တာ့ဂျ်မဟာရ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၈ -
မဂိုအင်ပိုင်ယာ၏ အချမ်းသာအကြွယ်ဝဆုံးအချိန်ဖြစ်သော ၁၆၃၁ ခုနှစ်တွင် မဂိုဘုရင် ရှားဂျာဟန်မှာ သူ၏ တတိယမြောက်ဇနီး မမ်တက်ဇ်မဟာရ် ကွယ်လွန်သွားသဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့သည်။ သူတို့၏ ၁၄ ယောက်မြောက်ရင်သွေးဖြစ်သော ဂေါဟာရာဘီဂမ်ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂျ်မဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂျ်မဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည်။ ဘုရင် ရှားဂျာဟန်မှ တာ့ဂျ်မဟာရ်တွင် အောက်ဖော်ပြပါစာသားကို ရေးသားခဲ့သည်။
 
"အပြစ်ကျူးလွန်သူတစ်ယောက် ဤနေရာတွင် ခိုလှုံလာပါက လွမ်းငြိမ်းချမ်းသာခွင့်ပေးခံရသူပမာ သူ၏ အပြစ်များအားလုံး ကျေပျောက်ရမည်။ အကယ်၍ အပြစ်ရှိသူမှ ဤခန်းမသို့လာရောက်ပါက သူ၏အပြစ်များအားလုံးကို ဆေးကြောသန့်စင်စေရမည်။ ဤအဆောက်အဦး၏ နေရာသည် ဝမ်းနည်ပူဆွေးမှု၏နေရာဖြစ်သည်။ဝမ်းနည်းပူဆွေးမှု၏နေရာဖြစ်သည်။ နေနှင့်လတို့ မျက်ရည်ကျရာနေရာဖြစ်သည်။ ဤကမ္ဘာတွင် ဤအဆောက်အဦးဖြင့် တည်ဆောက်သူ၏ ဂုဏ်ကျက်သရေကို ဖော်ကျူးနေသည်။"
 
[[File:Humanyu.JPG|thumb|left|150px|တာ့ဂျ်မဟာရ်နှင့် ဗိသုကာပုံစံခြင်းဆင်တူသော ဟူမာရန်၏ ဂူသင်္ချိုင်း]]