အက္ခရာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၁ -
ဗြာဟ္မီဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များ ခေတ်အဆက်ဆက် ပြောင်းလဲပုံကို ခြေရာခံကြည့်သည့်အခါတွင်လည်း မြန်မာဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များနှင့် ဆက်နွှယ်နေသည်ကို အထင်အရှား တွေ့နိုင်ပေသည်။
 
မြန်မာအက္ခရာများကို ပါဠိနှင့် သက္ကတဘာသာ ရေးသားရာတွင်လည်း အသုံးပြုသည်။ မြန်မာ အက္ခရာများသည် အဝိုင်းပုံစံဖြစ်သည်။စက်ဝိုင်း ပုံသဏ္ဌာန်ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ရှေးအခါက ပေရွက်ပေါ်တွင် စာရေးရာ၌ မျဉ်းဖြောင့်များ ရေးသားရာတွင် ပေရွက်ကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
 
==မွန် အက္ခရာများ==