ပဲရစ် (ထရွိုင် မင်းသား): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:ဂရိ ဒဏ္ဍာရီ using HotCat
အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁၃ -
ပင်လယ်စောင့်နတ်သမီး သဲတစ်ကို သူရဲကောင်း ပီးလီးယပ်နှင့် လက်ထပ်ရန် ဇုက တိုက်တွန်းသည်။ မိမိအား စောင့်ရှောက်ဖူးသော ဇု၏မယား ဟီရာ စိတ်ချမ်းသာစေရန် သဲတစ်က လက်ခံလိုက်သည်။ သို့ဖြင့် စေ့စပ်မှု အထမြောက်သွားသည်။
 
ညစာစားပွဲသို့ ဇုက နတ်အားလုံးကို ဖိတ်သည်။ ခြွင်းချက်မှာ ဝိဝါဒနတ်ဘုရားမ အဲရစ် ဖြစ်သည်။ ပွဲမပျက်စေလို၍ ထိုပွဲသို့ အဲရစ်ကို ပေးမဝင်။ ဒေါသူပုန်ထကာ အဲရစ် ပြန်သည်။ လက်ဖွဲ့အဖြစ် ယူလာသော ရွှေပန်းသီးတလုံးကိုသာ ချန်ခဲ့သည်။ ပန်းသီးပေါ်၌ စာထွင်းထားသည်မှာ "အလှဆုံးဖို့" ဟူ၏။ ညစာစားပွဲ၌ ထိုပန်းသီးကို သူရထိုက်သည်၊ ငါရထိုက်သည် ငြင်းကြတော့သည်။ နောက်ဆုံး ဆန်ကာတင် ၃ ယောက်မှာ ဟီရာ၊ အသီနာနှင့် အဖရိုဒိုက်တို့[[အက်ဖရိုဒိုက်]]တို့ ဖြစ်သည်။ အဖြေအား ကွဲပြားလိုသော် ထိုသုံးယောက်က ဇုထံ ဦးတိုက်သည်။ နှာစေးသည်သာ အကောင်းဆုံးဖြစ်မည်ဟု ယူဆသော် ဇုက ဟာမိ၏နောက်သို့ လိုက်ကာ ပဲရစ်ထံ၌ အဆုံးအဖြတ်ခံရန် ဆိုပြီး ခေါင်းလွှဲသည်။ သို့ဖြင့် နတ်ဘုရားမသုံးယောက်နှင့် ဟာမိတို့ ပဲရစ် ကျွဲကျောင်းရာသို့ ရောက်လာသည်။
 
သုံးယောက်လုံး၏ အပြင်ပန်းအလှမှာ သူမနိုင်ကိုယ်မသာ ရှိသည်။ တဆင့်တက်ကာ အဝတ်မဲ့ကိုယ်ဖြင့် ယှဉ်ကြသည်။ ဤသည်လည်း ထူးမခြားနားပင်။ ထို့ကြောင့် နတ်ဘုရားမတို့ ပဲရစ်အား ကမ်းလှမ်းနိုင်မှုပေါ် မူတည်ဆုံးဖြတ်ရန် စီစဉ်သည်။ ဟီရာက စေ့စပ်ညှိနှိုင်းကာ အာရှမိုင်းနားတခွင်ကို အုပ်စိုးနိုင်ရန် ကမ်းလှမ်းသည်။ အသီနာက အကြီးမြတ်ဆုံးစစ်သည်၏ အစွမ်းသတ္တိနှင့် ညီသော ကျွမ်းကျင်မှု၊ အသိဉာဏ်ကို ယူရန် ဆိုလာသည်။ အဖရိုဒိုက်ကအက်ဖရိုဒိုက်က ကမ္ဘာပေါ်ရှိ အလှဆုံးမိန်းကလေး၏ အချစ်ကိုရရန် အာမခံသည်။ ကမ်းလှမ်းချက်တို့ကို ကြည့်ကာ အလှနှင့်ပတ်သက်သည့် ခြင်းရာဖြစ်၍ လှပမှုနှင့်ဆိုင်သော ကမ်းလှမ်းမှုကို ဆီလျော်သည်ယူ၍ အဖရိုဒိုက်ကိုအက်ဖရိုဒိုက်ကို ပန်းသီးရှင်အဖြစ် ရွေးသည်။ ကျန်နှစ်ဦးလည်း စောဒကမတက်တော့။ အဖရိုဒိုက်က သူ့ကတိအတိုင်း အလှဆုံးမိန်းကလေး [[ထရွိုင်မှ ဟယ်လင်|ဟယ်လင်]] နှစ်ကိုယ်ချစ်ဖြစ်စေရန် ဆုပေးလေသည်။
 
== ထရွိုင်သို့ ပြန်ခြင်း ==
စာကြောင်း ၂၇ -
 
== ထရိုဂျန်စစ်ပွဲ ==
မန်နယ်လော့နှင့် တပ်ပေါင်းစုတို့ ထရွိုင်မြို့ဘေးသို့ ရောက်ပြီးနောက် နှစ်ဖက် သွေးမြေမကျစေရန် ပဲရစ်နှင့် မန်နယ်လော့ စီးချင်းထိုးသည်။ ကျွဲကျောင်းသည့် ပဲရစ်ကို မန်နယ်လော့က လွယ်လင့်တကူပင် အနိုင်ရသည်။ ပဲရစ်အား ကိစ္စတုံးမည်အပြုတွင် မူလလက်သည် အဖရိုဒိုက်ကအက်ဖရိုဒိုက်က ကယ်ထုတ်သွားသည်။ သို့ဖြင့် ရှောင်မရတော့သော ထရိုဂျန်စစ်ပွဲ ပေါ်လာသည်။ ထရွိုင်ဘက်မှ အဓိကခေါင်းဆောင်မှာ ပဲရစ်၏အစ်ကို ဟက်တာ ဖြစ်သည်။ စစ်ဗျူဟာအားနည်းပြီး အတိုက်အခိုက်မကျွမ်းသော ပဲရစ်မှာ မြားပစ်ခြင်းသာ လုပ်သည်။ သို့သော်လည်း သူ့မြားက အာခိလိကို အဆုံးသတ်လိုက်နိုင်ခြင်းမှာ ထရိုဂျန်တို့အတွက် တအားဖြစ်စေသည်။
 
== ဘဝနိဂုံး ==