ရွှေစာရံ စေတီတော် (မန္တလေး): တည်းဖြတ်မှု မူကွဲများ

→‎ရွှေစာရံဘုရား၏ အံ့ဖွယ်ကိုးပါး: သတ်ပုံပြင် - ပရဝဏ် (မှန်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
မြန်မာနိုင်ငံ၌ ရွှေစာရံဟူသော ဘွဲ့တော်ဖြင့် ထင်ရှားသောစေတီနှစ်ဆူ ရှိလေသည်။ တစ်ဆူမှာ [[ရွှေစာရံ စေတီတော် (သထုံ)]] မွန်ပြည်နယ် သထုံမြို့ပေါ်တွင် တည်ရှိ၍ တစ်ဆူမှာ မန္တလေးခရိုင်အတွင်း မြစ်ငယ်မြစ်ပေါ်တွင် တည်ရှိသည်။
 
ကောင်းကင်တွင် မွေတော်ကို စာကလေးငှက်များဝန်းရံ တည်နေသည်ကို အစွဲပြု၍ 'ရွှေစာရံစေတီတော်' ဟု မှည့်ခေါ်ခဲ့သည်။
{| border="0" cellpadding="2" style="margin:7px;width: 20em; font-size: 90%; text-align: left; float:right; border:1px solid #5BBFF4; background-color:#D8F3FE;"
Line ၃၁ ⟶ ၃၃:
တကယ်တော့ ထိုလူငယ်များသည် ဒုတ္ထဝတီမြစ်ဘေး အဘယခေမာကုန်းတော် ပေါ်မှာ တည်ထားကိုးကွယ်သော သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားပွဲသို့လာရင်း နွေနေ ကိုအန်တုရန် မြစ်ထဲဆင်း၍ ရေကစားနေကြခြင်း မဟုတ်ပါလား။ သစ္စာအဓိဋ္ဌာန်ရွှေစာရံ..။ ဤဘုရားသို့ လာလျှင် ဤဘုရား၏ဒါယိကာမကို မေ့ထား၍ မရနိုင်ပါ။ ဘုရားဒါယိကာမမှာ စောမွန်လှ (စဝ်မွမ်းလ)။ ဒီနာမည်လေးသည် ခေါ်ရလွယ်သလောက် စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ရှိလှသည်။
 
== သမိုင်း ==
ရသေ့ကြီး ဦးခန္တီလှူဒါန်းခဲ့သော မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ပြီးနောက် ဘုရားဒါယိကာမ စောမွန်လှ၏ ရုပ်တုကို သေသေချာချာ ကြည့်မိသည်။ သူ၏မျက်လုံးများသည် ပြုံးရယ်နေသည်ဟု ထင်ရသည်။ မျက်နှာတစ်ခုလုံးသည် မေတ္တာတရားဖြင့် အေးချမ်းနေပုံရသည်။ သူ့ရုပ်တုကိုကြည့်နေရင်း သူ့ဘဝ၏ နက်ရှိုင်းမှုသည် ကျွန်တော့ ရင်ထဲသို့ အလိုလိုဝင်လာခဲ့သည်။
သေသေချာချာ ကြည့်မိသည်။ သူ၏မျက်လုံးများသည် ပြုံးရယ်နေသည်ဟု ထင်ရသည်။ မျက်နှာတစ်ခုလုံးသည် မေတ္တာတရားဖြင့် အေးချမ်းနေပုံရသည်။ သူ့ရုပ်တုကိုကြည့်နေရင်း သူ့ဘဝ၏ နက်ရှိုင်းမှုသည် ကျွန်တော့ ရင်ထဲသို့ အလိုလိုဝင်လာခဲ့သည်။
 
သမ္မာဒြိအယူဝါဒသည် ပုဂါရာမ (ပုဂံ) ပြည်တွင် ရှင်အရဟံဆိုက်ရောက်ခြင်းနှင့်အတူ ပွားများစည်ပင်လာခဲ့သည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည် သာသနာတော်ကို ယုံကြည်သည့်အပြင် သာသနာကိုလည်း အလွန်ချီးမြှောက်လိုသောကြောင့် ဂန္ဓာလရာဇ် (တရုတ်) ပြည်၌ကိုးကွယ်လျက်ရှိသည့် စွယ်တော် မြတ်တစ်ဆူကို မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။ ထို့ကြောင့်စစ်သည်အလုံးအရင်းနှင့် အတူ နန်ချောက်ပြည်၏မြို့တော် တာလီ အထိချီတက်ခဲ့သည်။ နန်ချောက်ဘုရင် ဥတည်ဘွားသည် မြို့တော်တံခါးကို အလုံ ပိတ်၍ အပြင်းအထန်ခုခံသော်လည်း နောက်ဆုံးတွင် အားမတန်၍ မာန်လျှော့ ခဲ့ရသည်။ ဤတွင် အနော်ရထာမင်းကြီးက ''အဆွေတော်တို့ တိုင်းပြည်သို့ လာရောက်ရခြင်းမှာ လောကီစည်းစိမ်ကို အလိုရှိ၍မဟုတ်ပါ။ လောကုတ္တရာ ချမ်းသာဖြစ်တဲ့ စွယ်တော်မြတ်ကိုကိုးကွယ် ဆည်းကပ်ရန် လာရောက်တောင်းခံ ရခြင်းဖြစ်ပါတယ်''ဟုမိန့်ရာ ဘုရင်ဥတည်ဘွားက ''စွယ်တော်မြတ်က ကိန်းဝပ်တော်မူလိုသော် ပင့်တော်မူနိုင်၏'' ဟု ဆိုသည်။