အက္ခရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၅ -
==မြန်မာ အက္ခရာများ==
{{မြန်မာ အက္ခရာများ}}
မြန်မာအက္ခရာသည် ခရစ်တော်မပေါ်မီ ဘီစီ ၅၀၀ ခန့်မှ အေဒီ ၃၀၀ ကျော်အထိ အိန္ဒိယဒေသတွင် ထွန်းကားခဲ့သည့် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံသည်ဟု လက်ခံကြသည်။
မြန်မာ အက္ခရာများသည် အဝိုင်းပုံစံဖြစ်သည်။
 
မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်ကဲ့သို့ပင် ဗျည်းအက္ခရာများ၊ ဗျည်းတွဲသင်္ကေတများ၊ သရအက္ခရာများ၊ သရသင်္ကေတများ၊ နိဂ္ဂဟိတ် (သေးသေးတင်)၊ ဝိသဇ္ဇနီ (ဝစ္စပေါက်) သင်္ကေတများဟူသော ပစ္စည်းအဆောက်အဦများဖြင့် တည်ဆောက်သည့် အရေးအသားစနစ်ဖြစ်သည်။ ဗြာဟ္မီအရေးအသားကို အသုံးပြုသည့် အခြားစကားများနှင့် မြန်မာစကားတို့၏ ခြားနားမှုများကြောင့် ဗျည်းအရေအတွက်၊ သရအရေအတွက်၊ သင်္ကေတအမျိုးအမည်နှင့် အရေအတွက် အနည်းငယ်ကွာခြားမှု ရှိစေကာမူ မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်နှင့် အခြေခံအားဖြင့် တူညီသည်။
 
ဗြာဟ္မီဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များ ခေတ်အဆက်ဆက် ပြောင်းလဲပုံကို ခြေရာခံကြည့်သည့်အခါတွင်လည်း မြန်မာဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များနှင့် ဆက်နွှယ်နေသည်ကို အထင်အရှား တွေ့နိုင်ပေသည်။
 
မြန်မာအက္ခရာများကို ပါဠိနှင့် သက္ကတဘာသာ ရေးသားရာတွင်လည်း အသုံးပြုသည်။ မြန်မာ အက္ခရာများသည် အဝိုင်းပုံစံဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ရှေးအခါက ပေရွက်ပေါ်တွင် စာရေးရာ၌ မျဉ်းဖြောင့်များ ရေးသားရာတွင် ပေရွက်ကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
 
==မွန် အက္ခရာများ==