ဆာ့ခ်ဗဟာဒူးရွိုင်း၊ (အောင်ဆန်းသူရိယ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆ -
၎င်းအခြေအနေတွင် “ဒီ”ကုမ္ပဏီတပ်ခွဲအတွက် စားနပ်ရိက္ခာများကို တင်ဆောင်လာသော မော်တော် ထရပ်ကား (၇)စီးကို တပ်သား ဆပ်ဘဟားဒူးရွိုင်းက ကြီးကြပ်ကြည့်ရူထားရန် တာဝန်ကျသည်။ တရုတ်စစ်သားများက ကုမ္ပဏီတပ်ခွဲဗိုလ်ကို ချောင်းမြောင်း၍ ပစ်ခတ်ကြသောအခါ ရဲဘော်ဒူးရွိုင်း ကြီးကြပ်ရသော မော်တော်ကားများမှ ကိုက် (၅၀ဝ) ခန့် ဝေးသော အနေအထားဖြစ်သည်။
 
မော်တော်ကားများကို မောင်းနှင်းသောမောင်းနှင်သော အရပ်သား ဒရိုင်ဘာတို့သည် မော်တော်ကားများကို ရပ်၍ ထွက်ပြေးသွားကြသည်။ တပ်သား ဆပ်ဘဟား ဒူးရွိုင်းသည် မိမိ တယောက်တည်း ကျန်ရစ်ခဲ့သော်လည်း ဇူလိုင်လ ၁၇- ရက်နေ့ နံနက် ၁၁- နာရီကစ၍ ထရပ်ကားများ ကို စောင့်ရှောက်နေသည်။ ညဉ့်အမှောင်တွင် တရုတ်ဖြူစစ်သားများက ထရပ်ကားများကို သိမ်းဆည်းရန် အကြိမ်ကြိမ် များစွာ အားထုတ်ခဲ့ကြသည်။ မိမိတယောက်တည်း ပြန်လှန်ပစ်ခတ်၍ ခုခံခဲ့သည်။
 
နောက်တနေ့ နံနက် ၉ နာရီတွင် “ဒီ”ကုမ္ပဏီတပ်ခွဲကို ကူညီရန်ရောက်လာသော “စီ” ကုမ္ပဏီ တပ်ခွဲ ချီတက်ရောက်ရှိလာသောအခါ တပ်သားဆပ်ဘဟားဒူးရွိုင်းသည် တယောက်တည်းဖြင့် အရှေ့ဆုံးရှိ ထရပ်ကားအောက်တွင် လက်ကျန် ကျည်ဆန်ယမ်းတောင့် ၁၇- တောင့်ဖြင့် တရုတ်ဖြူ စစ်သားများကို ခုခံပစ်ခတ်နေသည်ကို တွေ့ရှိရသည်။
 
“စီ”ကုမ္ပဏီတပ်ခွဲ ကူညီရန် ချီတက်ရောက်ရှိလာသော ၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် မိမိတို့တပ်အင်းအားထက်မိမိတို့တပ်အးအားထက် အဆပေါင်းများစွာ များပြားသော တရုတ်ဖြူ စစ်သားတို့က ပြင်းထန်စွာ ဆီကြိုပစ်ခတ်ခြင်းကိုဆီးကြိုပစ်ခတ်ခြင်းကို ခံရလေသည်။
 
တိုက်ပွဲဖြစ်စဉ်အတွင်း မိမိ၏ တပ်စိတ်မှ ခွဲဗိုလ်၊ တပ်ကြပ်ကြီးနှင့် တပ်ကြပ်ကလေးတို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိကြသည့်အပြင် ဘရင်းဂန်း စက်သေနတ်ကိုင် တပ်သားလေး နှစ်ယောက်မှာ ကျဆုံးသွားသည်။ ထိုအခါ ရဲဘော် ဆပ်ဘဟား ဒူးရွိုင်းသည် မိမိခုခံနေရာမှ ထွက်ခွာလျက် ချီတက်လာသော တရုတ်ဖြူစစ်သား အတွင်းသို့ တဦးတည်း ထိုးဖောက်ရန် အပြင်းအထန် ကြိုးစားတော့သည်။