မိုဟာမက် အလီဂျင်နာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၅ -
ဂျင်နာသည် မွတ်စလင်တစ်ဦးဖြစ်သော်လည်း မူလအစတွင် ကြောက်ရွံ့ထိတ်လန့်စရာ ရှိနေသည်ဟု မထင်မြင်ခဲ့ပါ။ သို့သော် အချိန်နှင့်အမျှ အိန္ဒိယရှိ မွတ်စလင်များအနေနှင့် သူတို့ကိုယ်ပိုင်နိုင်ငံ တစ်နိုင်ငံရှိသင့်သည်ဟု ခံစားမိလာခဲ့သည်။ ထို့ကြောင့် ဂျင်နာသည် အိန္ဒိယနိုင်ငံမှ မွတ်စလင်နိုင်ငံ တစ်နိုင်ငံ ခွဲထွက်ရေးအတွက် အပြင်းအထန် ကြိုးစားတော့သည်။ ထိုနိုင်ငံသစ်ကို ပါကစ္စတန်ဟု ခေါ်တွင်ပါလိမ့်မည်။
 
၁၉၇၄-ခုနှစ်တွင် ဗြိတိသျှအစိုးရက ပါကစ္စတန်နိုင်ငံ ထူထောင်ခြင်းကို သဘောတူခဲ့သည်။ ထိုနှစ် သြဂုတ်လတွင် အိန္ဒိယနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရခဲ့သည်။ နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်သည် ပါကစ္စတန်နိုင်ငံ ဖြစ်လာခဲ့သည်။ ဂျင်နာကို ပါကစ္စတန်နိုင်ငံ၏ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ သို့သော် မကွယ်လွန်ခင် တစ်နှစ်သာ တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ယနေ့ထိတိုင် ပြည်သူများက သူ့ကို ချစ်ခင်နေကြဆဲဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံ ထူထောင်ရာတွင် ကူညီစွမ်းဆောင်ခဲ့ခြင်းကြောင့် ဂျင်နာသည် ပါကစ္စတန်နိုင်ငံ၏ ဖခင်အဖြစ် မှတ်ယူခြင်း ခံခဲ့ရပါသည်။ <ref>လင်းတည်ဦး ဘာသာပြန်ဆိုသည်။ သမိုင်းဝင်ထင်ရှား ပုဂ္ဂိုလ်က​ျော်များ၊ ပထမအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၉၊ စာ-၃၀</ref> [[အသုံးပြုသူ:Mayor mt|Mayor mt]] ([[အသုံးပြုသူ ဆွေးနွေးချက်:Mayor mt|ဆွေးနွေး]]) ၁၅:၀၅၊ ၇ နိုဝင်ဘာ ၂၀၁၉ (UTC)
 
==ကိုးကား==