ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၅ -
 
မင်းတရားကြီးသည် လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၌လည်း ရက်ရောတော်မူသည်။ မင်းကွန်း၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးတောင် စသည်တို့၌ မင်းတရားကြီး၏
ကုသိုလ်တော် စေတီပုထိုး၊ ကျောင်းတန်ဆောင်း စသည်တို့အများအပြားရှိသည်။ မင်းကွန်း၌ [[မင်းကွန်းပုထိုးတော်ကြီး|ပုထိုးတော်ကြီး]]၊ အမရပူရ၌ မဟာသကျရံသီ ကျောက်ဖြူ [[ရုပ်ပွားတော်]]၊ မဟာအောင်မြေဘုံသာ ကျောင်တော်ကြီး၊ကျောင်းတော်ကြီး၊ မဟာဝိဇယရံသီ စည်းခံတော်ကြီး စသည်တို့သည် မင်းတရားကြီး၏ ကောင်းမှုတော်များဖြစ်သည်။ မဇ္ဈိမဒေသရှိ မဟာဗောဓိပင်သို့လည်း အထူးထူးတော် အလှူတော်များကို ကျော်စာများနှင့်တကွ စေလွှတ်လှူဒါန်း ပူဇော်ခဲ့လေသည်။
 
မင်းတရားကြီး လက်ထက်တွင် ရဟန်းပညာရှိ လူပညာရှိတို့ကို ညှိနှိုင်းတိုင်ပင်၍ ရာဇဝင်တစ်စောင် ပြုစုစေသည်။ ထိုရာဇဝင်ကြီးကို မောင်းထောင်ဆရာတော် လူထွက် ပညာရှိ အမတ်ကြီးမဟာဓမ္မသကြ¸ ကြီးမှူးအုပ်ချုပ်၍ ၁၁၉၁ ခုနှစ်မှ စတင်ကျမ်းပြုစေသည်။ ထိုရာဇဝင်တော်ကြီးကို မှန်နန်းတော်ဦးတွင် ရေးသားပြုစုရသောကြောင့် [[မှန်နန်း ရာဇဝင်|မှန်နန်း မဟာရာဇဝင်တော်ကြီး]] ဟု ခေါ်တွင်သည်။ ထိုရာဇဝင်ကြီးတွင် ကမ္ဘာဦးကာလမှ မြန်မာသက္ကရာဇ် ၁၁၈၃ ခုနှစ် နတ်တော်လအထိ အဖြစ်အပျက်များသာ ပါဝင်သည်။ ထိုကြောင့် မင်းတုန်းမင်းတရား လက်ထက်တွင် ဆက်လက်ပြုစုစေရာ ထိုရာဇဝင်တော်ကြီးကို ဒုတိယ မဟာရာဇဝင်တော် ဟု ခေါ်ဆိုလေသည်။