ပဋိသန္ဓေ တားဆီးခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: ar, be, bo, bs, ca, cs, da, de, el, eo, es, eu, fa, fi, fr, he, hi, hr, hu, id, is, it, ja, ko, lt, mk, ms, nl, nn, no, nrm, pl, pt, ro, ru, scn, sh, simple, sk, sl, sr, sv, sw, ta, th, tl, tr, uk, vi, zh
စာကြောင်း ၇ -
 
==ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ==
ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်း အမျိုးမျိုး ရှိသည်။ ၄င်းတို့ထဲမှ အချို့ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စတင် ကျင့်သုံးခဲ့ကြသော်လည်း အများစုမှာ လွန်ခဲ့သော နှစ် ၈၀ အတွင်းကမှ ရှာဖွေတွေ့ရှိခဲ့သည်။ ပဋိသန္ဓေ တားဆီးသည့် နည်းလမ်းတိုင်းတွင် အကျိုးအပြစ်များ ရှိသည်။
 
=== အကာအကွယ် နည်းလမ်း===
အကာအကွယ်ဆိုသည်မှာ အရာဝတ္ထု နှစ်ခုကြားတွင် တစ်ခုခုဖြင့် ပိတ်ဆို့ထားခြင်းကို ခေါ်သည်။ အကာအကွယ် နည်းလမ်းသည် ယောက်ျားမျိုးဥနှင့် မိန်းမမျိုးဥတို့ကို မပေါင်းစည်းသွားအောင် တားဆီးခြင်းပင်ဖြစ်သည်။ အချို့သော အကာအကွယ် နည်းလမ်းများမှာ [[လိင်ဆက်ဆံခြင်းကြောင့်ရရှိသောကူးစက်ရောဂါ|လိင်မှတဆင့် ကူးစက်တတ်သော ရောဂါ]] များမှလည်း အကာအကွယ် ပေးသည်။
[[File:Condom rolled.jpg|thumb|right|ကွန်ဒုံးကို လိပ်ထားပုံ]]
* [[ကွန်ဒုံး]] – ကွန်ဒုံးသုံးခြင်းသည် ရှေးအကျဆုံးသော အကာအကွယ် နည်းလမ်း ဖြစ်သည်။ ကွန်ဒုံးသည် ပါးလွှာသော ပြွန်တစ်ခု ဖြစ်ပြီး ရာဘာစေးဖြင့် ပြုလုပ်ထားလေ့ ရှိသည်။ ယောက်ျားလေးများသည် ကွန်ဒုံးကို သူတို့၏ [[လိင်တံ]] ပေါ်တွင် စွပ်၍ အသုံးပြုလေ့ ရှိကြသည်။ ထို့ကြောင့် ယောက်ျားတို့၏ သုက်ရည်များကို မိန်းမအင်္ဂါအတွင်းသို့ ဝင်ရောက်မသွားရန် တားဆီးပေးသည်။ ကွန်ဒုံးကို ရာဘာ၊ အက်ဖ်အယ်၊ ဦးထုပ် စသည်ဖြင့်လည်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။
* မိန်းမကွန်ဒုံး - ကွန်ဒုံးကဲ့သို့ပင် ဖြစ်သည်။ သို့သော် ၄င်းသည် မိန်းမမျိုးပွား အင်္ဂါအတွင်းတွင် ဝတ်ဆင်ကြသည်။
 
===ဟိုမုန်းနည်းလမ်း===
===သားအိမ်အတွင်းမှ ကာကွယ်ခြင်း နည်းလမ်း===