရိုက်မြှုပ်နှံတဲ့ ဓလေ့ကို ကျင့်သုံးသူလည်း ရှိမယ်၊ ဘာပြုလို့လဲ ဆိုတော့ မသာဇရပ် ဝန်းကျင်က မြေမှာ မြှုပ်ထားတဲ့ အလောင်းသုံးလောင်းက အရိုးစု သုံးခုကို တွေ့ရလို့ ဖြစ်ပါတယ်။
 
တိုက်ဆောက်တဲ့ အုတ်ခဲထဲမှာ စပါးခွံတွေ တွေ့လို့ ဗိဿနိုးမြို့ဟောင်းမှာ နေထိုင်သူတွေဟာ ဆည်ရေသောက် စပါးစိုက်ပြီး ဆန်စားတယ်လို့ ပြောချင်ပါတယ်။ သူတို့ သုံးစွဲတဲ့ အိုးတွေမှာလည်း စက်ထွင်းအိုးတွေ ဖြစ်ပြီး အများကြီး ချောမွတ် ကောင်းမွန်နေတဲ့ အပြင် ကောင်းကောင်းကျက်အောင် ဖုတ်ထားတဲ့ အဆင့်မြင့် အိုးတွေ ဖြစ်တယ်။ အိုးပုံသဏ္ဌာန် အမျိုးမျိုး တွေ့ပါတယ်။ အိုးမှာ ရေးသား ခပ်နှိပ်ထားတဲ့ ပန်းတွေကလည်း ကောင်းမွန်လှပါတယ်။ အိုးပေါ်မှာ တလိမ့်တလုံးနဲ့ ရုပ်ပုံဖော်တဲ့ ပညာကို တတ်ကြပြီလို့၊ ဗိဿနိုးမြို့ဟောင်းက အိုးထိမ်းသည်တွေဟာ အိုးလုပ်တဲ့ ပညာမှာ အများကြီး ရှေ့တန်း ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။