No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၄ -
အသားဓာတ် ([[ပရိုတိန်း]])၊ သကြားဓာတ် ([[ကာဗိုဟိုက်ဒရိတ်]])၊ အဆီဓာတ် စသည့် သက်ရှိများ၏ အခြေခံ [[မော်လီကျူး]]များတွင် အောက်စီဂျင် ပါဝင်သကဲ့သို့ သတ္တဝါများ၏ အခွံ၊ သွားနှင့် အရိုးများကို ဖွဲ့စည်းထားသည့် အင်ဩဂဲနစ် ဒြပ်ပေါင်းများတွင်လဲ အောက်စီဂျင်ကို တွေ့ရှိနိုင်သည်။ စိမ်းပြာရောင်ရေညှိ၊ ရေမှော်ပင်နှင့် ရွက်စိမ်းပင်များ အလင်းဖြင့် အစာချက်လုပ်ရာတွင် ရေမော်လီကျူးအား ဖြိုခွဲကာ အောက်စီဂျင်ကို O<sub>2</sub> အသွင်ဖြင့် ထုတ်လွှတ်ပေးသည်။ အောက်စီဂျင်သည် ရှုပ်ထွေးပွေလီသည့် (ဗဟုကလာပ်စည်းပါ) သက်ရှိအများစု အသက်ရှူရာတွင် အရေးပါသည့် ဓာတ်ငွေ့ဖြစ်သည်။
 
အောက်စီဂျင်သည် ၎င်း၏ allotrope တစ်မျိုးဖြစ်သည့် [[အိုဇုန်း]] (O<sub>3</sub>) အဖြစ်လည်း တည်ရှိသည်။ ကမ္ဘာ့လေထု အပြင်လွှာရှိ [[အိုဇုန်းလွှာ]]သည် [[ခရမ်းလွန်ရောင်ခြည်]]များ နေမှ ကမ္ဘာပေါ်သို့ အမြားအပြား မရောက်လာအောင် ကာကွယ်ပေးသည်။ အိုဇုန်းသည် ကမ္ဘာ့မြေမျက်နှာပြင် အနီးတွင်မူ ညစ်ညမ်းမှု ဖြစ်စေသည်။ အက်တောမစ် (အက်တမ် တစ်ခုတည်းအဖြစ် တည်ရှိသည့်) အောက်စီဂျင်သည် မြင့်မားသည့် ကမ္ဘာပတ်လမ်းနိမ့်များတွင်ပင် သိသာထင်ရှားစွာ များပြားပြီး အာကာသယာဉ်များ ယိုယွင်းပျက်စီးစေသည့် အဓိက အကြောင်းရင်းဖြစ်သည်။ <ref>{{cite web|accessdate=2009-08-08|url=http://www.spenvis.oma.be/spenvis/help/background/atmosphere/erosion.html|title=Atomic oxygen erosion|archiveurl = http://web.archive.org/web/20070613121048/http://www.spenvis.oma.be/spenvis/help/background/atmosphere/erosion.html |archivedate = June 13, 2007|deadurl=yes}}</ref>
 
အောက်စီဂျင်ကို ငွေ့ရည်ဖွဲ့ထားသည့် လေထဲမှ ခွဲထုတ် [[ငွေ့ရည်ဖွဲ့နည်း]]၊ ရေမော်လီကျူးအား လျှပ်စစ်ဓာတ်ဖြင့် ဖြိုခွဲနည်း သို့မဟုတ် အခြားနည်းများဖြင့် အမြားအပြား ထုတ်လုပ်သည်။ အောက်စီဂျင်ကို သံမဏိ၊ ပလတ်စတစ်၊ အထည်အလိပ် ထုတ်လုပ်ရာတွင်လည်းကောင်း၊ အာကာသယာဉ်များအတွက် လောင်စာအဖြစ်လည်းကောင်း၊ လေယာဉ်များ၊ ရေငုပ်သင်္ဘောများတွင် ခရီးသည်များ အသက်ရှူရန်လည်းကောင်း အသုံးပြုကြသည်။