မတ်ဆူအိုဗသျှိုး: တည်းဖြတ်မှု မူကွဲများ

"မတ်ဆူအိုဗသျှို..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
မတ်ဆူအိုဗသျှိုး (Basho) သည် အကျ​ော်ကြားဆုံး ဂျပန်ဟိုက္ကူကဗျာဆရာ ဖြစ်သည်။ မတ်ဆူအိုဗသျှိုးသည် ၁၆၄၄-ခုနှစ်၌ [[ဂျပန်နိုင်ငံ]] [[တိုကျိုမြို့]]အနီး၊ [[ဘူနိုမြို့]]တွင် မွေးဖွားသည်။ ဆင်းရဲသော [[ဆာမူရိုင်း]] (ဂျပန်စစ်သည်တော်) တစ်ယောက်၏ သားသမီး ၇ ယောက်အနက် စတုတ္ထမြောက်သား ဖြစ်သည်။ အသက် (၉)နှစ်အရွယ်တွင် သူသည် မင်းလုလင်တစ်ယောက်ဖြစ်လာပြီး သူ့သခင် စစ်သေနာပတိကြီး၏ သားအကြီးဆုံးနှင့် သူငယ်ချင်းများ ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်မှာ စာသင်ဘက်တွေ ဖြစ်ကာ စာပေအထူးသဖြင့် ကဗျာအပေါ်တွင်ပို၍ စူးစိုက်အားသန်သူများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ဗသျှိုးသည် မင်းဧကရာဇ် စံပျော်တော်မူရာ [[ကျိုတိုမြို့]]မှာ [[တရုတ်စာပေ]]နှင့် [[ဂျပန်စာပေ]]ကို သင်ယူခဲ့သည်။ ၁၆၇၂-ခုနှစ်တွင် သူသည် မြို့တော် အီဒို (ယခု တိုကျို) မြို့သို့ ပြောင်းရွှေ့နေထိုင်သည်။
 
အီဒိုမြို့တွင် သူသည် ကဗျာဆရာအဖြစ် လူသိများလာခဲ့သည်။ မကွယ်လွန်ခင် နောက်ဆုံး ဆယ်နှစ်အတွင်း ဗသျှိုးသည် ဂျပန်နိုင်ငံတစ်ခွင်လုံးကို ခြေကျင်ခရီးရှည်များ တော်တော်ထွက်ဖြစ်ခဲ့သည်။ လမ်းများ အရမ်းဆိုးပြီး ခရီးစဉ်တလ​ျောက် လူဆိုးဓားပြများ သောင်းကျန်းနေ၏။ အလွန်အန္တရာယ်များသောအချိန် ဖြစ်သောကြောင့် သည်လို ခရီးရှည် ထွက်ဖို့ဆိုတာ လုပ်ရိုးလုပ်စဉ်တော့ မဟုတ်၊ အတော်စွန့်စားရသည်။
စာကြောင်း ၇ -
ဟိုက္ကူကဗျာတို့သည် အစဉ်အလာအားဖြင့် သဘာဝလောကကြီးရှိ ပုံရိပ်များကို ဖော်ကျူးကြသည်။ အောက်ဖော်ပြပါ ကဗျာသည် ဗသျှိုး၏ ဟိုက္ကူနမူနာတစ်ပုဒ် ဖြစ်သည်။
 
<blockquote>နွေဦးနံနက်မှာ
နွေဦးနံနက်မှာ
မြူကိုဖောက် လမှိန်မှိန်သာ
ပန်းတစ်ပွင့်မျက်နှာ။</blockquote>
၁၆၉၄-ခုနှစ်တွင် ဗသျှိုး ခရီးတစ်ဖန်ထွက်ပြန်သည်။ သည်တစ်ကြိမ်တွင် ဂျပန်ပြည်တောင်ပိုင်း ဖြစ်သည်။ သို့သော် သူသည် ကျန်းမာရေးချို့ယွင်းလာကာ ဂျပန်ပြည် အလယ်ပိုင်း [[အိုဆာကာမြို့]]၌ ၁၆၉၄-ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး သေဆုံးချိန်တွင် အသက် (၅၀) ရှိပြီဖြစ်သည်။ <ref>ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိ အဘိဓာန် (ဒုတိယတွဲ) မောင်မောင်ထွန်း ပြန်ဆိုပြုစုသည်။ ၂၀၁၅ (ပထမအကြိမ်)၊ စာ-၅၈</ref>
==ကိုးကား==