မီတီအိုရာ: တည်းဖြတ်မှု မူကွဲများ

"ဂရိနိုင်ငံအလ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
[[ဂရိနိုင်ငံ]]အလယ်ပိုင်းရှိ [[ကာလမ်ဘာကာမြို့]]အနီးတွင် –ထာဝရဘုရား၏တောင်— အဖြစ် လူသိများသည့် [[အေသို့စ်တောင်]]ပေါ်၌ –မီတီအိုရာ— အမည်ရှိသော အရှေ့ပိုင်း အော်သိုဒေါ့ခ် ခရစ်ယာန်ဘုရားကျောင်းများ တည်ရှိသည်။ ရင်သပ်ရှုမောဘွယ်ကောင်းသည့် ရှေးဗိသုကာလက်ရာများကြောင့် နာမည်ကျော်ကြားသော အဆိုပါ ဘုရားကျောင်းများကို တည်ဆောက်ခဲ့သည့် ခုနှစ်ကိုမူ တိတိကျကျ သိရှိခြင်း မရှိခဲ့ကြသော်လည်း သမိုင်းပညာရှင်များက ၁၄-ရာစုခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။ <ref>မန္တလေးနေ့စဉ်သတင်းစာ၊ ၁၅.၁၁.၂၀၁၉၊ စာ-၂၄ (နောက်ကျောဖုံး)</ref>
 
အဆိုပါဘုရားကျောင်းများသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၃၀၀ကျော်မြင့်သော နေရာရှိ သဘာဝအတိုင်းဖြစ်တည်နေသည့် ကျောက်တောင်များပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး မူလက ဘုရားကျောင်းအရေအတွက် (၂၄)ခုခန့် ရှိခဲ့သော်လည်း ယနေ့အချိန်တွင် (၆)ခုသာကျန်ရှိတော့သည်။ အဆိုပါဘုရားကျောင်းများသည် ပိုင်းနိရို့စ်မြစ်နှင့် ပင်းဒတ်တောင်တန်းအနီးရှိ သိစလီလွင်ပြင်၏ အနောက်မြောက်ဘက်ရှိ ကာလမ်ဘာကာမြို့အနီးတွင် တည်ရှိသည်။ အဆိုပါဘုရားကျောင်းများကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းထားသည်။ မီတီအိုရာ ဆိုသည်မှာ မြင့်မြတ်ခြင်း၊ မြင့်မားခြင်းဟု အဓိပ္ပါယ်ရပြီး စကားလုံးအဓိပ္ပါယ်အရ ဥက္ကာပျံ နှင့် ပတ်သက်သည့်အရာဟု ဆိုသည်။
<ref>မန္တလေးနေ့စဉ်သတင်းစာ၊ ၁၅.၁၁.၂၀၁၉၊ စာ-၂၄ (နောက်ကျောဖုံး)</ref>
==ကိုးကား==