ဇွန် ဆန့်ကျင်လှုပ်ရှားမှု: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၉ -
၁၉၈၇ ဇွန် ၁၀ မှ ၂၉ အထိ [[တောင်ကိုရီးယားနိုင်ငံ]]တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံလုံးကျွတ် ဒီမိုကရေစီအရေးလှုပ်ရှားမှုဖြစ်သည့် '''ဇွန် ဆန့်ကျင်လှုပ်ရှားမှု''' ({{korean|hangul=6월 민주항쟁|hanja=六月民主抗爭}}) ကို '''ဇွန် ဒီမိုကရေစီ လှုပ်ရှားမှု''' နှင့် '''ဇွန် ဒီမိုကရေစီအုံကြွမှု''' ဟုလည်း လူသိများသည်။<ref name="Katsiaficas2012">{{cite book|author=George Katsiaficas|title=Asia's Unknown Uprisings, Volume 1: South Korean Social Movements in the 20th Century|url=https://books.google.com/books?id=9H7Hgbcsr8cC&pg=PA277|accessdate=11 February 2013|date=20 March 2012|publisher=PM Press|isbn=978-1-60486-457-1|pages=277–}}</ref> ရွေးကောက်ပွဲများကျင်းပရန်နှင့် ယနေ့‌ခေတ် တောင်ကိုရီးယားအစိုးရဖြစ်သော ဆဋ္ဌမမြောက်နိုင်ငံတော်ကို ထူထောင်နိုင်ခဲ့သည့် အခြားဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို အကောင်အထည်ဖော်နိုင်ရန် ဆန္ဒပြမှုများဖြင့် တည်ဆဲအစိုးရအား ဖိအားပေးနိုင်ခဲ့သည်။
 
စစ်တပ်အာဏာရှင် သမ္မတ[[ချန်ဒူးဝှမ်]]က [[ရိုထေဝူး]]အားရိုထေဝူးအား နောင်သမ္မတလောင်းအဖြစ် ရွေးချယ်မှုကို ဇွန် ၁၀ ရက်၌ ကြေငြာသည်။ သမ္မတတိုက်ရိုက်ရွေးကောက်တင်မြှောက်နိုင်မည့် တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရွှေ့ဆိုင်း ကြန့်ကြာစေမည့်လုပ်ရပ်ဖြစ်သော ချွန်၏နေရာဆက်ခံသူအား လူသိရှင်ကြားခန့်အပ်မှုသည် အန္တိမစော်ကားမှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ကျောင်းသားများနှင့် အခြားအဖွဲ့များ၏ ဆန္ဒပြပွဲများကြောင့် အာဏာပိုင်များအပေါ် ဖိအား တိုးလာသည်မှာ အချိန်အတန်ကြာခဲ့ပြီဟု ဆိုသော်ငြားလည်း ကြေငြာချက်ကြောင့် ကြီးမားပြင်းထန်သော ကန့်ကွက်ပွဲများ အစပျိုးသွားခဲ့သည်။<ref name="ifatfirst">Adesnik, A. David, Sunhyuk Kim. "[http://iis-db.stanford.edu/pubs/22209/No_83_AdesKimSouthKorea.pdf If At First You Don’t Succeed: The Puzzle of South Korea’s Democratic Transition] {{webarchive|url=https://web.archive.org/web/20110928055737/http://iis-db.stanford.edu/pubs/22209/No_83_AdesKimSouthKorea.pdf |date=2011-09-28 }}". CDDRL Working Papers. Number 83, July 2008. Retrieved February 5, 2011.</ref>
 
၁၉၈၈ အိုလံပစ်အားကစားပြိုင်ပွဲများမတိုင်မီ အကြမ်းဖက်မှုများ ဖြေရှင်းရန် ဆန္ဒမရှိခြင်းနှင့် အတိုက်အခံအင်အားစု အတွင်းက အကွဲအပြဲများကြောင့် ပြိုင်ဆိုင်မှုပြင်းထန်သော ရွေးကောက်ပွဲများအား ရို အနိုင်ရမည်ဟု (မှန်မှန်ကန်ကန်) ယူဆသဖြင့် သမ္မတ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့်ဆိုင်ရာ အဓိကတောင်းဆိုချက်များနှင့် ပြည်သူ့အခွင့်အရေးများ ပြန်လည် အသက်သွင်းရေးကို ချွန်နှင့်ရိုက လိုက်လျောခဲ့သည်။ ထိုနှစ် ဒီဇင်ဘာ၌ အများဆန္ဒဖြင့် ရိုက သမ္မတ မှန်မှန်ကန်ကန် ဖြစ်လာခဲ့သော်လည်း တောင်ကိုရီးယား၏ ဒီမိုကရေစီစုစည်းညီညွတ်မှုက အပြည့်အဝ ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။