နန်းဘုရားကျောင်း: တည်းဖြတ်မှု မူကွဲများ

Image added
အရေးမကြီးNo edit summary
 
စာကြောင်း ၈ -
နန်းဘုရား အပြင်ဘက် မျက်နှာစာအားလုံး ကျောက်ချပ်တို့ဖြင့် စီ၍ ဆောက်လုပ်ထားပြီး အပြင်နံရံ အခြေပတ်လည်တွင် [[ကလသာအိုး]] (ကြာသွတ်အိုး) ပုံခံထားပြီး အထက်တွင် ကြာပန်းကြာနွယ်များအကြား [[မွန်]]အထိမ်းအမှတ် [[ဟင်္သာ]]ရုပ်များကို ပတ်လည်တွင် ထွင်းထုတန်ဆာ ဆင်ထားသည်။ နန်းဘုရား၏ ဇာပြတင်းပေါက်များကို ကျောက်အုတ်များဖြင့် စီထားပြီး ပြတင်းပေါက်ပတ်လည်တွင် ကျောက်ဆစ်ပန်းကြွများ ထွင်းထုထားသည်။ ပြတင်းပေါက်များ၏ အထက်တံကဲ တစ်ဖက်တစ်ချက် စိုင်ဘောင်တွင်[[မကာရ်း]]ပုံ၊ အလယ်ရှိ ငှက်ပျောဖူးတွင် [[ကျက်သရေနတ်သမီး]] (ကျောက်ဂြီ) (Kyauk-Sri) ပုံရှိသည်။ တံကဲအလယ်တွင် ပန်းပြောက်များပါသော ပုဝါစည်းထားသည့် ကလသာအိုးပုံများကို ထွင်းထုထားသည်။ <ref>ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ</ref>
 
နန်းဘုရား၌ အတွင်းဆောင်နှင့် ရှေ့ဆောင် ပါဝင်သည်။ အပေါ်ဆင့်သို့တက်ရန် လှေကားအိမ်မပါ။ အတွင်းဆောင်တွင် မူလက အလယ်တွင် ဆင်းတုရှိသည်။ ဆင်းတုကို ရံ၍ လေးထောင့်တိုင်ကြီး လေးခု အပေါ်မျက်နှာကြက်ကို ထောက်ထားသည်။ တိုင်များတွင် ဗြဟ္မာပုံနှင့် ပန်းပုံစံများကို ဆစ်ထုထားသည်။ အဆောက်အအုံ အပြင်ဘက်တွင် ကျောက်များ အပြည့်စီ၍ ဘီလူးပန်းဆွဲ၊[[ဘီလူးပန်းဆွဲ]]၊ ထောင့်ပန်း၊ တိုင်ဖုံး၊ ကျောက်ဆစ်ပန်းများ ရှိသည်။ အတွင်းဆောင်မှ ကျောက်ပြူတင်းပေါက်များ၏ကျောက်ပြတင်းပေါက်များ၏ အပြင်နံရံ၌ လှပသော ကျောက်ဆစ်လက်ရာများ ပြုလုပ်ထားသည်။ အထွတ်သီခရမှာလည်း ကျောက်ဆစ်များ မွမ်းမံထားသော ကွမ်းထောင်ပုံ ဖြစ်သည်။ ပုဂံဒေသတွင် ဤအမျိုးအစား ဤအဆောက်အအုံ တစ်ခုသာရှိသည်။ <ref>ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်</ref>
== ကိုးကား ==
<references/>